At Morning🌞🌞🌞
တခေတ် နိုးနိုးချင်းဘေးမှာနစ်ခြိုက်စွာအိပ်နေသော ချစ်သူလေးကြောင့်ပြုံးမိသည်။ မနက်ခင်းတိုင်း ချစ်သူနဲ့အတူတူနိုးထရမည်ဟုတွေးလိုက်တိုင်း တခေတ်ရင်ထဲမှာကြည်နူးမှုတြွေဖစ်ပေါ်လာသည်။ နောက်ဆုံးတော့ဒီလူသားလေးကသူ့အပိုင်ဖြစ်လာပြီ။ ထို့နောက် နူတ်ခမ်းတထော်ထော်နဲ့အိပ်နေသော အကောင်ပေါက်ကိုရင်ခွင်ထဲထည့်ကာတင်းကျပ်စွာဖက်ထားလိုက်သည်။ ခဏအကြာမှ ရင်ခွင်ထဲကအကောင်ပေါက်က လှုပ်စိလှုပ်စိဖြစ်လာသဖြင့် ဖက်ထားရာကလွှတ်ပေးလိုက်သည်။
တခေတ် - နိုးပီလား ခင်ဗျ
မှူးမြတ်စံ - အင်း နိုးပီ
တခေတ် - ကိုယ် မင်းနဲ့ချစ်သူဖြစ်သွားပီဆိုတာ မယုံနိင်သေးဘူးကွာ
မှူးမြတ်စံ - ဘာကြီး ဘာဖြစ်တယ်
တခေတ် - ချစ်သူတွေလေ အခု မှူးလေးနဲ့ကိုယ်က ချစ်သူတွေလေ
မှူးမြတ်စံ - ဘယ်သူပြောလဲ ချစ်သူတြွေဖစ်ပီလို့
တခေတ် - မှူးလေးကလဲ နောက်နေပြန်ပီကွာ မနေ့ညကကိုယ်မင်းကိုဖွင့်ပြောတယ်လေ နမ်းတောင်နမ်းခဲ့ကြပီး
မှူးမြတ်စံ - နမ်းတိုင်းချစ်သူဖြစ်ကြေးဆို မင်းသား မင်းသမီးတွေလဲ ချစ်သူတြွေဖစ်ကုန်ကြပီပေါ့
တခေတ် - မှူးလေးကလဲ ကိုယ့်ကိုမနောက်နဲ့လေ
မှူးမြတ်စံ - မနောက်ပါဘူး အတည်ပြောနေတာ ငါမင်းကိုချစ်တယ်လို့မပြောမိပါဘူး အဲ့တော့ချစ်သူမဖြစ်သေးဘူး
တခေတ် - မှူးလေး မရဘူးလေကွာ
မှူးမြတ်စံ တယောက် ခေါင်းကိုပေါက်ထွက်အောင်ကုတ်ကာစိတ်ရူပ်ဟန်ပေါက်နေသော တခေတ်ကို လူယုတ်မာအပြုံး ပြုံးပြပီး။
မှူးမြတ်စံ - ငါ့ဆီက အဖြေလိုချင်တယ်မှတ်လား
ထိုအခါ ခေါင်းကိုတရစပ်ညိတ်ပြလာသော တခေတ်။
မှူးမြတ်စံ- အဖြေလိုချင် မင်းငါ့ကိုဘယ်လောက်ထိ သီးခံနိုင်လဲ ငါဆိုးတဲ့ဒဏ်ကိုဘယ်လောက်ခံနိုင်လဲ ငါ့ကိုဘယ်လောက်အလိုလိုက်နိုင်လဲ အဲ့အချက်တွေကြည့်ပီးတော့မှ အဖြေပေးမယ် မကျေနပ်ရင် မချစ်နဲ့ Ok