Part 80: ဘဝကို Re-start လုပ်ခြင်း

431 49 5
                                    

Unicode

*

Rome ငှားထားတဲ့အခန်းကနေ ဘယ်မှမထွက်ဘဲ သော့ပိတ်ပြီးနေတာ ၃ ရက်လောက် ရှိနေပါပြီ။ ရေဆာတဲ့အခါ ဒါမှမဟုတ် ဗိုက်ဆာတဲ့အခါမှသာ အိပ်ရာက ထတာပါ။ တစ်ခါတလေ Ton တံခါးခေါက်သံကြားတဲ့အခါမျိုးမှာ ထဖွင့်တာမျိုးပေါ့။ Ton ကလဲ သူ့အတွက် မနက်စာလာပို့တဲ့အခါမျိုးမှာ တံခါးမဖွင့်မချင်း ပေတေပြီး ရပ်နေလေ့ရှိတယ်။ တကယ်ကတော့ နောက်ကျနေတဲ့ မနက်စာပါ။

အဲ့ဒီ ၃ ရက်အတွင်းမှာ Ton က Rome ရဲ့ ဝမ်းနည်းမှုတွေကို သတိထားမိလို့နေပါတယ်။ သူ့အတွက် စားဖို့ လှည်းလေးနဲ့ ပြင်ပြီး လာပို့တဲ့အခါတိုင်း သူယူလာတာရဲ့တစ်ဝက်လောက်ကိုပဲ Rome က စားပါတယ်။ သူအခန်းထဲကို ဝင်လိုက်တဲ့အခါတိုင်းလဲ Rome က အိပ်ရာပေါ်မှာ လှဲနေတာချည်းပါပဲ။

အဲ့ဒါကြောင့် Rome က သဲသောင်ပြင်ဘက်ကို ဒုတိယအကြိမ်သွားတာကို Ton မြင်လိုက်တော့ အတိုင်းမသိဝမ်းသာသွားတာပါ။ ပထမတစ်ကြိမ်ကတော့ သူ ဧည့်ကြိုအဝင်ဝကနေပဲ တိတ်တိတ်လေး လှမ်းကြည့်လိုက်ရတာပါ။ Rome တစ်‌ယောက် ဖုန်းကိုကြည့်ရင်းနဲ့ မျက်ရည်တွေတွေ ကျနေမှန်း Ton သေချာပေါက် သိလို့နေပါတယ်။ အဝေးကြီးကနေပြီးတော့တောင် Rome ဘယ်လောက်တောင် အထီးကျန်ဝမ်းနည်းနေမှန်း သူ ခံစားလို့ရနေခဲ့ပါတယ်။

ညနေ 5 နာရီ 45 မိနစ်မှာ Rome က နေဝင်တာကို ထိုင်ငေးလို့နေပါတယ်။ Ton ကလဲ သူ့ကို ကြည့်ရင်း ပြုံးနေမိပါတယ်။ အရင်ကထက်စာရင် Rome ကြည့်ရတာ အဆင်ပြေလို့လာပါပြီ။ သူ့ကိုယ်သူလဲ နေလို့ထိုင်လို့ အဆင်ပြေလာသလို အပြာလွင်လွင်အင်္ကျီပွပွနဲ့ ဘောင်းဘီတိုတိုကလဲ သူ့ကို ကြည့်လို့ပိုကောင်းအောင် ဖန်တီးပေးနေသလိုပါပဲ။ ဖိနပ်ပါးလေးကို လက်မှာကိုင်ရင် သဲပြင်ပေါ်မှာ ခြေဗလာနဲ့လမ်းလျှောက်နေတာပါ။

"Ton....." သူ့ရဲ့ ဆရာကတော် ခေါ်တာကို သူကြားလိုက်ပါတယ်။

"ဟုတ်ကဲ့ P Nui?" သူကျောပိုးအိတ်ကို လွယ်ရင်း ထူးလိုက်ပါတယ်။

"မင်း မပြန်ခင်လေး ဒီသော့ကို လုံခြုံရေးဦးလေးကြီးဆီ ပေးခဲ့ပေးပါလား" Nui က လုံခြုံရေးတွေထိုင်နေတဲ့နားကို ကြည့်ရင်း ပြောလိုက်ပါတယ်။

The unbreakable two (Unicode+Zawgyi)Tahanan ng mga kuwento. Tumuklas ngayon