Part 108: နောက်ဆုံးတော့ မင်းကို ရှာတွေ့ခဲ့ပြီ

283 42 3
                                    

Unicode
*
Gun က ခဏလောက်ပဲ အိပ်ဖို့တွေးထားပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။ သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တာပါ။ အခုတော့ ည ၈ နာရီတောင်ထိုးလုပါပြီ။
သူလဲ ခပ်မြန်မြန် အောက်ကိုဆင်းသွားပြီး ညစာကျွေးတုန်းလားလို့ ကြည့်လိုက်ပါတယ်။
ဧည့်ကြိုတွေလဲ သူ့ကိုမြင်တော့ လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။
ပြီးတော့ ဝိတ်တာက သူ့အတွက် ရိုးရိုးရှင်းရှင်း ညစာ တည်ခင်းလိုက်ပါတယ်။
သူ ညစာစားနေတုန်းမှာ ကမ်းခြေကနေ ဂီတာတီးသံသဲ့သဲ့ကို ကြားလိုက်ရပါတယ်။ ဒါနဲ့ သူလဲ ညစာကို ခပ်မြန်မြန်စားလိုက်ပြီးတော့ ကမ်းခြေဘက်ကို သွားကြည့်လိုက်ပါတော့တယ်။
--------------------------
"Dos မင်း အဲ့လောက်တောင် အဲ့လို လုပ်ချင်နေတာလား ဟမ်?" Type က မေးလိုက်ပါတယ်။
"ငါ့ခံစားချက်တွေကို ငါ မချုပ်ထိန်းနိုင် ဖြစ်သွားလို့ပါ ငါ တောင်းပန်ပါတယ်" Dos က အနည်းငယ်ရှက်ရွံ့စွာနဲ့ ဖြေလိုက်ပါတယ်။
သူတို့တွေ အခု Tharn နဲ့ Type အခန်းကို ပြန်ရောက်နေကြပါပြီ။
"အရင်ဆုံး ရေချိုးပြီး မင်းခေါင်းကို ကြည်အောင် လုပ်လိုက်" Type က သူ့သူငယ်ချင်းကို ဆူပူလိုက်ပါတယ်။
Tharn တစ်ယောက် အခန်းထဲကို ပြန်ရောက်ကတည်းက ငြိမ်နေတယ်ဆိုတာ Type က သတိထားမိပါတယ်။ Type ခုနက လုပ်လိုက်တဲ့အပြုအမူအပေါ်မှာ Tharn စိတ်တိုနေတာပါ။
"မင်း ငါ့ကို စိတ်တိုနေတယ်ဆိုတာ ငါသိပါတယ်..... Earth ပြောလိုက်တဲ့စကားကြောင့် ငါလဲ စိတ်ထဲမှာ နာသွားပြီး ခုနကလို လုပ်လိုက်မိတာပဲ" Type က သူ့ခင်ပွန်းကို မကြည့်ဘဲနဲ့ ပြောလိုက်ပါတယ်။
"ကိုယ်က မင်းကို စိတ်တိုတာမဟုတ်မှန်း မင်း သိပါတယ်..... ကိုယ်စိတ်တိုတာ မင်းလုပ်လိုက်တဲ့အပြုအမူကိုပဲ" Tharn က ပြောလိုက်ပါတယ်။
သူတို့နှစ်ယောက်လုံး အခုထိ ရေကူးဘောင်းဘီနဲ့ပဲ ရှိနေပါသေးတယ်။ Tharn က အဲကွန်းကို ကောက်ဖွင့်လိုက်တော့ အခန်းက ချက်ချင်းကြီးကို အေးစက်လို့ လာပါတယ်။
