Part 66: တိုက်တိုက်ဆိုင်ဆိုင်

651 68 8
                                    

Unicode
*
Tong က သူ့ကားကို စက်နှိုးနေတုန်းမှာပဲ Gun ကားပေါ်ကဆင်းလာတာကိုလဲ မြင်လိုက်ရပါတယ်။
Gun က ဘားထဲကို ဝင်သွားပါတော့တယ်။ Tong က ခဏလောက်တော့ ထပ်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘာလို့ဆို သူခေါင်းတစ်ခုလုံး ဗလာလိုမျိုး ထုံနေလို့ပါပဲ။ အခုဆို Gun နဲ့ Bob တို့ အထဲမှာ ပျော်နေကြမှာကို သူ တွေးနေမိပါတယ်။
"လာပေးတဲ့အတွက် ကျေးဇူးပဲ" Bob က Gun ခွက်ထဲကို ဘီယာငှဲ့ပေးရင်းပြောလိုက်ပါတယ်။
"မင်းပဲ ငါ့ကို လာဖို့ပြောထားတာမလား.... တခြားဘယ်သူ့ကိုလာစေချင်နေသေးလို့လဲ?" Gun က သူ့ခွက်ထဲက ဘီယာကို သောက်လိုက်ပြီးတော့ သူ့ကိုပြုံးရင်းပြောလိုက်ပါတယ်။
"ငါ မင်းရဲ့လုပ်ဖော်ကိုင်ဖက်လိုအဖြစ်မျိုးနဲ့နေပေးနိုင်ပါတယ် ဒါပေမယ့် မင်းနဲ့အတူရှိနေရင်တော့ ပိုပြီးနေရတာ အဆင်ပြေသလိုပဲ" Bob ကပြောလိုက်ပါတယ်။ သူ့ခွက်ထဲကို ဘီယာတွေ ထည့်ရင်းနဲ့ပေါ့။ သူ ဖန်ခွက်ကိုမပြီး ‌သောက်ဖို့ပြင်လိုက်တယ်ဆိုရင်ပဲ Gun က သူ့ခွက်ကိုဆွဲယူသွားပြီး သူ့ဘီယာတွေကိုသောက်ပစ်လိုက်ပါတယ်။
"မင်း မသောက်သင့်သေးဘူးလေ။ အခုထိ ကောင်းကောင်းနေကောင်းသေးတာလဲမဟုတ်ဘဲနဲ့" Gun ကပြောလိုက်ပါတယ်။
"ငါနဲနဲပဲ သောက်မှာပါ" Bob ပြုံးပြောလိုက်ပါတယ်။ Gun က သူ့ကိုစိုးရိမ်ပေးနေတဲ့ ဒီအခြေအနေလေးကို သူသဘောကျလို့နေပါတယ်။
"နဲနဲ? ဒါက နဲနဲလား?" Gun ကမေးလိုက်ပါတယ်။ ဘီယာ ၆ ဘူးတောင် ကုန်နေတာကိုတောင်လေ။
"အာ.. ဒါတွေအကုန် Tong သောက်သွားတာ။ ခုနကထိ သူရှိသေးတယ်။ သူပဲ ငါ့ကို လိုက်ပို့တာ...ငါ့ကားဘီး ပေါက်သွားလို့လေ..... အခုကျောင်းမှာထားပစ်ခဲ့ရတယ်"
"Tong က ဘယ်သူတုန်း?" Gun က လက်ထဲက ခွက်အလွတ်ကို စားပွဲ‌ပေါ်ကိုတင်လိုက်ရင်း မေးလာပါတယ်။
"ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ ပြီးတော့ ငါဆေးရုံတက်နေတုန်းက ငါ့ကို ဂရုစိုက်ပေးတဲ့တစ်ယောက်ပေါ့ ငါ မင်းကိုပြောပြဖူးပါတယ်"
"အာ..... Tharn သူငယ်ချင်း!" Gun ကပြောလိုက်ပါတယ်။
Bob က ခေါင်းညိတ်ပြလိုက်ပါတယ်။
"သူကရော မင်းကိုသောက်ခိုင်းတယ်ပေါ့?"
