Part 82: လမ်းကြောင်း

454 50 5
                                    

Unicode

*

ဧည့်ခန်းက သန့်ရှင်းသပ်ရပ်နေပါတယ်။ Tharn တို့စုံတွဲက Gun အိမ်ရောက်နေတာပါ။

Gun က အခုထိ ဆေးရုံမှာပဲရှိပါသေးတယ်။ သူ့ရဲ့ စိတ်ကျန်းမာရေးဆရာဝန်စကားအရဆို Gun ဆေးရုံမှာ ရက်နည်းနည်းထပ်နေဖို့ လိုအပ်လို့နေပါတယ်။

သန့်ရှင်းရေးအမျိုးသမီးက Tharn နားကို ရောက်လာပြီးတော့ ကွဲနေတဲ့ဖုန်းကို လက်လှမ်းပေးလိုက်ပါတယ်။

"ကျေးဇူးပါ" Tharn က ပြောလိုက်ပါတယ်။ အိမ်သန့်ရှင်းပေးတဲ့အတွက် ကျသင့်ငွေကို ပေးလိုက်ပါတယ်။

"ကျေးဇူးတင်ပါတယ်" အမျိုးသမီးက ပြောရင်းနှုတ်ဆက်လို့ သွားပါတယ်။

"ကျေးဇူးပါဗျ'' Tharn ကလဲ လက်အုပ်ချီရင်းပြောလိုက်ပါတယ်။

Tharn က ဆိုဖာပေါ်ထိုင်ချလိုက်ရင်း Gun ရဲ့ဖုန်းကို စစ်နေလိုက်ပါတယ်။

"Type ကိုယ့်ကို နဲနဲကူညီဦး ဒီဟာတွေ ဘယ်လိုပြန်တပ်ရမှန်းတောင် မသိ‌တော့ဘူး"

Type က အနားကပ်သွားလိုက်ပြီးတော့ သူ့ခင်ပွန်းဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ "ငါ့ကိုပေး"

"သူအသစ်ဝယ်သင့်ပြီလို့ ငါတော့ထင်တာပဲ" Tharn က သူ့ဘေးမှာထိုင်ပြီး Iphone ကို ပြန်လုပ်နေတဲ့ Type ကို ထိုင်ကြည့်နေလိုက်ပါတယ်။

"အားသွင်းကြိုးကဘယ်မှာလဲ?" Type ကမေးလိုက်ပါတယ်။

"အခုနေ အားသွင်းတာ စိတ်ချရပါ့မလား?" Tharn က စိုးရိမ်တကြီးနဲ့မေးလိုက်ပါတယ်။

"ဒါဆို မင်းသွင်းမလား?" Type က ဖုန်းကို သူ့ဆီလှမ်းပေးလိုက်ပါတယ်။

Tharn က ပြုံးလိုက်ပြီးတော့ "ဆိုတော့ မင်းက ကိုယ့်ကို ဓါတ်လိုက်စေချင်တယ်ပေါ့ ဟုတ်လား ဘေဘီ?"

"ရူးနေလား.... မင်းဘေးမှာ ပလက်ပေါက်ရှိလို့ကွ" Type ကပြောလိုက်ပါတယ်။

"တကယ်လို့ ပေါက်ကွဲသွားရင်ဘယ်လိုလုပ်မလဲ?" Tharn တကယ်ကြီး စိတ်ပူနေတာပါ။ "ဒီဖုန်းကို ကြည့်ဦး.... ကောင်းရောကောင်းသေးလို့လားကွာ?"

Type က ဖုန်းကို ယူလိုက်ပြီးတော့ "မင်းက မိန်းကလေးကျနေတာပဲကွာ" သူ တီးတိုးပြောလိုက်ပါတယ် "လူကောင်ကြီးက ကြီးသလောက် သတ္တိကဖြင့် ပဲစေ့လောက်တောင် မရှိဘူး"

The unbreakable two (Unicode+Zawgyi)Where stories live. Discover now