Ep-3(Zawgyi)

690 59 2
                                    

မှူးအိမ့်စံအောက်ထပ်မှာ သန့်ရှင်းရေးလုပ်ပြီးအိမ်ပေါ်ထပ်က သူမအခန်းဆီသို့တက်လာခဲ့သည်။ သူမအခန်းတံခါးဖွင့်လိုက်သော်အခန်းထဲမှာမိန့်မိန့်ကြီးထိုင်နေသူကသူမအစ်ကိုဖြစ်သူ။

မှူးအိမ့်စံ- အမယ်လေး ကိုကိုရယ် လန့်သွားတာဘဲ ဘာလာလုပ်တာလဲ

မှူးမြတ်စံ- ညီမလေးရေ ဟောဒီ့က ကိုကိုက ညီမလေးကို များကြီးများကြီး ချစ်တယ်ဆိုတာ သိတယ် ဟုတ်

မှူးအိမ့်စံ - နင်ဘာတွေပူစာမို့လဲ မဟုတ်မှလွဲရော ပိုက်ဆံလာချေးတာလား

မှူးမြတ်စံ- Bingo ကိုကို့ညီမလေးကတော်လိုက်တာ ဗေဒင်တောင်ဟောစားလို့ရပီ

မှူးအိမ့်စံ-ကဲ​ ပြော ဘယ်လောက်ယူမှာလဲ

မှူးမြတ်စံ- နှစ်သောင်းထဲပါ ချစ်ညီမလေးရဲ့

မှူးအိမ့်စံ- နင့်မုန့်ဖိုးတွေက ဘယ်ရောက်ကုန်တာလဲ ကိုကို

မှူးမြတ်စံ- OSမှာ ပစ္စည်းတွေ မှာထားမိလို့

မှူးအိမ့်စံ - အေး အဲ့OSကိုဘဲ လုပ်ကျွေးနေလိုက်

မှူးမြတ်စံ- နင်ကလဲ ငါလိုချင်လို့မှာမိတာကို

မှူးအိမ့်စံ- ရော့ နှစ်သောင်း

မှူးအိမ့်စံပေးတဲ့၂သောင်းကိုဆွဲယူပီးအခန်းထဲမှပြေးထွက်သွားသည်။

မှူးအိမ့်စံ - လိုချင်တာရတော့ ငါ့ကိုကျေးဇူးတင်စကားတောင်မပြောသွားဘူး ဘယ်လိုဟာကို အစ်ကိုတော်ထားမိမှန်းကိုမသိဘူး

မှူးအိမ့်စံအခန်းထဲမှ ထွက်လာပြီးသည်နှင့် ဧည့်ခန်းထဲမှာဖုန်းတစ်လုံးနဲ့အလုပ်ရူပ်နေသော် မှူးမြတ်စံ။

မှူးမြတ်စံ- ပိုက်ဆံလဲရပြီဆိုတော့ Fan signပွဲအတွက် Ticketကိုတခါထဲorderတင်လိုက်တော့မယ် အမယ်လေး လွန်းကိုတွေ့ရတော့မယ် ပျော်လိုက်တာ

*******************************

The Moonတဖွဲ့လုံး သူတို့ရဲ့အကခန်းထဲတွင် သူတို့ရဲ့နောက်ဆုံးထွက်ထားသော သီချင်းကိုအကတိုက်နေကြသည်။ သီချင်းတစ်ပုဒ်လုံးကိုကောင်းမွန်ညီညာစွာ စည်းချက်ညီစွာကပြီးနော်

My Idol My Love💚💚Where stories live. Discover now