Part 92: သူငယ်ချင်းဆိုတာ အဲ့တာပဲ

341 43 7
                                    

Unicode
*
"Tong က ကိုယ့်ကားဘီးကို ဖောက်သွားတာ" Tharn က Type ကို ပြောပြလိုက်ပါတယ်။ သူတို့နှစ်ယောက် အခုတော့ ခုတင်ပေါ်မှာ လှဲလို့အနားယူနေကြတာပါ။
"ဘာ!!!!!!!" Type ထထိုင်လိုက်ပါတယ်။ သူကြားလိုက်ရတာကြီးကို မယုံနိုင်အောင် ဖြစ်နေပါတယ်။
Tharn လဲ ထလိုက်ပြီးတော့ အံဆွဲထဲကနေ တစ်ခုခု ထုတ်လိုက်ပါတယ်။ မှတ်စုစာရွက်တိုလေး.... အဲ့စာရွက်လေးကို Type လက်ထဲ ပေးလိုက်ပါတယ်။
စာရွက်ထဲမှာရေးထားတာက.... "Tharn.... ငါဘာလို့ ဒီလိုလုပ်ရတာဆိုတာ မင်း နားလည်လိမ့်မယ်လို့ ငါ သိတယ်။ ပြီးတော့ မင်းဖုန်း အားသွင်းကြိုးကိုလဲ ငါယူသွားတယ် ...... မင်း ကားဘီးလဲ ငါပဲ ဖောက်ခဲ့လိုက်တယ်။ သိတယ်မလား ဘာကြောင့်လဲဆိုတာ။ မနက်ဖြန်ကျရင် ငါနဲ့ စကားပြောရအောင်.... ထပ်ပြီးတော့ ငါတောင်းပန်ပါတယ် သူငယ်ချင်းရာ"
"What the f....!!!" Type ကတော့ ဒေါသတကြီးနဲ့ ရေရွတ်လိုက်ပါတယ်။
Tharn လဲ Type ကို သိုင်းဖက်လိုက်ပါတယ်။ "စိတ်မပူပါနဲ့ကွာ... ကိုယ် သူနဲ့ မနက်ဖြန်ကျရင် ပြောလိုက်ပါ့မယ်"
"သူက ဘာလို့ ဒီလောက်ထိ မင်းအပေါ်လုပ်ဖို့လိုရတာလဲ.... မင်းက သူ့အချစ်ဆုံးသူငယ်ချင်းပဲဟာကို.... ငါတို့ သူငယ်ချင်းလေ.... ငါ သူ့ကို တွေ့ရင်လေ သူ့မျက်နှာကို တည်ပြီး ထိုးပစ်မှာ"
Tharn က Type ကို ဖက်ထားရာကနေ အိပ်ရာပေါ်ကို လှဲချလိုက်ပါတယ်။ မျက်နှာချင်းဆိုင်လိုက်ပြီးတော့ Tharn က " ဒီလိုလုပ်မှပဲ သူလိုချင်တာကို ရမှာမို့လို့ပါကွာ.... သူ P Bob ကို အရူးအမူးဖြစ်နေတာလေ... ကိုယ်လဲ စိတ်ဆိုးတာပေါ့.... ဒါပေမယ့်လဲ စိတ်မပူပါနဲ့ကွာ.. နက်ဖြန်ကျရင် ကိုယ်သူ့ကို ထိုးပစ်ခဲ့မယ်"

Tong က Bob ကို ဘယ်လိုတွေချဉ်းကပ်ခဲ့လဲဆိုတာကို အစကနေစပြီး Tharn က Type ကို ရှင်းပြလိုက်ပါတယ်။ Tong က နည်းဗျူဟာတွေနဲ့ Bob နဲ့ နီးစပ်ဖို့လုပ်တာတွေရောပေါ့။

"ငါနားမလည်တာကလေ သူက ဘာကိစ္စနဲ့ ဒီလောက်ထိတောင် လုပ်ရတာလဲလို့.... တကယ့်အရူးတွေပဲ... သူတို့နှစ်ယောက်ကို မင်းလဲ သတိထားနေဦး" Type က စိုးရိမ်လို့နေပါတယ်။
Tharn ကလဲ Type ကို အနမ်းပေးလိုက်ရင်း "ကိုယ်သတိထားပါ့မယ် စိတ်မပူနဲ့နော်"
"ငါ သူတို့ကို စိတ်တိုနေတုန်းပဲ"
"ကိုယ်သိပါတယ်.... မင်းစိတ်ဆိုးနေတာတွေ ပျောက်သွားအောင် ကိုယ်ဘာလုပ်ရမလဲဆိုတာ ကိုယ်သိပါတယ်?" Tharn က ရီဝေဝေဆွဲဆောင်တဲ့အကြည့်တွေနဲ့ ကြည့်ရင်း ပြောလိုက်ပါတယ်။
Type က Tharn မျက်နှာကို အသာအယာတွန်းလိုက်ရင်း သူ့ကို ဖက်လိုက်ပါတယ်။ "ငါ ပင်ပန်းနေပြီ... ဒီလိုလေးဆိုရင်ပဲ အဆင်ပြေတယ် ဟုတ်ပြီလား?"
"အိုကေ..." Tharn က အိုကေလို့ ပြောလိုက်ပေမယ့် သူ့လက်တွေက Type ရဲ့ ခန္ဓာကိုယ်ပေါ်က ညအိပ်ဝတ်စုံက ကြယ်သီးတွေကို တစ်လုံးချင်း ချွတ်လို့နေပါတယ်။
"မင်း ဘာလုပ်နေတာလဲလို့?" Type က သူ့ခန္ဓာကိုယ်ကို သူတို့စောင်အဖြူရောင်ကြီးနဲ့ လုံအောင် ခြုံလိုက်ပါတယ်။ Tharn ကတော့ သူ့ကို ကလူအိမြှူအိတွေ လုပ်လို့နေပါတယ်။
"Tharn......." Type က Tharn လက်မောင်းတွေကို ညင်ညင်သာသာ တွန်းထုတ်လိုက်ပါတယ်။
ဒါပေမယ့်လဲ သိတယ်မလား..... Tharn က အစပျိုးတဲ့နေရာမှာ ဆရာကြီးလေ.... သူ့ရဲ့အနမ်းတွေ အပြုအစုတွေအယုအယတွေကြောင့် ငြင်းဆန်ဖို့က ခက်ခဲသွားပါတယ်။
Type တစ်ယောက် လက်လျော့လိုက်ရပါတယ်။ Tharn ရဲ့ ဖွဲကောင်းမှုတွေကို နောက်ဆုံးမှာတော့ ပြင်းထန်လာတဲ့ရမက်တွေနဲ့ပဲ တုန့်ပြန်လိုက်ရပါတော့တယ်။
---------------------------
ရုံးမှာတော့ Earth နဲ့ Dos စကားများ ငြင်းခုန်လို့နေပါတယ်။
"Type မနေ့က ငါ့ကို စကားမပြောဘူး.... အခုထိပဲ ဒီအခန်းထဲမှာ ငါတို့တွေက သူစိမ်းတွေကျနေတာပဲ.... အကုန်လုံးက မင်းအပြစ်တွေချည်းပဲ" Earth က ပြောလိုက်ပါတယ်။

The unbreakable two (Unicode+Zawgyi)Место, где живут истории. Откройте их для себя