Part 116: အချိန်က ကုစားပေးပါလိမ့်မယ်

304 40 4
                                    

Unicode
*
"Huahin မှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့...... ငါ......." Type က ပြောနေတဲ့ စကားကို ပြီးအောင်တောင် မပြောလိုက်ခင်မှာဘဲ Earth က ဖြတ်ပြောလိုက်လို့ပါ။
"ဖြစ်ပြီးတာတွေ မေ့လိုက်ပါတော့ P Type.... ကျွန်တော်တို့အကုန်လုံး အမှားကိုယ်စီနဲ့ပဲ မဟုတ်လား?"

ကမ်းခြေမှာ ဖြစ်ခဲ့တဲ့ အဲ့ဒီဖြစ်စဉ် အစအဆုံးကို ဖန်တီးခဲ့တဲ့ Dos ကတော့ အားလုံးထဲမှာ အရှက်ဆုံးဖြစ်နေပါတယ်။ သူက အခုတော့ တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။ Type နဲ့ Earth တို့ စကားပြောတာကို နားထောင်သူသက်သက် လုပ်နေပါတယ်။

"Dos....." Earth က Dos ရဲ့ ညာဘက်ပခုံကို ဆွဲလိုက်ရင်းခေါ်လိုက်ပါတယ်။ "မင်း ဒီလိုကြီးငြိမ်နေတာ ငါ မနေတတ်တွေတောင် ဖြစ်လာပြီ။ ဖြစ်ခဲ့တာတွေ အကုန် မေ့လိုက်တော့ ဟုတ်ပြီလား?"
"အေး..... အေးပါ Earth" Dos ကတော့ ရှက်ရွံနေဆဲပါပဲ။
"Miss Weena က အစ်ကိုတို့ ဒီရောက်နေတယ်လို့ ပြောလို့ ကျွန်တော်တို့ အဖွဲ့ကိစ္စပြောရအောင် လိုက်လာခဲ့တာ။ ကျွန်တော် တစ်ယောက်တည်းဆို လုပ်လို့ အဆင်မပြေလို့လေ။ ကျွန်တော် အစ်ကို့ တို့ အကူအညီလိုတယ် P Type, Dos"
"အင်းပါ ငါ လုပ်မှာပါ! ပြီးတော့ Type ကလည်း အဲ့ဒီမှာ လုပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီကွ။ ခုနကပဲ ငါ့ကို အဲ့အကြောင်း ပြောနေတာ" Dos က ပြန်ပြီးတော့ တက်တက်ကြွကြွ ဖြစ်သွားပြန်ပါတယ်။
Type ကတော့ အပြုံးနဲ့ပဲ ခေါင်းညိတ်ပြလိုက်ပါတယ်။
"ကျေးဇူးတင်ပါတယ်ဗျာ"
------------------------------------
Tong နဲ့ Tharn တို့ အတူတူ နေ့လယ်စာ စားနေကြပါတယ်။ မပြေလည်မှုတွေ ပြီးဆုံးပြီးတဲ့နောက် သူတို့နှစ်ယောက်ဟာ အခုတော့ မျက်နှာစုံညီ ထိုင်နေကြပါတယ်။
"P Bob က ငါတို့လေးယောက် ဆုံကြဖို့ရာ စီစဉ်ခိုင်းနေတယ် စကားပြောကြရအောင်တဲ့" Tong က စကားစလိုက်ပါတယ်။
"Tong မင်းလည်း သိသားနဲ့ မင်းတို့လုပ်ခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပြီး ငါ အခုထိ စိတ်တိုနေတုန်းပဲဆိုတာ.... မင်းကို ခွင့်လွှတ်ပေးလိုက်တာပဲ ကံကောင်းတယ်မှတ်.... အခုလောလောဆယ်တော့ ငါ တတ်နိုင်တာအကုန်ပဲ"
"အာ... ငါသိပါတယ်... P Bob ဘာတွေ စီစဉ်နေတယ်ဆိုတာ မင်းကို ပြောပြတာပါ။ မင်းတို့ အိမ်ထိ လိုက်ပြီး လူကိုယ်တိုင် တောင်းပန်ဦးမယ်တဲ့"
"ငါ စိတ်ဆိုးတာထက် Type က ပိုဆိုးနေတယ်လို့ သူ့ကိုပြောလိုက်.... ပြီးတော့ Rome နဲ့ Gun က ငါတို့ အိမ်နီးနားချင်းတွေနော်။ သူတို့အိမ်က ငါတို့နဲ့ မျက်နှာချင်းဆိုင်လေးတင်။ အဲ့အကြံက ကောင်းမယ်လို့ မင်းထင်လား ဟမ်?"
"အဲ့ဒါကြောင့် မင်းကို ငါအခုပြောနေတာပေါ့။ မင်းဆီက အရင် ခွင့်ပြုချက် တောင်းခိုင်းတာ။ မင်းက သူ့ကို အမြဲရှောင်နေတော့ ငါ့ကိုပဲ ဒီစကား ပြောခိုင်းလိုက်တာ"
"အာ..... ဒါဆို အခု ငါတို့နေ့လယ်စာ စားရတဲ့အကြောင်းအရင်းက ဒီစကားပြောဖို့ပေါ့။ ငါထင်တာ မင်းက အရင်ကလို ငါနဲ့အတူတူနေ့လယ်စာ စားရတာကို လွမ်းတယ်လို့လေ"
"မင်းကို အဲ့လိုမျိုးတွေ မတွေးစေချင်ဘူး Tharn.... မင်းက ငါ့အတွက် တစ်ဦးတည်းသော သူငယ်ချင်းပါကွာ။ ငါ့မှာ P Bob ရှိသွားလို့ မင်းကို မခင်တော့ဘူး မလိုအပ်တော့ဘူးလို့ မင်း ဘယ်တော့မှ မထင်ပါနဲ့ကွာ။ မင်းက ငါ့အတွက် ညီအစ်ကိုဆိုလည်း ဟုတ်တာပဲ။ မင်းကိုလွမ်းလို့ လိုအပ်လို့ အခု ငါ ဒီမှာ ရှိနေတာပေါ့" Tong က ပြောရင်းနဲ့ မျက်ရည်တွေလဲ ဝိုင်းလို့ပေါ့။ နောက်တော့ သူ့လက်နဲ့ မျက်ရည်တွေ သုတ်လိုက်ပါတယ်။

The unbreakable two (Unicode+Zawgyi)Kde žijí příběhy. Začni objevovat