Ep-17 (Zawgyi)

457 48 0
                                    

ဒီနေ့ ဟာ အကိုနဲ့ချစ်သူဖြစ်ပီး ပထမဆုံး Dateလုပ်တာဖြစ်တဲ့အတွက် သုခ တမနက်လုံး စိတ်လှုပ်ရှားနေသည်။ အကိုကလာခေါ်မယ်ပြောထားတဲ့အတွက် သုခ အဆင်သင့်ပြင်ပီးခြံရှေ့မှာစောင့်နေသည်။ ခဏအကြာ သုခရှေ့ကိုရောက်လာသော်ကားနက်လေး။ကားပေါ်ကနေ ဆင်းလာသော် သုခရဲ့ ချစ်ရသူ။  အရင်လိုဆံပင်တွေကိုလှန်မတင်ဘဲ ခပ်အုပ်အုပ်ထားထားတာကြောင့် အကိုကပိုပီး လူငယ်ဆန်နေသည်။ သုခအကိုရဲ့မျက်နှာကိုအနီးကပ် ငေးနေမိသည်။ အကို့ကို ပိုင်ဆိုင်ခွင့်ရခဲ့တာဟာ အိပ်မက်တခုလိုပင်။

သျှမ်းပိုင် - သွားကြမလား ကိုယ်တို့

လက်ကမ်းပေးလာသော အကိုရဲ့လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်သော် အခါရင်ထဲမှာနွေးထွေးလုံခြုံခြင်းတွေကိုခံစားလိုက်ရသည်။

အကိုကပထမဆုံးအနေနဲ့ ဟိုတခါသူတို့နှစ်ယောက်တူတူသွားခဲ့တဲ့ဘုရားကိုဘဲမောင်းလာလေသည်။

ဘုရားပေါ်ရောက်တော့ အကို့ရဲ့နေ့နာမ်နဲ့ကျွန်တော့်ရဲ့နေ့နာမ်ထောင့်မှာဘုရားရှိခိုး ကြသည်။ ဘုရားရှိခိုးပီးတော့မနက်စာကိုရှမ်းဆိုင်တဆိုင်မှာစားဖြစ်ကြသည်။ စားပီးသောက်ပီး နှစ်ယောက်လုံးကလဲအေးအေးဆေးဆေးနေတတ်တဲ့သူတြွေဖစ်တာကြောင့် နားအေးပါးအေးရှိတဲ့ပန်းခြံမှာသာထိုင်ကာ သူတို့ရှေ့ကရူခင်းတွေကိုခံစားကာ လေကောင်းလေသန့်ကိုရူရိုက်နေမိသည်။ အကိုက သူ့လက်တွေကိုဆုပ်ကိုင်ကာ နွေးထွေးသောအကြည့်များနှင့်ကြည့်လာသဖြင့် သုခလဲပြုံးကာ အကို့ပခုံးပေါ်ကိုခေါင်းမှီကာ မနေ့ကအကြောင်းကိုပြန်ပီးစဉ်းစားလိုက်မိသည်။

အဲ့နေ့က သူနဲ့အကို Spicyစားရင်း အကိုကရုတ်တရက်ကြီးလာနမ်းတော့ သူ့မှာအံ့သြမူနှင့်အတူ ဘာလုပ်လို့လုပ်ရမှန်းမသိ။ ရင်တွေကလဲအဆမတန်ခုန်နေလေသည်။ အကိုကနမ်းပီးပြန်ရှင်းပြဖို့လုပ်နေစဉ်မှာ သူ့ဘက်ကဘဲအရင်စကာ အကို့ကိုပြန်နမ်းခဲ့သည်။ အစကသူဉီးဆောင်ပေမဲ့နောက်ပိုင်းကျ အကိုကပင်သူ့ကိုပြန်လည်ဉီးဆောင်ကာ အနမ်းခရီးကိုအချိန်ကြာမြင့်စွာပင်ရှေ့ဆက်ခဲ့ကြသည်။ သူအသက်ရူကြပ်လာသဖြင့် အကို့ရင်ဘတ်ကိုအသာတွန်းတော့မှ အကိုကသူ့ရဲ့ နူတ်ခမ်းတွေကို အလွတ်ပေးကာ ရင်ခွင်ထဲသို့ဆွဲသွင်းပီး ချစ်တယ်လို့ပြောလေသည်။ သုခမှာ ပျော်လွန်းလို့ထပီးခုန်မိတော့မလို့တောင်ဖြစ်သွားသည်။ ဒါမဲ့လဲ ကိုယ်နဲ့ရီးစားတော်ရမဲ့သူကို တည်ငြိမ်ကြောင်းပြချင်တာကတကြောင်း၊ ရှက်တာကတကြောင်း၊ ရင်ခုန်တာကတကြောင်း ဒီလိုအကြောင်းအမျိုးမျိုးကြောင့် အကို့ရင်ခွင်ထဲမျက်နှာအပ်ကာ "အင်း "ဟုသာဖြေလိုက်လေသည်။ ထိုအခါ အကိုက သူ့မျက်နာလေးကိုပြုံးပီးကြည့်ကာ နဖူးလေးကိုတချက်နမ်းလေသည်။
သူ့မှာ ပျော်လွန်းလို့အိပ်မက်လားတကယ်လားသိချင်လို့ သူ့လက်ကိုတောင်အကိုမသိခင်ဆွဲစိတ်ကြည့်သေးသည်။ အကယ်၍ ဒါဟာအိပ်မက်ဆိုရင်လဲ ဒီအိပ်မက်ကြီးထဲကသူမနိုးချင်တော့ ဆက်လက်ပီးသာအိပ်မက်လေးကိုသိမ်းထားချင်မိသည်။

My Idol My Love💚💚Where stories live. Discover now