Episode -1

11.9K 296 25
                                    

"ကလင် ကလင် ကလင်"

နိူးစက်နာရီမှ အသံထွက်ပေါ်လာသည်နှင့် အိပ်ယာထက်ရှိစောင်ပေါ်ထဲမှထလာသော မှူးမြတ်စံ။ အိပ်ရေးကလဲမဝသေးသဖြင့် ငုတ်တုတ်ထိုင်လျက်ပင် အိပ်မက်ကမ္ဘာထဲဆက်လက်နစ်မြောလျက်ရှိသည်။ ထိုစဥ်အခန်းထဲသို့၀င်လာသော် ညီမဖြစ်သူ မှူးအိမ့်စံ။

မှူးအိမ့်စံ - ဟဲ့ ကိုကိုရေ ငုတ်တုတ်ကြီးသေမ
နေနဲ့ ထတော့ဟ

မှူးအိမ့်စံရဲ့ ကျယ်လောင်ပြဲလန်နေသော အသံကို မှူးမြတ်စံအတွက်ကသားချော့တေးတပုဒ်နားထောင်နေရသကဲ့သို့ အိပ်မြဲအိပ်ဆဲအိပ်ကောင်းတုန်းပင်ဖြစ်သည်။ ကာလနဂါးပင် အဖေခေါ်ရလောက်အောင် အအိပ်ကြီးသောအကိုဖြစ်သူကို မှူးအိမ့်စံလဲ စိတ်မရှည်စွာဖြင့် နားရင်းတစ်ချက်ပိတ်အုပ်လိုက်မှ "အင်း အဲ"ဟု အသံထွက်လာသည်။

သို့သော် မျက်လုံးကမပွင့်သေး

မှူးအိမ့်စံ - ကိုကိုရေထတော့ဟ ကျောင်းချိန်
နီးနေပီ နင်ပြောတော့ ဒီနေ့Tuto​
ဖြေရမှာဆို

Tutoဆိုသောအသံကြားသည်နှင့် ခပ်မှေးမှေးဖြစ်နေသောမျက်၀န်းတစ်စုံ မှာပြူးကျယ်လာပီး လက်ကျန်အိပ်ချင်စိတ်အကုန်လုံးကလဲ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။

မှူးမြတ်စံ- အဲ ဟုတ်တယ်နောက်ကျနေပီဟ

ဤသို့ဖြင့် မှူးမြတ်စံတစ်ယောက်လုံးထွေးနေသာ စောင်ပုံကြီးကို အကြီးပီသစွာဖြင့် ညီမဖြစ်သူလက်ထဲထည့်ကာ "နင်အိပ်ယာသိမ်းထား" ဟူသောမျက်နှာပေးဖြင့်ကြည့်ပီးရေချိုးခန်းထဲသို့ပြေး၀င်သွားသည်။

**********************************

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားသော Entertainmentတခုဖြစ်တဲ့ Royal Entertainment ၏ဝန်းထဲသို့ ဝင်ရောက်လာသော် ကား၂စီး။

ကားပေါ်မှဆင်းလာသူတွေကတော့ ယနေ့မြန်မာနိုင်ငံ၌လျှမ်းလျှမ်းတောက်အောင်မြင်နေပြီး နူတ်ခမ်းနီမလေးရဲ့အားပေးခြင်းကိုအပြည့်အဝရရှိထားတဲ့လယောကျ်ားလေး၆ယောက်ဖြင့်ဖွဲ့စည်းထားသော The Moonအဖွဲ့။ The Moonအဖွဲ့က Royal Entertainment ရဲ့Top Artistတွေဖြစ်သဖြင့် CEOရဲ့အရေးပေးမှုကိုခံထားရသောအဖွဲ့လဲဖြစ်သည်။ယခုလဲသူတို့ရဲ့မကြာခင်မှာကျင်းပတော့မည့်Fan signပွဲတွင်လိုအပ်တာများတိုင်ပင်ရန်အစည်းအဝေးခေါ်သဖြင့်ရောက်လာရခြင်းဖြစ်သည်။

My Idol My Love💚💚Where stories live. Discover now