Part 73: ခင်ပွန်းအမျိုးအစား

565 69 6
                                    


Unicode
*
Gun က Type တို့စုံတွဲရဲ့ကား မောင်းလာတာကို တွေ့လိုက်ပါတယ်။ Type ကားပေါ်ကဆင်းပြီး သူတို့ခြံတံခါးကိုသွားဖွင့်တဲ့အခါ Gun က သူတို့ကို လက်ယမ်းပြလိုက်ပါတယ်။ သူ့ကြည့်ရတာ အရမ်းကို စိုးရိမ်သောကများနေသလိုပါပဲ။
"Type ငါ Rome ကို လိုက်ရှာနေတာ..... အမ်...... သူဘယ်သွားတယ်ဆိုတာများ မင်းတို့သိနေမလားလို့?" Gun ကမေးလိုက်ပါတယ်။
"စိတ်မကောင်းပါဘူး ဒါပေမယ့် ငါတို့လဲ သူ့ကိုမနေ့ကတည်းက မတွေ့တော့တာပဲ" Type ကဖြေလိုက်ပါတယ်။
Tharn ကားပေါ်ကဆင်းလိုက်ပြီးတော့ "Gun မနေ့ညကလေ Rome ကိုကြည့်ရတာ အရမ်းကို စိတ်ထိခိုက်သွားပုံပဲ ပြီးတော့ ငါနဲ့ Type ကလဲ သူ့ကို သစ္စာဖောက်တယ်လို့ သူ့စိတ်မှာ ထင်သွားတယ်နဲ့တူတယ်... ငါတို့သွားသောက်တာ သူ့ကိုမခေါ်ဘဲ ချန်ထားတယ်လို့လည်း‌ တွေးနေပုံပဲ"
"ငါလည်း မှားသွားတယ် သူမနေ့ညကလုပ်လိုက်တဲ့အ‌ပေါ် ငါအပြုအမူကလဲ အရမ်းကို လွန်သွားမိတယ် မနက်ကတည်းက သူ့ဖုန်းကလည်း ပိတ်ထားတယ်ကွာ... ငါ အခု ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး...." Gun က တုန်တုန်လှုပ်လှုပ်လေသံနဲ့ ပြောလာပါတယ်။
"ငါတို့လဲ သူဘယ်ရောက်နေလဲ မသိဘူးရယ် Gun ငါတိုလဲ ကြားရတာ စိတ်မကောင်းပါဘူး" Type က သူ့ပခုံးကို အသာပုတ်ရင်း ပြောလိုက်ပါတယ်။
"သူအခု Khonkaen မှာရှိနေတာလဲ ဖြစ်နိုင်တာပဲ ငါ သူ့ကိုအရမ်းစိတ်ပူနေတာ သူ ဒီလိုလုပ်တာ ပထမဆုံးအကြိမ်ပဲ... သူအဆင်ပြေရဲ့လား လုံခြုံရဲ့လားပဲ သိချင်တာပါ.... သူများ မတော်လို့ တခုခုများဖြစ်သွားမယ်ဆို ငါ့ကိုယ်ငါ အပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး" Gun ကမျက်ရည်တွေအဝိုင်းသားနဲ့ ပြောလာပါတယ်။
"ဒါဆိုလဲ မင်းယောက္ခထီးနဲ့ ယောက္ခမကို ဘာလို့ ဖုန်းဆက်မမေးတာလဲ?" Tharn က အကြံဝင်ပေးကြည့်ပါတယ်။
"ငါ သူတို့ကို ဆက်ကြည့်ပြီးပြီ... ငါတို့ ဘာဖြစ်ကြတာလဲလို့တောင် သူတို့က ပြန်မေးနေသေးတယ်... ငါကတော့ ခဏလောက်ရန်ဖြစ်ကြတာပါလို့ပဲ ဖြေလိုက်တယ်...ငါတို့ မကြာခင် အဆင်ပြေသွားမှာပါလို့တောင် ကတိပေးခဲ့ရသေးတယ်" Gun အသံက ပိုပြီးတော့ကို စိတ်ခံစားချက်တွေပါလို့လာပါတယ်။
"သူ ပြန်လာရင်လဲ ပြန်လာမှာပါကွာ... အခုတော့ သူလဲ တစ်ယောက်တည်းနေချင်ရှာမှာ‌ပေါ့... သူ့ကိုအချိန်ပေးမှဖြစ်မှာပေါ့။ သူမကြာခင်ပြန်လာမယ်ဆိုတာ ငါသေချာသိနေတယ်.. Gun အရမ်းလဲစိတ်ပူမနေပါနဲ့" Type က Gun ကို နှစ်သိမ့်နေပါတယ်။