"သူကတော့ ငါ့ကိုနဲနဲပဲသောက်ဖို့ ပြောပါတယ်..... ငါ တစ်ဘူးပဲသောက်တာပါဆို။ ကျန်တာတွေအကုန် သူသောက်သွားတာတွေချည်းပဲ"
"ငါမင်းအတွက် စိတ်ပူလို့ပါ။ နဲနဲလေးဆိုရင်တောင် မသောက်ပါနဲ့ကွာ ဟုတ်ပြီလား? ဒါတွေငါပဲသောက်လိုက်တော့မယ်... ငါ ဒါတွေသောက်တာကို ထိုင်ပဲကြည့်လိုက်တော့ အိုကေ?"
"ငါအခု သက်သာနေပါပြီဆို.... ဆရာဝန်ကလဲ ငါသောက်လို့ရတယ်လို့ပြောပါတယ်" Bob က အသံတိုးတိုးလေးထွက်အောင် ရယ်ရင်းပြောလိုက်ပါတယ်။
"မရဘူး မသောက်ရသေးပါဘူးဆို... ဒါတွေအကုန် ငါပဲသောက်မယ် နော်?"
"မင်းက ဘာလို့ ရုတ်တရက်ကြီး ငါ့ကိုစိတ်ပူနေရတာလဲ ဟမ်?"
"ငါက မင်းကို စိတ်မပူသင့်ဘူးလား ဒါဆို?"
"ဘီယာလေး နှစ်ခွက်လောက် ဝင်သွားတာနဲ့ပဲ မင်းအသံက အမူးလေသံပေါက်နေပြီကွာ" Bob က ရယ်ရင်းပြောလိုက်ပါတယ်။
"ငါ သောက်ပြီးတဲ့အထိစောင့်..... ပြီးရင် မင်းမြင်ချင်တာ မြင်ရမယ်ပြီးတော့ မင်းလိုချင်တာလဲ ရမှာပေါ့" Gun က သူ့ကို တီးတိုးလေးပြောလိုက်ပါတယ်။ ဘာလို့ဆို ဝိတ်တာက နောက်ထပ် ဘီယာအေးအေး ၆ ပုလင်းကိုင်လို့ ‌ရောက်လာတာကြောင့်ပါပဲ။ ဝိတ်တာက ဘီယာပုလင်းကိုဖောက်ပြီး Bob ခွက်ထဲ ငှဲ့ပေးမလို့လုပ်တော့ Gun က တားလိုက်ပါတယ်။ " ကိုယ်လုပ်လိုက်မယ်.....ရပြီနော် ကျေးဇူးပဲ" သူ ဝိတ်တာလေးကို ပြုံးရင်းပြောလိုက်ပါတယ်။
ဝိတ်တာလဲ ခေါင်းလဲ ညွှတ်လို့ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြီး ထွက်သွားပါတယ်။
"ဒီနေရာကလဲ အထီးကျန်ဆန်လိုက်တာကွာ ဧည့်သည်ကလဲ ဘာလို့ နဲနဲပဲ ရှိရတာလဲ?" Gun က Bob ကို မေးလိုက်ပါတယ်။
"အဲ့တာကြောင့် ငါ ဒီဘားကိုရွေးတာပေါ့။ ဆူလဲမဆူဘူး Silom ထက်တောာင် ပိုပြီးတော့ Romatic ဆန်သေးတယ်"
"Romantic ဆန်တယ် ဟမ်? ငါနဲ့လား?"
"ငါကအခု ဘယ်သူနဲ့ ရှိနေလို့တုန်း?"
"မင်း ဒီကို တခြားကောင်တစ်ယောက်ယောက်နဲ့လာရင်ရော ငါသိမှာကြလို့ပဲ?"
"Gun....ငါက မင်းလို့ ငပွေငရှုပ်ကောင်မှ မဟုတ်တာ ဟုတ်ပြီလား? ပြီးတော့ မင်းနဲ့ဇာတ်လမ်းပြီးကတည်းက နောက်ထပ် အပြင်ကိုမသွားဖြစ်တော့တာ..... ငါဘာသာ သောက်ချင်ရင် တစ်ယောက်တည်း အခန်းမှာသောက်တယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ အပန်းဖြေတယ်"
"ပွေတယ် ရှုပ်တယ်? ဆိုလိုချင်တာက မင်းက ငါနဲ့ မကစားချင်ဘူး မတွဲချင်ဘူးပေါ့? ဒါဆို ငါနဲ့တွေ့ရတာ တွဲရတာ မင်းက မပျော်ဘူးပေါ့ ဟုတ်လား ဟမ်?"
