Part 10: အရက်နာကျခြင်းဒုက္ခ

1.4K 103 1
                                    

Unicode

"Tharn ခုထိ ပြန်မရောက်သေးဘူးလား?" Type က Tharn အိပ်နေကျ နေရာလွတ်ကို လက်နဲ့စမ်းလိုက်မိရင်း ရေရွတ်လိုက်ပါတယ်။

Type မျက်လုံး ပွင့်လာပါပြီ။ သူမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ Tharn သူ့ဘေးရှိမနေတာ သူတို့ လက်ထပ်ပြီးကတည်းက ဒါပထမဆုံးအကြိမ်ပါပဲ။

ဘေးက ဒစ်ဂျစ်တယ်နာရီကို လှမ်းကြည့်လိုက်မိတော့ 23:48 လို့ ပြနေပါတယ်။

သူ့ရဲ့ဖုန်းကို ရှာလိုက်တယ် ဖုန်းက အားကုန်ပြီး ပိတ်နေပြီ ဒါနဲ့ အားသွင်းဖို့ လုပ်ပါတယ်။

ဗိုက်ဆာလာတာနဲ့ အိပ်ယာကနေ ထလိုက်ပြီး ရေခဲသေတ္တာဆီသွားလိုက်ပါတယ်။ တစ်ခုခုများ စားစရာရှိမလားလို့။ ပြီးတော့ ရေချိုးခန်းဆီသွားပြီး ရေချိုးလိုက်ပါတယ်။

သူ့ဖုန်းပွင့်လာတဲ့အချိန် Line messenger ကနေ စာ ၃ စောင် ဝင်နေတာ တွေ့လိုက်ပါတယ်။ အကုန် Tharn ဆီကပါပဲ။

"ကိုယ်တို့ Par Club ကို ရောက်နေကြတယ်"

"ကိုယ် Club နေရာ ပို့ထားလိုက်မယ် မင်းနိုးရင် လိုက်လာခဲ့နော် Gun ရဲ့ဆိုင်ကယ် အောက်မှာ ရပ်ထားတယ် အဲ့ဒါစီးခဲ့လိုက်"

"Club တည်နေရာပို့လိုက်ပါပြီ"

သူ Tharn ကို ဖုန်းခေါ်ပေမယ့် ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေပါတယ်။

သူ အောက်ထပ်ကို ဆင်းလိုက်တော့ သန်းခေါင်ယံဖြစ်လို့နေပါပြီ။

------

Google Map ကို သုံးပြီး Type တစ်ယောက် ရောက်သွားခဲ့ပါပြီ။

Club ထဲကို ခက်ခက်ခဲခဲ လမ်းလျှောက်တိုးခဲ့ရပါတယ်။ ဆူညံပြီး လူတွေကလဲ များပြားလွန်းလှပါတယ်။ ဒီလို Bar၊ Club၊ Disco party တွေ လာရတာမျိုး သူ တကယ်မကြိုက်ပါဘူး။

သူရောက်နေတဲ့နေရာနဲ့ 7 မီတာ အကွာလောက်က Dancing floor အလယ်မှာ Tharn ကို တွေ့လိုက်ပါပြီ။ ကောင်မလေးတစ်ယောက်နဲ့တွဲလျက်ပါ။ သူ့ကြည့်ရတာ အတော်မူးနေတဲ့ပုံပါပဲ။ Tharn အနားကို သွားဖို့ သူကြိုးစားလိုက်ပါတယ်။ 1 မီတာလောက်အကွာကိုရောက်တော့ ကောင်မလေးက Tharn လက်မောင်းကို သူမပခုံးပေါ်တင်လိုက်ပြီ‌တော့ ကနေတာကို တွေ့လိုက်ပါတယ်။ ပြီးတော့ Tharn ကို ဖက်လိုက်တာကိုလဲ တွေ့လိုက်ရပါတယ်။

The unbreakable two (Unicode+Zawgyi)Where stories live. Discover now