Ep-13(Zawgyi)

474 42 0
                                    

မှူးလေးတယောက် နေ့လည်ကနေခုညရောက်တဲ့အထိ ကြိုးစားပမ်းစားစာတွေကိုကျက်နေလေသည်။ ဘာကြောင့်လဲဆို နက်ဖြန် သူစာမေးပွဲေ​ဖြရတော့မည်လေ။ ဒီနေ့မှမကျက်ရင် မနက်ဖြန်ဝုတ်ဝုတ် ဖြစ်မည်လေ။

ထိုစဉ်

ဒေါက် ~~ဒေါက် ~~ဒေါက် (တံခါးခေါက်သံ )

မှူးမြတ်စံ - ဟုတ် ဝင်ခဲ့ပါ

ဒေါ်သီရိမှူး - သားစာလုပ်နေတာလား

မှူးမြတ်စံ - ဟုတ် မာမား

ဒေါ်သီရိမှူး - ခဏနားလိုက်ပါဉီး သားကိုမာမားပြောစရာရှိလို့

မှူးမြတ်စံ - ဟုတ် မာမား ပြောလေ ဘာပြောမို့လဲ

ဒေါ်သီရိမှူး - သားနဲ့သားခေတ် အကြောင်းကိုမာမားသိပီးပီ

မှူးမြတ်စံ - ဟင် ~~ဟို~~ဟိုလေ မာမားစိတ်ဆိုးသွားပီလား သားကို

ဒေါ်သီရိမှူး - မဆိုးပါဘူးသားရယ် သားရွေးချယ်ထားတဲ့လမ်းဘဲ ပီးတော့တခေတ်နဲ့ဆိုသားကို မာမားစိတ်ချပါတယ်

မှူးမြတ်စံ - ကျေးဇူးတင်ပါတယ် မာမား

ဒေါ်သီရိမှူး - မာမားတခုဘဲပြောမယ် ဘယ်လိုဘဲအခက်အခဲတွေဝေဖန်မှုတွေရှိနေပစေ အားမငယ်နဲ့နော် သားဘေးမှာမာမားတယောက်လုံးရှိတယ်

မှူးမြတ်စံ - ဗြဲ ~~~~~😭😭   (ငိုသံ😁)

ဒေါ်သီရိမှူး - ဟောတော် ဘာလို့ထငိုတာလဲ

မှူးမြတ်စံ - ကျေးဇူးတင်ပါတယ်မာမား ဟင့် အရမ်းပျော်လို့ထငိုတာပါမာမား ဟင့်

ဒေါ်သီရိမှူး - ဟော ဖြစ်ရမယ် ကဲ လာပါဉီး မာမားဆီကို

မှူးမြတ်စံ ချက်ချင်းပင်သူ့မာမားရင်ခွင်ထဲဝင်ကာတင်းကျပ်စွာဖက်ကာတအီအီနဲ့ငိုနေလေသည်။ ဒေါ်သီရိမှူးကလဲ ခေါင်းလေးကိုဖွဖွလေးပွတ်ကာ ကလေးဆိုးကြီးကိုချော့နေလေသည်။

ဒေါ်သီရိမှူး - ကဲကဲ စာဆက်လုပ်တော့ မာမားသွားတော့မယ်နော်

မှူးမြတ်စံ - ဟုတ် မာမား

ဒေါ်သီရိမှူးထွက်သွားသည်နှင့် ဖုန်းကောက်ကိုင်ကာ တခေတ်ဆီကိုဖုန်းခေါ်တော့သည်။

My Idol My Love💚💚Where stories live. Discover now