Part 107: ခံစားချက်တွေကို ဝန်ခံခြင်း

265 37 2
                                    

Unicode

*

ရေချိုးခန်းထဲကနေ Tong ထွက်လာတဲ့အခါမှာ Bob ကို အခန်းထဲမှာ မတွေ့တော့တဲ့အတွက် သူ လန့်ဖြန့်လို့သွားပါတယ်။

Bob ထွက်သွားပါပြီ!

Tong လဲ ချက်ချင်းပဲ အဝတ်တွေထားတဲ့ ဗီရိုကို စစ်လိုက်တော့ Bob ပစ္စည်းတွေရှိနေသေးမှန်း သိလိုက်ရပါတယ်။ အဲ့တော့မှပဲ သူလဲ ဟင်း ချနိုင်ပါတော့တယ်။

အဲ့ဒီနောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်ပါတယ်။

Bob လက်ကိုင်ဖုန်းက မြည်လာပါတယ်။

"ဟဲလို ကိုယ့်အချစ်....?" Tong သူ့အသံကို ကြားလိုက်ပါတယ်။

"အခု ဘယ်မှာလဲဟင်?" Tong အသံက အရမ်းကို စိုးရိမ်ပူပန်တဲ့အသံပေါက်နေပါတယ်။ သူ့ရဲ့ရေချိုးတဘက်လဲ ကြမ်းပြင်ပေါ်ကို ပြုတ်ကျလို့သွားပါတယ်။

"ငါအခု ကားထဲမှာလေ.... မင်းကို ဒီမှာ ထိုင်စောင့်နေတာ"

"ကျွန်တော့်ကို ထားသွားပြီလို့ ထင်နေတာ......."

"ငါက ဘာလို့ အဲ့လိုလုပ်ရမှာလဲ? ငါ တကယ်ပဲ မင်းအပေါ်မှာ အဲ့လိုလုပ်နိုင်မယ်လို့ ထင်နေတာလား?"

"အစ်ကို ကျွန်တော့်ကို ထားပြီးသွားမှာကို ကျွန်တော် ကြောက်တယ်"

ဒါက Tong အတွက် အဓိပ္ပါယ်နှစ်ခွပါ။ ဟိုတယ်ခန်းထဲမှာ သူ့ကို ထားပြီးသွားမှာနဲ့ ချစ်သူအဖြစ်ကနေ သူ့ကို ထားပြီး ထွက်သွားမှာကိုပါ ပြောတာပါ။

"ငါ မင်းကို ထားမသွားပါဘူး" Bob ရယ်သံကို ဖုန်းထဲကနေတဆင့်ကြားလိုက်ရပါတယ် "မြန်မြန်ပြင်ပြီး ဒီကို လာလိုက်တော့ကွ ငါ မင်းကို စောင့်နေတာပါဆို"

"အိုကေ...." Tong လဲ အခုမှ စိတ်ဒုန်းဒုန်းချလိုက်နိုင်ပါတယ်။

------------------

"Type နဲ့ ငါ ဒီကို ရောက်လာကြပြီဆိုတော့ မင်းနဲ့ စကားပြောဖို့ အချိန်ကောင်းကို စောင့်နေတာ Rome" Tharn က ငါးတွေကင်ရင်းနဲ့ ပြောလိုက်ပါတယ်။

"သူ ဘယ်လိုနေလဲ? Gun အခြေအနေကိုပြောတာ? သူ အဆင်ပြေမယ်လို့ ထင်တာပဲ"

"သူ ဆွေးနွေးကုသမှု ခံနေကတည်းက သူနဲ့ ငါတို့ မတွေ့တော့တာပဲ.... သူအခြေအနေတွေ အတော်လေး တိုးတက်လာမယ်ဆိုတာ သေချာပါတယ်"

The unbreakable two (Unicode+Zawgyi)Tahanan ng mga kuwento. Tumuklas ngayon