Ep-18 (Zwagyi)

482 43 0
                                    


ဒီနေ့မနက် မှူးလေး အိပ်ယာကနေနိုးနိုးချင်း ဖုန်းထဲကိုmessage တစောင်ရောက်လာသည်။ ပို့ထားသူက တခြားသူမဟုတ် မာယာခင်ဖြစ်သည်။ စာထဲတွင် သူနဲ့တွေ့ပီးပြောစရာရှိလို့ ××××ကော်ဖီဆိုင်ကိုလာခဲ့ပါဟူ၍ ရေးထားလေသည်။ မှူးလေးလဲ ရေမိုးချိုး ပြင်ဆင်ပီးသော် သူချိန်းထားတဲ့ကော်ဖီဆိုင်ကိုသွားလိုက်သည်။ ဆိုင်ထဲတွင်လူကသိပ်မရှိ လူရှင်းနေလေသည်။ သူလဲထောင့်ကျသောဝိုင်းတွင်ထိုင်နေကာ coffee တခွက်မှာပီး မာယာခင်အလာကိုစောင့်နေလိုက်သည်။ ခဏအကြာ ဆိုင်ထဲကိုမာယာခင်ဝင်လာသည်။ သူ့ကိုမြင်တော့ မာယာခင်ကသူထိုင်နေတဲ့ဝိုင်းတွင်သူနဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လေသည်။

မှူးမြတ်စံ - အမနဲ့ကျွန်တော်နဲ့က ဘာမြန်းပြောစရာရှိလို့လဲ

မာယာခင် - မင်းနဲ့တခေတ် အကြောင်းကို တို့သိထားပါတယ်

မှူးမြတ်စံ - ဘာကိုပြောချင်တာလဲ ခင်ဗျ

မာယာခင် - မင်းတို့နှစ်ယောက်ကချစ်သူတွေဆိုတာကို မထင်မှတ်ဘဲတို့သိထားတယ်

မှူးမြတ်စံ - သြော်

မာယာခင် ကမှူးလေးရဲ့လက်ကို သူမရဲ့လက်သွယ်သွယ်လေးတွေနဲ့ အုပ်မိုးလိုက်ပီး

မာယာခင် - တခေတ်ကို လွှတ်ပေးပါ မတို့နှစ်ယောက်ကရိုးရိုးDatingထွက်တာမဟုတ်ပါဘူး Dinnerညက တခေတ်နဲ့မနဲ့က........

မာယာခင်က စကားကိုဆက်မပြောဘဲ ကျဆင်းလာသော် မျက်ရည်များကို သုတ်နေလေသည်။

မှူးမြတ်စံ - ကျွန်တော်နားလည်ပါတယ်အမ အဲ့ကိစ္စအတွက်ဆို မပူပါနဲ့ ကျွန်တော် တခေတ်နဲ့လမ်းခွဲပီးပါပီ ကျွန်တော်နှမချင်းကိုယ်ချင်းစာတတ်ပါတယ်

မာယာခင် - အခုလိုနားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

မှူးမြတ်စံ - ကျွန်တော်သွားတော့မယ်နော်

မှူးမြတ်စံနေရာမှထွက်သွားသည်နှင့် မာယာခင်ရဲ့နူတ်ခမ်းတွေကကော့တက်လာကာ ကျဆင်းလာသော်မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုတ်ပလိုက်သည်။

****************************

မှူးလေး မာယာခင်နဲ့တွေ့ပီး super marketတခုထဲဝင်ကာ အိမ်မှာspicyခေါက်ဆွဲစားလုပ်စားဖို့အတွက်  spicyထုပ်တွေနဲ့  ဝက်အူချောင်း ထုပ်တွေဝင်ဝယ်လေသည်။ ရင်ထဲကဒဏ်ရာကိုခဏတာမေ့ဖို့အတွက် အစားအသောက်ကမှူးလေးအတွက်အလိုဆုံးပင်။ ခြင်းထဲမှာလဲ Spicyထုပ်တွေရော ဝက်အူချောင်းတွေရော ရေခဲမုန့်ဘုးတွေရော Snackမျိုးစုံကိုလဲထည့်ထားသေးသည်။ ငွေရှင်းဖို့ကောင်တာဘက်ထွက်လာပီးတော့ အိမ်ကBBQကင်စက်ကြီးကိုမြင်ယောင်လာပီး ကင်စားရန်အတွက် အသားငါးတွေထားတဲ့ဖက်ကိုထွက်လာလိုက်သည်။ ထိုစဉ်သူ့ရှေ့မှာကောင်လေး၂ဉီး မျက်နှာကိုတော့မမြင်ရ သူတို့နှစ်ယောက်ရဲ့နောက်ကျောကိုသာမြင်နေရသည်။ ဒါမဲ့တယောက်ကထောင်ထောင်မောင်းမောင်းကြီးဖြစ်ပီး နောက်တယောက်က သူ့လိုပုပုသေးသေးလေးဖြစ်သည်။ မည်မျှပင်အသဲကွဲနေပါစေ ဒီလိုmomentလေးတွေကမြင်ခဲတာမို့ မှူးလေးလဲ သူတို့နှစ်ယောက်ကိုလိုက်ချောင်းနေလိုက်သည်။ သူတို့နှစ်ယောက်ကလဲ အသားငါးရောင်းတဲ့ဖက်မှာ ဝယ်နေတာမို့ မှူးလေးလဲသူတို့ဘေးနားကိုမသိမသာတိုးကပ်ကာ ကြည့်မိသည်။ ဒါမဲ့မျက်နှာမမြင်ရ ၂ယောက်လုံးကဉီးထုပ်အဝါ coupleတွေဝတ်ထားလေသည်။

My Idol My Love💚💚Where stories live. Discover now