Part 56: လုံးဝန်းနေသော တင်ပါးလေး

1.2K 58 0
                                    

Unicode

*

တနင်္လာနေ့ မနက် ၆ နာရီတိတိ။ Type အရင်ဆုံး နိုးလို့လာပါတယ်။

Tharn ကတော့ အိပ်နေတုန်းပါပဲ။

Type က အိပ်ပျော်နေဆဲ သူ့ခင်ပွန်းကို ကြည့်လိုက်ပါတယ်။ ချောမောနေလိုက်တာများ နတ်သက်ကြွေကျလာတဲ့ နတ်သားလေး ကျနေတာပဲ။ သူ့ခင်ပွန်း အချော‌လေးဘေးမှာနိုးထလာရတဲ့ သူ့ခံစားချက်တွေက တကယ်ပဲကောင်းမွန်လို့နေပါတယ်။

နှစ်ယောက်လုံး အခုထိ သူတို့ခန္ဓာကိုယ်တွေဟာ ဗလာကျင်းလို့နေပါသေးတယ်။ သူတို့ခန္ဓာကိုယ်တွေကို အဖြူရောင်စောင်နဲ့ ဖုံးအုပ်လို့ထားပါတယ်။

Type က Tharn ရဲ့ဆံပင်တွေကို ဖွဖွသပ်တင်လိုက်ပါတယ်။ ပြီးတော့ သူ့နှာခေါင်း၊ နှုတ်ခမ်းနဲ့ မျက်ခုံးတွေကို သူ့လက်ညှိုးလေးနဲ့ အသာလိုက်ထိလို့နေပါတယ်။ သူ့ခင်ပွန်းမျက်နှာကို ထိတွေ့ကစားနေရင်း အိပ်ရာကနိုးအောင် လုပ်နေတာပါ။

Tharn မျက်လုံးတွေ တဖြည်းဖြည်းပွင့်လို့လာပါတယ်။

စကားတစ်ခွန်းမှ မဆိုဘဲ Type က သူ့နှုတ်ခမ်းတွေကို ဖျတ်ခနဲ နမ်းလိုက်ပါတယ်။

"Good Morning အချောလေး" Type က တီးတိုးကပ်ပြောလိုက်ပါတယ်။

"Good Morning Baby" Tharn က ပြန်ပြောလိုက်ပြီးတော့ Type ရဲ့ကုတ်ပိုးကို သူ့မျက်နှာနားကို ဆွဲယူလိုက်ပြီးတော့ နဖူးကို မြတ်မြတ်နိုးနိုးလေး နမ်းလိုက်ပါတယ်။

"ဒီနေ့ ငါတို့ ဘန်ကောက်ကို ပြန်ရမယ်လေ..." Type က ပြောလိုက်ပါတယ်။

"ဒီမှာပဲ ကိုယ်တို့တွေ အမြဲနေသွားလို့မရဘူးလား? ဒီလိုမျိုးလေးလေ?" Tharn က ကလေးဆန်ဆန်မေးလိုက်ပါတယ်။ သူ Type ကို တင်းတင်းကျပ်ကျပ်ဖက်လိုက်ပါတယ်။

Type သူ့ရဲ့ အောက်ပိုင်းတစ်နေရာကို တစ်စုံတစ်ခုက ပြင်းပြင်းထန်ထန်လာထောက်နေတယ်လို့ ခံစားလိုက်ရပါတယ်။

"ဟွန့် ငါတို့ဘယ်ပဲသွားသွား အခုလိုမျိုး နေလို့ရတာပဲကို။ ပြီးတော့ မင်းရဲ့ ဒီငှက်ပျောသီးကလဲနော် နေ့တိုင်း ဒီလိုပဲ အမြဲတက်ကြွနေတာပဲ" Type က Tharn ရဲ့ တက်ကြွနေတဲ့အရာကို ဆုပ်ကိုင်လိုက်ပါတယ်။

The unbreakable two (Unicode+Zawgyi)Tahanan ng mga kuwento. Tumuklas ngayon