တခေတ် ဖုန်းသုံးနေတုန်းNotiတက်လာသဖြင့်ကြည့်လိုက်သော် အမယ် မှူးလေးက ဆိုင်တဆိုင်မှာ သူစားသောက်နေတဲ့ပုံတွေတင်ထားသည်။ Captionကလဲ "အစားသည်သာဘဝ အစားသည်သာရည်မှန်းချက်"တဲ့လေ။ တိုးတက်ဦးမဲ့အလားအလာတွေနဲ့ကောင်လေးပါလားဟုတွေးမိကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလေသည်။ တခေတ်က ဘယ်သူမှမသိအောင်fake accတခုဖွင့်ပီး မှူးလေးကိုသွားaddထားလေသဖြင့်friဖြစ်ကာဘာတင်တင်publicနဲ့တင်သော မှူးလေးရဲ့Postမှန်သမျှကိုမြင်နေရခြင်းဖြစ်သည်။ နောက်မှဒီကောင်လေးကိုတွေ့သမျှaccလက်မခံဖို့ကိုလဲပြောရမည်။ အခုတော့ အကလေ့ကျင့်ရန်အတွက် အကခန်းထဲသို့သွားရပေဦးမည်။
***********************************
Postတင်ပြီးသည်နှင့် မှာထားသောစားစရာများကိုအပီအပြင်ဆွဲနေသော မှူးလေး။ "ဟိုကောင်မ (၂)ယောက်ကတော့ ငါ့Postကိုမြင်ရင် သူတို့ကိုမခေါ်သွားလို့ ဆွေ့ဆွေ့ခုန်နေဦးမှာ မြင်ယောင်သေးတယ်"ဟုတွေးမိကာ ညင်သာစွာဖြင့် ဝါးဟားဟား လို့အော်ရီနေလေသည်။ စားရင်းသောက်ရင်း ဗိုက်ချောင်အောင် ခဏ fbသုံးနေစဥ် ၀င်လာသောmessageတခု။ ပို့သူကတော့ The Moon fan sign Ticket ရောင်းသောPageမှဖြစ်သည်။ Messageထဲတွင်ရေးထားသည်က
"အစ်ကိုရှင့် Ticketဖိုးကိုနက်ဖြန်ငွေအပြီးလွှဲပေးတာနှင့် Ticketကိုလဲdeliveryနဲ့ပို့ပေးလိုက်ပါ့မယ်ရှင့်"
ဖတ်ရင်းစားဖို့ကိုင်ထားသော ကြက်ကြော်တုံးကြီးပြုတ်ကျသွားလေသည်။
မှူးမြတ်စံ - သွားပြီ သွားပြီ ငါTicketမှာထားတာမေ့ပီး Ticketဖိုးပိုက်ဆံတွေနဲ့မုန့်လာစားနေမိတာဘဲ။ သေလိုက်ပါတော့ ငမှူးရယ်
ကို့နဖူးကိုသာနာနာပိတ်ရိုက်မိလေသည်။ အစားဆိုတာနဲ့ ဘာဘာညာညာမစဥ်းစားဘဲ ငမ်းငမ်းတတ်စားချင်နေတဲ့ ကိုယ့်ကိုကိုသာအပြစ်တင်မိသည်။
မှူးမြတ်စံ- Ticket ဖိုးကိုငါဘယ်လိုပေးရမလဲ ဟင့် ငိုချင်လာပြီ
အတန်ကြာတဲ့အထိ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ဝါ ဉာဏ်ရောင်စုံကိုထုတ်သုံးပီးတဲ့အခါမှာတော့ ထွက်ပေါ်လာသော အဖိုးတန်အကြံတစ်ခု။ ထိုအကြံကိုစဥ်းစားမိပြီး လူယုတ်မာအပြုံးပြုံးလိုက်မိသည်။ ပါးစပ်မှလဲ