Ep-16(Zawgyi)

455 44 0
                                    

မှူးလေးတို့အိမ်ရှေ့မှာရပ်လာသော ကားနက်လေးတစ်စီး။ ကားပေါ်မှဆင်းလာသူက တခေတ် ။ သူ ဒီကိစ္စနဲ့ပတ်သတ်ပီး မှူးလေးကိုရှင်းပြရဉီးမည်လေ။ အိမ်ထဲစစဝင်ချင်း ဒေါ်သီရိမှူးနဲ့တွေ့လေသည်။

တခေတ် - အန်တီ မှူးလေးကော

ဒေါ်သီရိမှူး - အပေါ်မှာ သား တနေကုန်အခန်းထဲကမထွက်ဘူး ထမင်းလဲမစားဘုး သွားကြည့်လိုက်ဉီးသား

ကြည့်ရတာ အန်တီကဒီကိစ္စမသိသေးတဲ့ပုံရတာမို့ တခေတ်လဲဘာမှမပြောတော့ဘဲ မှူးလေးအခန်းရှိရာ အပေါ်ကိုသာတက်လာခဲ့သည်။ အခန်းရှေ့ရောက်သော် တံခါးခေါက်ကာ နာမည်အော်ခေါ်လိုက်သော် ပွင့်လာသော တံခါးချပ်လေး။ တခေတ် အခန်းထဲဝင်လာတော့ မှူးလေးကတံခါးပြန်ပိတ်ကာ ကုတင်ပေါ်မှာထိုင်လေသည်။ တခေတ်လဲ မှူးလေးရှေ့မှာ ဒူးတစ်ဖက်ထောက်ကာထိုင်ကာ မှူးလေးလက်တွေကိုစုပ်ကိုင်မိသည်။သူ့ကိုပြုံးပြနေသောမှူးလေးရဲ့မျက်ဝန်းတွေကဖျော့တော့နေပီး ဒီကိစ္စကအမှန်မဟုတ်ဘုးလို့ပြောဆို တာကိုတောင်းဆိုနေသယောင်။

မှူးမြတ်စံ - Datingကိစ္စကိုရှင်းပြမို့လား

တခေတ် - အင်း အဲ့ကိစ္စအမှန်မဟုတ်ဘုးနော် မှူးလေး ကိုယ်အဲ့နေ့ညက မူးနေတာတော့ မှန်တယ် ဒါမဲ့မာယာ့ကိုဘာမှမလုပ်ခဲ့ဘုးဆိုတာ ကိုယ်ယုံတယ်

မှူးမြတ်စံ - အဲ့နေ့ညဆိုတာ Dinnerသွားစားတဲ့ညတုန်းကမှတ်လား

တခေတ် - အင်း ကိုဘယ်လိုဖြစ်သွားလဲမသိဘူး အဲ့ညကဘယ်လောက်မှမသောက်ရသေးဘဲ မူးသွားတာ ပြန်နိုးလာတော့ မာယာနဲ့.........

တခေတ်ဆက်ပြောမဲ့စကားတွေကို တခေတ်နူတ်ခမ်းကိုမှူးလေးကသူ့လက်ညိုးလေးနဲ့လာထောက်သဖြင့် ရပ်တန့်သွားရသည်။

မှူးမြတ်စံ - ငါနားလည်တာမို့ အဲ့လောက်ထိမရှင်းပြနဲ့

တခေတ် - ကိုယ် ဒီကိစ္စကိုရအောင်ရှင်းမှာပါ ကိုယ်မှူးကိုဘယ်နည်းနဲ့မှအဆုံးရူံးမခံဘူးဆိုတာ ယုံပါနော်

မှူးမြတ်စံ - တခေတ် တဖက်ကမိန်းကလေးမျက်နှာကိုလဲထောက်ဉီးလေ

တခေတ် - မှူးလေး ကိုယ်........

မှူးမြတ်စံ - ငါတို့လမ်းခွဲကြရအောင်လား

My Idol My Love💚💚Where stories live. Discover now