"အထဲဝင်ကြစို့လေ အထဲမှာ ဆက် စကားပြောကြတာပေါ့" Tharn ကပြောလိုက်ပါတယ်။
"အာ.. ကျေးဇူးပဲ Tharn... Type ငါ သူ့ကို ငါတို့အိမ်ကနေပဲ စောင့်လိုက်တော့မယ် ကျေးဇူးပါပဲ....." Gun က သူတို့ကို ပြောလဲပြောပြီးရော သူတို့ကိုကျောခိုင်းလို့ သူ့အိမ်သူ ပြန်သွားပါတော့တယ်။
ဒါနဲပဲ Type က ခြံတံခါးဖွင့်နေတုန်း Tharn လဲ ကားထဲပြန်ဝင်လိုက်ပါတယ်။ Type က Tharn ကားကို ရပ်ပြီး ကားပေါ်ကဆင်းလာတဲ့အထိ စောင့်နေလိုက်ပါတယ်။ သူတို့အိမ်တံခါးရှေ့မရောက်ခင်မှာပဲ Type က Tharn ကို ဖက်လိုက်ပြီးတော့ Tharn နှုတ်ခမ်းတွေကို မက်မက်မောမောဆွဲယူနမ်းလိုက်ပါတယ်။ Tharn လဲ အံ့သြလို့သွားပါတယ်။ သူ ပြုံးလိုက်ပြီးတော့ Type ကို တုန့်ပြန်အနမ်းတွေ ဖလှယ်လိုက်ပါတယ်။
"ဘာလို့လဲ ဟင်?" Tharn က စိတ်လှုပ်ရှားစွာနဲ့ ယစ်မူးစရာကောင်းတဲ့အသံနဲ့ မေးလိုက်ပါတယ်။
"ငါတို့က သူတို့လို မဟုတ်တာကို တွေးမိပြီး မင်းကို ကျေးဇူးတင်လို့... အရင်တုန်းကလိုလဲ ခဏခဏ စကားများ ငြင်းခုန်မနေရတော့တဲ့အတွက်လဲ ပျော်လို့" Type က Tharn ဆံပင်တွေကို ဖွဖွသပ်ရင်း ပြောလိုက်ပါတယ်။
"သူတို့အကြောင်းကြားရတာတော့ ကိုယ်လဲ စိတ်မကောင်းပါဘူး ဒါပေမယ့် သူတို့အကြောင်း တွေးမနေနဲ့တော့ကွာ သူတို့ပြဿနာ သူတို့ဘာသာဖြေရှင်းမှာပေါ့" Tharn က Type ခေါင်းကို သူ့ဆီ ဆွဲယူလိုက်ရင်း နူးနူးညံ့ညံ့အနမ်းတွေ ပြန်ပေးလိုက်ပါတယ်။
"အာ... အထဲကို အရင်ဝင်ကြဦးစို့လေ.... ငါ ဗိုက်ဆာနေပြီ" Type ကပြောလိုက်ပါတယ်။ သူ့ကိုမက်မက်စက်စက်နမ်းနေတဲ့ Tharn ကို ရပ်အောင်လုပ်ဖို့ လိုနေပါတယ် ဘာလို့ဆို ဒီအနမ်းတွေနောက်မှာ ဘာရှိတယ်ဆိုတာ သူကောင်းကောင်းကြီးသိနေလို့ပါပဲ။ Tharn က သူ့ကို ဒီလိုသာဆက်ပြီးနမ်းနေမယ်ဆိုရင် သူ့ခုခံနိုင်စွမ်းလဲ ကျဆုံးသွားပြီးတော့ အိပ်ယာထဲမှာပဲ ခရီးဆုံးမယ်ဆိုတော့မယ်မလား။ အတူတူနေဖို့အတွက် Tharn ဘယ်တော့မှ ပင်ပန်းတယ်ဆိုတာမျိုး ရှိမနေပါဘူး။ သူ့ခင်ပွန်းက ဒီနယ်ပယ်မှာ ဘယ်လောက်ထိ ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတာ Type ကောင်းကောင်း သဘောပေါက်နေလို့ပါပဲ။