"မင်း ငါ့ကို လာကစားနေတာကိုလဲ ငါမကြိုက်တော့ဘူး... မင်းငါ့ကို ကတိပေးခဲ့တယ်မဟုတ်ဘူးလား။ မင်း Rome နဲ့ကစားလို့ရတယ် ဒါမယ့် ငါ့ကိုတော့ လာမလုပ်လေနဲ့။ မင်း အဲ့လိုပြောခဲ့ဖူးတယ်မဟုတ်ဘူးလား?" Bob က Gun ကို မျက်နှာချင်းဆိုင်လို့ကို မေးပါတော့တယ်။ Gun ရဲ့ ပြီတီတီမျက်နှာထားကနေ ခပ်တည်တည်ကြီးဖြစ်သွားတဲ့ အပြောင်းအလဲတွေကို သူတွေ့လိုက်ပါတယ်။
"ကစားတယ်? ငါပြောတဲ့ မင်းနဲ့ ကစားတယ်ဆိုနဲ့ မင်းကိုပွေ့ဖက်တာမျိုး၊ နမ်းတာမျိုး၊စနောက်တာမျိုး ပြီးတော့ မင်းနဲ့အတူရှိတာမျိုးကို ပြောတာပါ....." Gun နူးနူးညံ့ညံ့နဲ့ တိုးဖျော့စွာ ပြောလိုက်ပါတယ်။
"မင်းပိုင်တဲ့အရုပ်လို ကစားနေတာ ငါဆိုလိုချင်တာ အဲ့လိုမျိုး" Bob ကြည့်ရတာ ခပ်ထွေထွေဖြစ်နေပုံရပါတယ်။
Gun က ဘီယာကိုကောက်မော့လိုက်ပြီး သူ့ကိုစိုက်ကြည့်နေတဲ့ Bob ကို ပြန်ကြည့်လိုက်ပါတယ်။
"မင်းကြည့်ရတာ အရမ်း Serious ဖြစ်နေသလိုပဲ။ ငါအခုမင်းနဲ့ဒီမှာ အခုအတူရှိနေပြီပဲလေ အဲလိုအကြောင်းတွေမပြောပါနဲ့တော့ ဟုတ်ပြီလား?" Gun ကြည့်ရတာလဲ စိတ်တိုနေပုံပါပဲ။
"ငါအခုထိ မင်းလက်ထဲက အရုပ်ဖြစ်နေတုန်းပဲမလား?" Bob က ထပ်ပြီး Gun ကို စွပ်စွဲလိုက်ပြန်ပါတယ်။
"Psssssh......" Gun က သူ့လက်ညှိုးနဲ့ Bob နှုတ်ခမ်းကို ဖိကပ်လိုက်ပါတယ်။ "ငါမင်းကို မချစ်ဘူးဆို ဒီကိုလာနေစရာအကြောင်း‌တောင်မရှိဘူး.... မင်းက ငါ့လက်ထဲက အရုပ်မဟုတ်ပါဘူးကွာ... ငါမင်းကို ချစ်တယ် Bob"
Bob တစ်ယောက် Gun နှုတ်ထွက်စကားတွေ ကြားလိုက်ရတဲ့အခါ ပါးတွေ နီရဲလို့ ရှက်သွားပါတော့တယ်။
"မင်း ငါ့အနားမှာ ဘယ်တော့မှာ အတိအလင်း တရားဝင်နေမှာလဲဟင်?" Bob က ပြောလိုက်ပါတယ်။ သူ့ပုံစံက အသနားခံနေတာနဲ့တောင် တူနေပါသေးတယ်။
"ငါ့ကို အချိန်ထပ်ပေးပါဦး... Rome ကို ထားခဲ့ဖို့က ထင်သ‌လောက် မလွယ်ဘူး"
"မင်း Rome ကို မထားခဲ့နိုင်ဘူးဆို ငါနဲ့ နောက်ထပ် လာမတွေ့နဲ‌့တော့။ အကုန်လုံး ရှုပ်ထွေးအောင်လုပ်နေတာ မင်းပဲ။ ငါမင်းကို မေ့ထားနိုင်ခဲ့ပြီလို့ ထင်နေတာ။ ငါ့ဘဝထဲကို မင်း နောက်တစ်ခေါက်ရောက်လာပြီး လူလုံးမပြခင်အထိပေါ့။ ငါ့ကို စိတ်ဒုက္ခတွေရောက်အောင်လဲ လုပ်ခဲ့သေးတယ်"
