မှူးလေးတယောက် နေ့လည်ကနေခုညရောက်တဲ့အထိ ကြိုးစားပမ်းစားစာတွေကိုကျက်နေလေသည်။ ဘာကြောင့်လဲဆို နက်ဖြန် သူစာမေးပွဲေဖြရတော့မည်လေ။ ဒီနေ့မှမကျက်ရင် မနက်ဖြန်ဝုတ်ဝုတ် ဖြစ်မည်လေ။
ထိုစဥ်
ဒေါက် ~~ဒေါက် ~~ဒေါက် (တံခါးခေါက်သံ )
မှူးမြတ်စံ - ဟုတ် ဝင်ခဲ့ပါ
ဒေါ်သီရိမှူး - သားစာလုပ်နေတာလား
မှူးမြတ်စံ - ဟုတ် မာမား
ဒေါ်သီရိမှူး - ခဏနားလိုက်ပါဦး သားကိုမာမားပြောစရာရှိလို့
မှူးမြတ်စံ - ဟုတ် မာမား ပြောလေ ဘာပြောမို့လဲ
ဒေါ်သီရိမှူး - သားနဲ့သားခေတ် အကြောင်းကိုမာမားသိပီးပီ
မှူးမြတ်စံ - ဟင် ~~ဟို~~ဟိုလေ မာမားစိတ်ဆိုးသွားပီလား သားကို
ဒေါ်သီရိမှူး - မဆိုးပါဘူးသားရယ် သားရွေးချယ်ထားတဲ့လမ်းဘဲ ပီးတော့တခေတ်နဲ့ဆိုသားကို မာမားစိတ်ချပါတယ်
မှူးမြတ်စံ - ကျေးဇူးတင်ပါတယ် မာမား
ဒေါ်သီရိမှူး - မာမားတခုဘဲပြောမယ် ဘယ်လိုဘဲအခက်အခဲတွေဝေဖန်မှုတွေရှိနေပစေ အားမငယ်နဲ့နော် သားဘေးမှာမာမားတယောက်လုံးရှိတယ်
မှူးမြတ်စံ - ဗြဲ ~~~~~😭😭 (ငိုသံ😁)
ဒေါ်သီရိမှူး - ဟောတော် ဘာလို့ထငိုတာလဲ
မှူးမြတ်စံ - ကျေးဇူးတင်ပါတယ်မာမား ဟင့်် အရမ်းပျော်လို့ထငိုတာပါမာမား ဟင့်
ဒေါ်သီရိမှူး - ဟော ဖြစ်ရမယ် ကဲ လာပါဦး မာမားဆီကို
မှူးမြတ်စံ ချက်ချင်းပင်သူ့မာမားရင်ခွင်ထဲဝင်ကာတင်းကျပ်စွာဖက်ကာတအီအီနဲ့ငိုနေလေသည်။ ဒေါ်သီရိမှူးကလဲ ခေါင်းလေးကိုဖွဖွလေးပွတ်ကာ ကလေးဆိုးကြီးကိုချော့နေလေသည်။
ဒေါ်သီရိမှူး - ကဲကဲ စာဆက်လုပ်တော့ မာမားသွားတော့မယ်နော်
မှူးမြတ်စံ - ဟုတ် မာမား
ဒေါ်သီရိမှူးထွက်သွားသည်နှင့် ဖုန်းကောက်ကိုင်ကာ တခေတ်ဆီကိုဖုန်းခေါ်တော့သည်။