Part 42: လျို့ဝှက်ချက်များပေါ်ထွက်လာခြင်း

778 56 0
                                    

Unicode

*

"ဟေ့ကောင်Sawasdee! မင်းဘာလို့ အခုထိ ဒီမှာရှိနေတာလဲ? မနက်ခင်းအတန်းမရှိပြန်ဘူးလား?" Tharn က Tong ကို နှုတ်ဆက်လိုက်ပါတယ်။

"ရှိတယ်။ ငါမင်းကို စောင့်နေတာ။ မင်းကို ပြောစရာရှိလို့"

"ဘာကိုလဲ?"

"P Bob မလာဘူးနော်" ဌာနမှာရောက်နေတဲ့ Tong က Tharn နားကပ်လာပါတယ်။ "Miss Jira ကပြောတယ် မနေ့ညက သူဖျားလို့တဲ့"

"အရက်နာကျတာပါကွာ" Tharn က Tong ကို တိုးတိုးပြောလိုက်ပါတယ်။

Bob အရက်နာကျတာကို သိနေတဲ့ Tharn ကိုကြည့်ပြီး Tong တအားအံ့သြသွားပါတယ်။ "အဲ့တာ ငါ့အမှားပါကွာ" ပြောလိုက်ပါတယ်။ ရုံးခန်းထဲကလူအားလုံးထွက်သွားကြပါတယ် သူပဲကျန်ခဲ့တာပါ။ ပထမဆုံးအတန်းချိန်ကိုမသွားခင် Tharn ကို သူတကယ်ကြီးကိုစောင့်နေတာပါ။

Tharn က သူပြောလိုက်တာကို ပိုပြီးတော့ အံ့သြနေပါတယ် "ဘာဖြစ်တယ်?"

"မနေ့က ငါ့အစီအစဉ်အားလုံး အလဟာသဖြစ်ကုန်တယ်"

"မင်း ဘာကိုဆိုလိုတာလဲ?"

"ဘယ်သူ့မှမပြောနဲ့နော်။ မနေ့က ငါ ကားပါကင်ကိုအစောကြီးသွားပြီးတော့ P Bob ကားဘီးပေါက်အောင် လုပ်ခဲ့တာ"

"မင်းက ဘာလို့အဲ့လိုလုပ်တာလဲ?"

"ပထမဆုံး ငါထင်တာက တကယ်လို့သူ့ကားဘီးသာ ပြားသွားရင် သူ့ကိုကူညီလို့ရမယ်လေ"

"မင်း ရူးနေပြီပဲ ဟေ့ကောင်ရ! မင်းဘာလို့ အဲ့လိုလုပ်ရတာလဲကွာ?"

"ငါ ဝပ်ရှော့ဆရာခေါ်ပြီး သူ့ကားကိုပြန်စီးလို့ရအောင်ထိ ကူညီပေးခဲ့ပါတယ်ကွ။ သူ့ကားပြင်တာကိုစောင့်နေတုန်း အနီးအနားမှာသွားသောက်ဖို့ သူ့ကို ဖိတ်လိုက်မိတယ်"

"မင်း သူ့ကိုအဲ့လောက် လုပ်ရတော်ရော်ပေါ့ကွာ"

"ငါ့က သူနဲ့ရင်းနှီးချင်တာပါကွ။ ငါ သူနဲ့စကားတွေပြောချင်တယ် ဒါမှ သူငါ့ကို ရင်းရင်းနှီးနှီးဆက်ဆံမှာလေ။" Tong သူ့လုပ်ရပ်တွေကို ရှက်ရွံ့လို့နေပါတယ်။ "ဒါမှ သူ့ပြဿနာတွေကို ငါ့ကို ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်မယ်ထင်တာလေ"

The unbreakable two (Unicode+Zawgyi)Место, где живут истории. Откройте их для себя