(Gun နဲ့ Bob က Pattaya မှာလုပ်တဲ့ ဌာန စာတမ်းဖတ်ပွဲမှာ ပြန်ဆုံခဲ့ကြတာပါ)
Gun က ဘားထဲကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီး ဘယ်သူမှ သူတို့ကိုကြည့်မနေတာသေချာအောင်လို့ပါ။ သူ Bob ရဲ့ လည်ပင်းကို အသာဆွဲယူလိုက်ပြီးတော့ နှုတ်ခမ်းတွေကို ကြောက်စရာကောင်းလောက်အောင်ကို ခပ်ကြမ်းကြမ်းနမ်းလိုက်ပါတယ်။
Bob က Gun အပြုအမူကိုလန့်သွားပြီးတော့ Gun ရင်ဘတ်ကို တွန်းလိုက်ပြီး "ဒီမှာတော့ မလုပ်နဲ့ Gun! "
"ငါ မင်းကိုချစ်တယ် Bob ဘယ်သူတွေ ဘာပြောပြော ငါဂရုမစိုက်ဘူး"
Bob တစ်ယောက် ကျေနပ်လို့သွားပါတယ်။ Gun နဲ့ နှုတ်ခမ်နဲ့ ၅ စက္ကန့်လေးထိလိုက်ရတဲ့အခိုက်အတန့်လေးကို သူ့မှာ ကျေနပ်ပြီး ပျော်မဆုံးနိုင်ဖြစ်လို့နေပါတယ်။
"ဘီယာလေး နဲနဲဝင်သွားတာနဲ့ပဲ ဒီနေရာကို မင်းပိုင်တဲ့နေရာလို့ ထင်နေတားလား" Bob က ခပ်ရှက်ရှက်နဲ့ ရေရွတ်လိုက်ပါတယ်။
"မင်းပဲ ငါ့ကို ဒီလိုလုပ်အောင် လုပ်တာမဟုတ်ဘူးလား" Gun က သူ့ကို စနေပါတော့တယ်။
"ခနလောက် ငါ အိမ်သာသွားလိုက်ဦးမယ်" Bob ထရပ်လိုက်ပြီးတော့ အိမ်သာရှိရာကို ထွက်သွားပါတယ်။
Gun က တော့ ထွက်သွားတဲ့ Bob ကျောပြင်ကို ကြည့်ရင်း ပြုံးနေပါတော့တယ်။
---------------------------
Rome က တက်ဆီပေါ်မှာပါ။ သူဦးတည်နေတာက ဘားဆီကို။ သူအမျိုးသားရေချိုးနေတုန်း Bob ပို့လာတဲ့ Line message ကို သူခိုးဖတ်ထားတာမို့ အခုဘယ်မှာရှိမယ်ဆိုတာ သူသိလို့နေပါတယ်။
နာရီနဲနဲလောက်ကြာတော့ သူအိပ်ချင်ယောင်ဆောင်ပြီးတော့ သူအမျိုးသားအပြင်သွားမယ့်အချိန်ကို စောင့်နေပါတော့တယ်။
Gun က သွားခါနီး သူ့နဖူးကို အနမ်းလေးတောင် ပေးသွားပါသေးတယ်။ တံခါးပိတ်သံလဲကြားရော သူ့မျက်ရည်တွေက ထိန်းမထားနိုင်လောက်အောင် စီးကျလို့လာပါတော့တယ်။ သူရေချိုးခန်းထဲမှာ ရေချိုးရင်း အကျယ်ကြီးကို အော်ငိုပစ်လိုက်ပါတော့တယ်။
သနားစရာ Rome လေး။
Type,Tharn, Earth နဲ့ Dos တို့ ဘားထဲကို ဝင်လာကြပါတယ်။
Otsu Bar ကိုပါ။ ဘယ်လောက်တောင် တိုက်ဆိုင်မှုကြီးလဲ!!!
