Part 117: နှုတ်ဆက် ညစာ စားပွဲ ပါတီ

385 38 2
                                    

Unicode

*

နှုတ်ဆက်ညစာစားပွဲပါတီ။

ငွေစာရင်းနဲ့ စာရင်းစစ်ဌာနအတွက် Tawan က ဦးဆောင်ပြီးတော့ Type နဲ့ Dos အတွက် လုပ်ပေးတဲ့ပွဲပါ။

တစ်ဌာနလုံးက သူတို့နှစ်ယောက်နဲ့ အတူတူအလုပ်တွဲလုပ်ခဲ့ရတာတွေ အခက်အခဲတွေ အမှတ်တရတွေကို ပြန်ပြောင်းပြောကြရင်း ရိုးရိုးရှင်းရှင်း လုပ်ကြတဲ့ပွဲလေးပါပဲ။ Type က ဒီမှာအလုပ်လုပ်တာ ၃ နှစ် ရှိပြီဖြစ်ပြီး Dos ကတော့ ၂ နှစ် ရှိပါပြီ။

သူတို့အတွက် နှုတ်ဆက်ဂုဏ်ပြုတဲ့အနေနဲ့ ဆုတံဆိပ်တွေ လက်ခံပြီးချိန်မှာတော့ ဝန်ထမ်းအချို့က စင်မြင့်ပေါ်တက်ပြီး သူတို့အတွက် စကားအချို့ပြောကြပါတယ်။

Dos ဆိုရင် သူ့ရဲ့ဟာသဉာဏ်ရယ် တက်တက်ကြွကြွရှိတာတွေ သူရဲ့ ပြက်လုံးတွေ နောက် လုပ်ဖော်ကိုင်ဖက်တွေအပေါ် ရင်းရင်းနှီးနှီးဆက်ဆံတတ်တာတွေကြောင့် လူချစ်လူခင်ပေါပါတယ်။

Type ဆိုရင် အလုပ်လုပ်ရင်တိကျတာတွေ၊ ပြိုင်ဆိုင်လိုစိတ်ရှိတာတွေ၊ ကိစ္စတစ်ခုကို ချဉ်းကပ်တတ်တာတွေ၊ နောက် ထက်မြက်တာ၊ ရုပ်ရည်ချောမောတာရယ် နောက်တော့ အလုပ်ကြိုးစားတဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတဲ့ အချက်တွေကြောင့် နာမည်ကျော်ကြားပါတယ်။

"မင်းကို ချီးကျူးသလို ငါ့ကို ဘာလိုမပြောကြတာလဲ?" Dos က Type အနား ကပ်ပြီး ပြောလိုက်ပါတယ်။

Type လည်း သူ့သူငယ်ချင်းကို တံတောင်နဲ့ အသာတွတ်လိုက်ပါတယ်။ "မင်းကိုချီးကျူးတာတွေအကုန် အကောင်းတွေချည်းပဲ! အထွန့်တက်မနေနဲ့တော့ ဟေ့ကောင်" Type ကလည်း တိုးတိုး ပြန်ပြောလိုက်ပါတယ်။

"ငါ့ကိုချောတယ်လို့ကြ ဘယ်သူမှ မပြောကြဘူး အားလုံးက ငါ့ကိုဆို ရယ်ရတယ် ဆိုတာချည်းပဲ ငါက Joker နဲ့ တူနေလို့လား ဒါမှမဟုတ် လူပြက်လား?"

"အေးပါ ငါ့သူငယ်ချင်းရာ ငါ့အတွက်တော့ မင်းက တစ်ရုံးလုံးမှာ အချောဆုံးပဲ ဟုတ်ပြီလား?"

"မင်းပြောတာ ငါမယုံဘူး"

"ဒါဆိုလည်း ပွတ်တွတ် ပွတ်တွတ်ပြောနေတော ရပ်လိုက်တော့ P Tawan ပြောနေတာကို နားထောင်တော့ အခု"

The unbreakable two (Unicode+Zawgyi)Dove le storie prendono vita. Scoprilo ora