Episode - 20

2.1K 138 0
                                    


မနက်ခင်းရဲ့နေရောင်ခြည်လေးသည် ပြတင်းပေါက်ကိုဖြတ်ပီး အခန်းထဲသို့ဝင်ရောက်လာသည်။ တခေတ် လဲ သူ့ရင်ခွင်ထဲမှာအိပ်မောကျနေသော မှူးလေးနိုးမှာစိုးလို့ နုနယ်သော မျက်နှာလေးကို သူ့လက်လေးနဲ့အုပ်မိုးထားပေးလိုက်သည်။ ခဏအကြာ ရင်ခွင်ထဲကကောင်လေးကလူးလိမ့်ကာ နိုးလာလေသည်။

တခေတ် - နိုးပီလား

မှူးမြတ်စံ - အင်း

တခေတ် - မျက်နှာသစ်မယ် ထရောထနိုင်ရဲ့လား

မှူးလေး နည်းနည်းလေးလှုပ်လိုက်သော် တဆစ်ဆစ်နာကျင်လာသောအောက်ပိုင်းကြောင့် မျက်နှာကရူံ့မဲသွားသည်။

မှူးမြတ်စံ - နာတယ် မသာကြီး ညကကြမ်းယမ်းထားပီးတော့

တခေတ် - ကဲ လာ ကိုချီမယ်

တခေတ်လဲ ကလေးဂျီသလိုဂျီနေသော ချစ်သူလေးကိုပွေ့ချီကာရေချိုးခန်းထဲခေါ်သွားလိုက်သည်။ ပီးတော့ ရေချိုးဇလုံထဲမှာချပေးလိုက်သည်။

မှူးမြတ်စံ - သွား အပြင်ထွက် ငါရေချိုးမို့

တခေတ် - ကိုယ်ချိုးပေးမယ်လေ မဟုတ်လဲ ကိုယ်ကအကုန်မြင်ပီးနေပီဘဲဟာ

မှူးမြတ်စံ - ဟာ တခေတ် ထွက်ပါဆို သွား လူဆိုးကောင်

တခေတ်လဲ ဆက်ပီးစနေရင် နူတ်ခမ်းကတတောင်လောက်ဆူထွက်လာမည်ကိုသိနေသဖြင့် ရေချိူးခန်းထဲကထွက်လာလိုက်သည်။

၂ယောက်လုံးရေမိုးချိုးပြင်ဆင်လို့ပီးတဲ့အခါမှာတော့ မနက်စာစားရန်အပြင်ကိုထွက်လာကြသည်။မှူးအိမ့်စံနဲ့ သုခလဲ သူတို့၂ယောက်နဲ့အတူပါလာလေသည်။ ဆိုင်ထဲဝင်သော် ထော့နဲ့ထော့နဲ့ဖြစ်နေသောအကိုဖြစ်သူကိုကြည့်ပီး မှူးအိမ့်စံနဲ့သုခက ပြုံးတုံးတုံးဖြစ်နေကြသည်။ မှူးလေးကလဲ ဟို၂ကောင်ပြုံးစိစိဖြစ်လေ တခေတ်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်လေ တခေတ်မှာလဲ သွား၃၂ချောင်းပေါ်သည်အထိ ဖြီးပြရသည်။ စိတ်ကောက်လို့မဖြစ် စိတ်ကောက်လို့လွယ်လွယ်နဲ့ချော့လို့ရတဲ့ထဲ မှူးလေးဆိုတာမပါခဲ့။

ဆိုင်ရဲ့ထောင့်ကျတဲ့ဝိုင်းမှာ၄ယောက်သားဝင်ထိုင်လိုက်ကြသည်။

My Idol My Love💚💚Where stories live. Discover now