သူတို့အဖွဲ့က Bob နဲ့ Gun အတူရှိနေတဲ့ဘားကို ရောက်နေတယ်ဆိုတာ နဲနဲ‌လေးတောင် သတိမထားမိကြပါဘူး
Tong ကလဲ အခုထိ ဘားအပြင်က သူ့ကားပေါ်မှာ ရှိနေတုန်းပါပဲ။ သူလဲပဲ ဟိုအဖွဲ့ ဘားထဲဝင်လာတာကို မမြင်လိုက်ပါဘူး ဘာလို့ဆို သူ့မှာ မနာလို ပူလောင်နေရတာနဲ့ အလုပ်ရှုပ်နေလို့ပါပဲ။
သူတို့အဖွဲ့မရောက်ခင် Bob သွားတဲ့ အိမ်သာဆီကို Gun လဲ လိုက်လို့သွားပါတယ်။ Bob ကိုရှာဖို့ သူတို့စားပွဲကနေ အရင်ထသွားတာကြောင့် သူလဲပဲ ဟိုအဖွဲ့ကို မမြင်ပါဘူး။
"Otsu Bar က ကြိုဆိုပါတယ် ခင်ဗျာ ဘာများ မှာကြမလဲ?" ဝိတ်တာလေးက သူတို့အဖွဲ့ကို မေးလိုက်ပါတယ်။
"ငါနဲ့ Tharn အတွက်က ဘီယာပဲ" Type က အပြုံးနဲ့ မှာလိုက်ပါတယ်။
"ငါတို့ကျရော?" Dos က Type ကို မျက်မှောင်ကြုတ်ရင်း မေးလိုက်ပါတယ်။ "ငါတို့ဒီမှာ ထိုင်နေတယ်ဆိုတာရော မင်းသတိထားမိရဲ့လား ဟမ်?"
Earth ကတော့ ထုံးစံအတိုင်း ဆူညံဆူညံလုပ်နေတဲ့ Dos ကို ရယ်နေပါတော့တယ်။ "ဝီစကီပေးပါ" Earth ပြောလိုက်ပါတယ်။
"ဒီတော့ ဘယ်သူမှ ငါ့ကို အရေးမလုပ်ဘူးပေါ့ ဟမ်?" Dos က ဒရမ်မာတွေ တစ်ယောက်တည်းခင်းနေပါတယ်။
"ရော့ ဒီမှာ မီနူး" Tharn က Dos ကို စလိုက်ပါတယ်။ "မင်း ဖရဲသီးဖျော်ရည်ကြိုက်တယ်မလား?"
သူတို့ သုံးယောက်သား ရယ်လိုက်ကြပါတယ်။ Dos ကို စရတာကို သူတို့ အတော် သဘောကျနေတဲ့ပုံပါပဲ။
"ငါ ပြန်လိုက်မှာနော်" Dos က ဘားတံခါးဝဆီကို လျှောက်သွားပေမယ့်လဲ ဘယ်သူမှ သူ့ကို ကြည့်မနေကြပါဘူး။ ဒါနဲ့ပဲ သူလဲ "ဟေ့ကောင်တွေ ငါအခု အိမ်ပြန်တော့မှာနော် ချက်ချင်း" အော်လိုက်ပါတယ်။
ကျန်တဲ့သုံးယောက်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မရယ်မိအောင် ထိန်းထားနေကြပါတယ်။
"ငါ့စိတ်ပြောင်းသွားပြီ" Dos နောက်ဆုံးတော့ ထိုင်ခုံမှာ လာထိုင်ပါပြီ။ "ငါ Mojito သောက်မယ်"
ဒါနဲ့ပဲ ကျန်တဲ့သုံးယောက်လဲ ခွက်ထိုးခွက်လန်ရယ်ကြပါတော့တယ်။
*********************************
‌ဆောရီး...... ပစ်ထားတာ အရမ်းကြာသွားတယ်နော် ဟီး ရုံးရယ် အခုသင်တန်းပါတက်နေတော့ လုံးဝကို မအားမလပ်ဖြစ်နေလို့ပါ။ ပိတ်ရက်တွေမှာတော့ မှန်အောင် တင်ပေးပါ့မယ်လို့။ ပစ်ထားပေမယ့်လဲ ဂရုတစိုက်ဖတ်ပေးကြတဲ့အပြင် RL တွေထဲပါ ထည့်ပေးကြတဲ့အတွက် အများကြီးချစ်ပါတယ်နော်။ များများလဲ ညွှန်းပေးကြပါဦး ကိုယ့်ရဲ့ မပြည့်စုံမှုတွေကိုလဲ ဝေဖန်ပေးကြပါဦးနော်။ တင်ချင်ဇောအားကြီးလို့ ဖတ်ဖတ်ပြန်ပြန်လုပ်လိုက်မိပါတယ် အမှားပါရင်လဲ ပြောပါနော်။ ဒီနေ့တော့ တစ်ပိုင်းအရင်ဖတ်ထားပေးနော် Love ya~

The unbreakable two (Unicode+Zawgyi)Where stories live. Discover now