Part 30: Tee, စက်လှေမောင်းသူ

882 67 6
                                    

Unicode

Type ကျွန်းအောက်ဘက်ကိုဆင်းသွားလိုက်ပါတယ်။ သူတို့ ကျွန်းမကြီးဆီပြန်ဖို့ အကူအညီတစ်စုံတရာ ရလိုရငြား ‌လျှောက်ရှာနေတာပါ။ ဘာမှကိုမတွေ့တာပါ။ သူခိုးတွေက တအားလည်ပါတယ်။ ဘာမှကိုအစအန ချန်မသွားခဲ့တာပါ။

သူ အကူအညီရလိုရငြား အော်ဟစ်ကြည့်ပါသေးတယ် "ကူညီကြပါ ကူညီကြပါဦး"

သူ့အသံကိုဘယ်သူမှ မကြားပါဘူး။ ကူကယ်ရာမဲ့စွာနဲ့ သဲသောင်ပြင်ပေါ်မှာ ထိုင်ချလိုက်ပါတယ်။ ဒီလို လူသူမရှိတဲ့ကျွန်းကိုလာမိတဲ့အတွက် နောင်တရနေပါတယ်။

သူ ဟိုဟိုဒီဒီကြည့်လိုက်ပြီးတော့ ဒဏ်ရာရနေတဲ့ အိမ်နီးချင်းကို သတိရမိသွားပါတယ်။ အဲ့ဒါနဲ့ပဲ ဆေးဖက်ဝင်အပင်တွေ လိုက်ရှာပြန်ပါတော့တယ်။

ခဏလောက်နေတော့ အရွက်တချို့နဲ့ပြန်ရောက်လာပါတော့တယ်။ နေလောင်တာကြောင့် သူ့အသားတွေက နီရဲပြီး မဲသလိုတောင်ဖြစ်နေပါပြီ။

"Rome ဒီမှာ ငါ မင်းဒဏ်ရာကို ပြန်စည်းပေးမယ်" Type ကပြောရင်းနဲ့ ဒဏ်ရာရထားတဲ့ခြေထောက်ကို ကြည့်ပေးနေပါတယ်။

Rome လှဲနေရာကနေ ထထိုင်လိုက်ပါတယ်။ သူ့ခြေထောက်က ထုံနေပါတယ်။

"ငါတကယ်တောင်းပန်ပါတယ် Type ရယ် ငါတော့ အရှုပ်တွေထဲ မင်းကိုဆွဲသွင်းမိပြီ" သူ Type ရဲ့မျက်နှာချောချောလေးကို ကြည့်ရင်းပြောလိုက်ပါတယ်။ Tharn က Type ကို ပိုင်ဆိုင်ရတာ ဘယ်လောက်တောင်ကံကောင်းလိုက်သလဲလို့ တွေးနေမိပါတယ်။ Type က အဖြူထည်လေးလိုဘဲ ဒါပေမယ့် တစ်ဖက်သားကို တအားဂရုစိုက်တတ်လွန်းပါတယ်။

"ဒါက မတော်တဆဖြစ်တာပဲကို တောင်းပန်စရာမလိုပါဘူး" Type ကသူ့လက်ခုံတွေနဲ့ သူ့နဖူးကို သူသုတ်နေပါတယ်။ သူချွေးတွေတအားထွက်နေတာပဲ။

Rome ရဲ့ စည်းထားတဲ့ဒဏ်ရာကအဝတ်တွေကို Type ဖယ်လိုက်ပါတယ်။ သူအရွက်တွေကို စုခြေပြီး ဒဏ်ရာပေါ် အရည်ညစ်ချလိုက်ပါတယ်။ ဒဏ်ရာက သွေးတော့တိတ်သွားပေမယ့် သေချာကုဖို့အတွက် ဆေးရုံသွားဖို့တော့ လိုနေပါသေးတယ်။

"ငါ Tharn ကို စိတ်ပူနေတာ။ သူတော့ မင်းကို အခုလောက်ဆို လိုက်ရှာနေတော့မှာပဲ Type ရာ ငါတကယ်တောင်းပန်ပါတယ်" Rome လေးလေးနက်နက်နဲ့ကို တောင်းပန်နေပါတယ်။

The unbreakable two (Unicode+Zawgyi)Where stories live. Discover now