Tharn က Keychain ကို Type ဆီလှမ်းပေးလိုက်ပါတယ်။ "ပြီးရော ဒါဆိုလဲ တံခါးဖွင့်လိုက်တော့နော်" Tharn က သူ့ကို ဆွဲဆောင်နေတဲ့အကြည့်တွေနဲ့ စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။ Type ကတော့ သူ့ကို အကောင်လိုက်မျိုချင်နေတဲ့ Tharn အကြည့်တွေကို မမြင်ချင်ယောင်ဆောင်လိုက်ပါတယ်။ Tharn ကို ကျောပေးလိုက်တာနဲ့ တံခါးလက်ကိုင်ဖုကို အသာကိုင်ရင်း Type တိတ်တိတ်လေး ကျိတ်ပြုံးလိုက်ပါတယ်။ Type က တံခါးကို ပြန်ပိတ်ပြီးတဲ့အခါမှာတော့ Tharn က လက်ထဲက အိတ်တွေကို လျှောက်လမ်းပေါ်မှာ ဒီတိုင်းပဲ ဘုတ်ခနဲ မြည်အောင် လွှတ်ချထားခဲ့ပြီးတော့ Type ကို စွေ့ခနဲမြည်အောင် ပွေ့ချီလိုက်ပါတော့တယ်။
"Tharn ငါ့ကို အောက်ပြန်ချ" Type က Tharn ပွေ့ချီလိုက်တာကို အပြင်းအထန် လူးလူးလွန့်လွန့်ရုန်းကန်နေပါတယ်။ ဒါပေမယ့်လဲ Tharn နဲ့ အားချင်းမှ မမျှပဲလေ။ သူ Type ကို အဝင်ဝတံခါးကနေ ချီလာလိုက်တာ သူတို့အိပ်ခန်းထဲက မွေ့ရာပေါ်ရောက်တဲ့အထိပါပဲ။ သူ Type ကို ဖဲမွေ့ရာပေါ်ချလိုက်ပြီးတော့ သူ့ကိုယ်ကြီးကိုလဲ အိပ်ရာပေါ် လှဲချလိုက်ပါတယ် နောက်တော့ Type ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အကြားအလပ်မရှိနမ်းနေရင်း လက်ကလဲ Type ရဲ့အဖြူရောင် လက်ရှည်အင်္ကျီကကြယ်သီးတွေကို ဖြုတ်ရင်းနဲ့ပေါ့။ Tharn က Type ရဲ့ ရင်ဘတ်က ချယ်ရီသီးနေရာလေးကို နှုတ်ခမ်းနဲ့ အသာစုပ်လိုက်ပါတယ် ဘယ် ပြီးတော့ ညာ တစ်လှည့်စီပေါ့။ ခုတော့ Type ကိုယ်ထဲက အပူတွေကလဲ သူ့ခင်ပွန်းလိုပဲ ထကြွလို့နေပါပြီ။ သူတို့နှုတ်ခမ်းချင်း ပူးကပ်နေဆဲမှာပဲ Type ကလဲ Tharn အင်္ကျီက ကြယ်သီးတွေကို တစ်လုံးချင်း ဖြုတ်လို့နေပါတယ်။
အား...... ချစ်စရာကောင်းတဲ့ စုံတွဲပါပဲ!
********************
The Unbreakable two မှာ ပြန်စရာအကြွေးတွေအရမ်းများနေလို့ TTTS Season 1 ဘက် မလှည့်နိုင်တာ အားနာရပါတယ်နော်
တစ်ပတ်လုံး သောကြာ/စနေ/တနင်္ဂနွေမှ ဘာသာပြန်တဲ့ဘက်ကို လှည့်နိုင်တာမို့ ပျက်ကွက်တာများနေမှန်းလဲ သိပါတယ် TTTS ကို RL ထဲ ထည့်ပြီး စောင့်နေကြသူတွေကိုလဲ တကယ် ချစ်ခင်စွာနဲ့ အားနာနေမိပါတယ် ရုံးပိတ်ရက်များများရမှ အားလုံးကို တဝကြီး ပြန်ပေးပါ့မယ်နော် အခုတော့ တစ်ပတ် ၂ ပိုင်းပဲ ကျေနပ်ပေးကြပါ Love ya!
ကောင်းမကောင်း ဖတ်ရတာ အဆင်ပြေမပြေ ဝေဖန်ပြီး vote/ comment ပေးသွားကြပါနော်။
Feedback တွေက တကယ် အားတက်စေမှာ အသေအချာပါ။ အားလုံးကိုကျေးဇူးတင်ပါတယ်

The unbreakable two (Unicode+Zawgyi)Où les histoires vivent. Découvrez maintenant