Ep-5(Zawgyi)

588 65 0
                                    

နောက်ဆုံးတော့ မှူးလေးစော့်မျှော်နေသည့် Fan Sign ပွဲကျင်းပမည့်နေ့လေးရောက်ရှိလာခဲ့ပြီ။ အရမ်းပျော်လွန်းလို့ထင်သည် မနက်အိပ်ယာထထချင်းပင် ညစ်ပတ်ပေကတူးနေတဲ့ကိုယ့်မျက်နှာလေးကမှန်ကြည့်တော့ ကြည်လင်ရှင်းသန့်ပြီးအရမ်းဘဲချောနေသလိုလို။ မှန်ရှေ့ရပ်ကာ အူအမြူးလွန်ပီး ကိုယ်ကိုတပတ်လှည့်လိုက်သည့်အခါမှာတော့ခြေခေါက်ပီးလဲကျလေတော့သည်။ ရေမိုးချိုးမျက်နှာသစ်ပီးတဲ့အခါမှာတော့ ၀တ်ဖို့အဝတ်အစား ရွေးရပြန်ပီ။ "Fan Sign"ပွဲကိုသွားမှာဆိုတော့ အများကြားမှာထင်ပေါ်နေတာလေး ဝတ်မှ The Moonတဖွဲ့လုံးသတိထားမိမှာ"ဟုတွေးကာ တယောက်ထဲခွီနေပြန်သည်။ နောက်ဆုံးတော့ ဘာဝတ်ရမလဲ အကြံရသွားသော မှူးလေး။

*****************************

Fan sign ကျင်းပမည့် Myanmar Plaza ရှေ့တွင်ရပ်စောင့်နေသော လင်းပြည့်ပြည့်နှင့် ပြည့်စုံသင်း

ပြည့်စုံသင်း- အဲ့ကောင်ကကြာလိုက်တာဟယ် မလာသေးဘူးလား သူများတွေအထဲဝင်ကုန်ပီ

လင်းပြည့်ပြည့်- အေးလေဟယ် ငါတို့ပြောရင်ငါတို့လွန်တယ်ဖြစ်ဉီးမယ် ဖုန်းဆက်ကြည့်ဉီး

ပြည့်စုံသင်း - အေးအေး ငါဆက်လိုက်မယ်

ပြည့်စုံသင်းဖုန်းခေါ်လိုက်တော့ ချက်ချင်းပြန်ဖြေသော မှူးလေး။

ပြည့်စုံသင်း - မှူးလေး နင်လာနေပြီလား

မှူးမြတ်စံ - ရောက်တောင်နေပြီ

ပြည့်စုံသင်း - နင်ဘယ်မှာလဲဟဲ့

မှူးမြတ်စံ - နင်တို့ဘယ်ဘက်ကိုကြည့်လိုက်

ပြည့်စုံသင်းမှလင်းပြည့်ပြည့်ကိုလက်တို့ကာ

ပြည့်စုံသင်း- အပြည့်ရေ ဘယ်ဘက်ကိုကြည့်တဲ့ ရောက်နေပြီတဲ့

လင်းပြည့်ပြည့်- အေးအေး

နှစ်ယောက်လုံးဘယ်ဘက်ကို​ပြိုင်တူကြည့်လိုက်သော် သူတို့ရှိရာသို့​လက်ကြီးပြကာပြေးလာသောမှူးလေး မတိရင်ကိုတွေနဲ့ဆယ်နှစ်လောက်ကြာမြှပန်တွေ့ရသလိုလို။ ပြေးပီးဘဲဖတ်ရတော့မလိုလို။ မှူးလေးအနားရောက်လာသော် ဝတ်လာတဲ့fashionကြောင့် လင်းပြည့်ပြည့်နှင့်ပြည့်စုံသင်းတို့နစ်ယောက်ပြောစရာစကားများမှာ ပျောက်ဆုံးသွားရလေသည်။

My Idol My Love💚💚Where stories live. Discover now