Ep-6 (Zawgyi)

597 74 0
                                    

နူတ်ခမ်း၂ခုနီးကပ်လာချိန်မှာတော့..............

"ဒေါက် ဒေါက် ဒေါက်" ( တံခါးခေါက်ခံ )

ထိုအသံကြောင့်မှူးလေးကိုတခေတ် ပွေ့ချီထားရကနေအောက်ပြန်ချပေးလိုက်သည်။ တံခါးခေါက်ပီးအခန်းထဲဝင်လာသူကတော့ မှူးအိမ့်စံ။

မှူးအိမ့်စံ - မေမေက အစ်ကိုတို့နှစ်ယောက်ကို ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့

မှူးမြတ်စံ - အင်း အင်းလာခဲ့မယ်

မှူးအိမ့်စံထွက်သွားတော့မှ

မှူးမြတ်စံ - သွားရအောင် မာမား ခေါ်နေပီ

တခေတ် -ငါ့ကိုစိတ်ဆိုးပြေပီလား

မှူးမြတ်စံ - ထိုင်ဆုတောင်းနေလေ ဒါမဲ့လဲ ငါ့ကိုအရမ်းစိတ်ဆိုးပြေစေချင်ရင်တော့ နည်းလမ်းတစ်ခုရှိတယ်

တခေတ် - ပြောကြည့်လေ

မှူးမြတ်စံ - နက်ဖြန်တနေ့လုံး ငါစားချင်တာဝယ်ကျွေးရမယ် ပီးတော့ ငါသွားချင်တဲ့နေရာမှန်သမျှလဲလိုက်ပို့ရမယ်။ ဘယ်လိုလဲ အဆိုတော်ကြီးအားရဲ့လား

တခေတ် - အဲ့တော့ မင်းပြောချင်တာက ငါနဲ့Dateလုပ်ချင်တယ်ပေါ့

မှူးမြတ်စံ - ဘောကို Dateလား မလုပ်ပေးနိုင်ရင်လဲနေပေါ့

တခေတ် - မလုပ်ပေးနိုင်ဘူးလို့ငါမပြောမိပါဘူး ကိုကို့ကလေးလေးအတွက်ဘဲလုပ်ပေးရမှာပေါ့

မှူးမြတ်စံ - ဘောကို ကလေးလေး

တခေတ် - ဒီဆဲတတ်တဲ့ ပါးစပ်လေးကိုတော့ အပြစ်ပေးရတော့မယ်

ပြောရင်းရှေ့တိုးလာသော တခေတ်ကြောင့် မှူးလေးလန့်ဖြန့်ကာ တခေတ်ရဲ့ခြေထောက်ကိုပိတ်ကန်ပီး အခန်းထဲမှပြေးထွက်သွားလေသည်။ အခန်းထဲမှာသဘောတကျဖြစ်နေသူက အမောင်တခေတ် ပင်။

************************************

ညဘက်ရောက်သော် မှူးလေးတယောက်တခန်းလုံးအမှောင်ချကာ ကုတင်ပေါ်မှာ မိန့်မိန့်ကြီးထိုင်ပီး Lap Topတလုံးနဲ့BLကားကြည့်ပီးတယောက်ထဲတပြုံးပြုံးဖြစ်နေသည်။ ထိုစဉ်လင်းလက်လာသော သူ့ရဲ့ဖုန်းလေး

My Idol My Love💚💚Where stories live. Discover now