Ep-10(Zawgyi)

528 60 0
                                    

မှူးလေးပြုံးဖြီးနေသော မျက်နှာကြီးဖြင့်အိမ်ထဲကို ခုန်ပေါက်ပီး ဝင်လာသည်။ ထိုအခါ ဧည့်ခန်းထဲမှာထိုင်နေသော မာတာမိခင်နဲ့တည့်တည့်တိုးလေသဖြင့် မျက်နှာပိုးသတ်ရသေးသည်။

ဒေါ်သီရိမှူး - သားဘာပျော်စရာကိစ္စရှိလို့လဲ အိမ်ထဲတောင်ခုန်ပေါက်ပီး ဝင်လာတာ

မှူးမြတ်စံ - ဘာမှမဟုတ်ပါဘူး မာမား ဟီးဟီး

ဒေါ်သီရိမှူး - ဒီကိုလာထိုင်ဉီး သားကို မာမားပြောစရာရှိတယ်

မှူးမြတ်စံ - ဟုတ် မာမား

မှူးလေးလဲ သူ့မာမားဘေးတွေဝင်ထိုင်ကာ ဘာပြောလာမလဲဆိုတာကို အာရုံစိုက်နားထောင်နေသည်။

ဒေါ်သီရိမှူး - မာမားညီမ ဒေါ် မာလာမှူးကိုသိတယ်မှတ်လား

မှူးမြတ်စံ - ဒေါ်လေးကိုမသိဘဲနေပါ့မလား မာမားကလဲ သားကအတိတ်မေ့နေတာမှမဟုတ်တာ ပဲခူးသွားရင် ဒေါ်လေးအိမ်က သားအတွက်စားအိမ်သောက်အိမ်ဘဲဟာကို

ဒေါ်သီရိမှူး - ခုနက သားဒေါ်လေးဖုန်းဆက်တယ်

မှူးမြတ်စံ - ဘာတဲ့လဲ မာမား

ဒေါ်သီရိမှူး - သားညီလေး သုခမိုး လေးလေ ၁၀တန်းစာမေးပွဲနီးမှ ကျန်းမာရေးမကောင်းလို့တဲ့ အဲ့တာအခု စာမေးပွဲဝင်မဖြေနိုင်တော့ဘူးတဲ့ကွယ်

မှူးမြတ်စံ - ဟင် ဟုတ်လား ဘာဖြစ်တာလဲ

ဒေါ်သီရိမှူး - နှလုံးကပြန်ဖောက်တာတဲ့ သား ဒေါ်လေးလဲစိတ်ညစ်နေပုံရတယ် အဲ့တာ သဘက်ခါကျ မာမားတို့ပဲခူးသွားပီးအကျိုးအကြောင်းသွားမေးမို့ သားလိုက်ခဲ့မလား

မှူးမြတ်စံ -* တော်သေးတယ် မနက်ဖြန်မဟုတ်လို့*

(စိတ်ထဲကနေပြောရင် *ဒါသုံးပါမယ်နော်😁)

မှူးမြတ်စံ - ဟုတ် လိုက်မယ် မာမား

ဒေါ်သီရိမှူး - သားလဲ Examနီးပီနော် ပိုင်ပီလား စာတွေ

မှူးမြတ်စံ - မာမားကလဲ စာမေးပွဲကခုဖြေရင်တောင် အမှတ်ပြည့်ရမှာ ဟီး

ဒေါ်သီရိမှူး - အမယ်လေး ဟုတ်ပါပီ သွားနားတော့လေ

မှူးမြတ်စံ - ဟုတ် မာမား

My Idol My Love💚💚Where stories live. Discover now