"ငါတောင်းပန်ပါတယ်......" Type က ခပ်တိုးတိုး ပြောလိုက်ပါတယ်။ အခုမှ သူ့နဂိုစိတ် ပြန်ဝင်လာပုံပါပဲ။ သူ့အမှားကိုလဲ သူ နားလည်လို့သွားပါတယ်။ Tharn သာ အနားမှာ ရှိမနေဘူးဆိုရင်လေ သူ့ရဲ့စိတ်မြန်လက်မြန်နဲ့ အသိစိတ်လွတ်သွားပုံဆို Earth ဘယ်လောက်တောင် ထိခိုက်သွားလိမ့်မလဲ။
Tharn ခေါင်းညိတ်လိုက်ပြီး "အင်....... ဖြစ်ပြီးသွားပြီပဲ ရပါတယ်"
Type လဲ သူ့ခင်ပွန်းကို သိုင်းဖက်လိုက်ပါတယ်။ သူ့အနားမှာ Tharn ရှိနေတာ အရမ်းကို ကံကောင်းတယ်လို့ ခံစားနေရပါတယ်။ "ငါ တကယ်ကြီး တောင်းပန်ပါတယ်နော်"
Tharn လဲ သူ့ကျောပြင်လေးကို အသာပုတ်ပေးရင်း "ကိုယ်လဲ တောင်းပန်ပါတယ်နော် မင်းကို အော်လိုက်မိတယ်" ခပ်တိုးတိုးဆိုပါတယ်။
Type ကလဲ "ငါ အမှားလုပ်တဲ့အခါတိုင်း မင်းငါ့ကို အော်ဖို့လိုတာပဲ.... ငါက မှားနေတာကြီးကို.... ငါ တကယ်တောင်းပန်တယ်နော်"
Tharn လဲ Type မျက်နှာလေးကို အသာအုပ်ကိုင်လိုက်ပါတယ်။ သူအခုတော့ Type အပေါ် စိတ်ပြေလို့သွားပါပြီ။ "အဲ့လို နောက်တစ်ခါ မလုပ်ပါနဲ့တော့ကွာနော်.... ဒါဆို ကိုယ်လဲ မင်းကို အော်စရာမလိုတော့ဘူးလေနော်?"
Type က ခေါင်းညိတ်လိုက်ပြီးတော့ Tharn ကို နောက်တစ်ကြိမ် ဖက်လိုက်ပါတော့တယ်။
--------------------
Ton နဲ့ Rome ပဲ ကမ်းခြေမှာ ကျန်ခဲ့တော့တာပါ။ သူတို့နှစ်ယောက် သဲပေါ်မှာ ထိုင်နေကြတာပါ။
Ton က ဂီတာကို စပြီးတော့ တီးခတ်လိုက်ပါတယ်။ Rome ကလဲ "နောက်တစ်ကြိမ်ထပ်ချစ်ဖို့" သီချင်းကို ဆိုလိုက်ပါတယ်။ Ton ကလဲ ဘေးကနေ လိုက်ဆိုရင်း နောက်တစ်ကြောင်းက ဘာလဲဆိုတာ သင်ပြပေးရင်းပေါ့။
"တကယ်လို့ ထပ်ချစ်သင့်တယ်ဆိုရင်.... အချစ်ကို နောက်တစ်ကြိမ် သင်ယူခွင့်ရမယ်ဆိုရင်.... ပြီးတော့....." Rome က ဆိုနေရာကနေ ရပ်လိုက်ပါတယ်။ နောက်တစ်ကြောင်း ဘာလဲဆိုတာ သူမသိတော့လို့ပါပဲ။
Ton က ဆက်ပြီးတော့ "မင်းမရှိတဲ့ ဘဝမျိုး ဘယ်တော့မှ အဖြစ်မခံတော့ဘူး ဘေဘီ... ဒီနာကျင်မှု ငါ့ကို ရူးသွားစေတယ်...."
နောက်တော့ သူတို့အတူတူ "ဘာလို့ဆို နောက်တစ်ကြိမ် ထပ်ချစ်ဖို့ဆိုတာ ခက်ခဲလို့ပါပဲ"
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ရင်း ရယ်လိုက်ကြပါတယ်။ စရင်းနောက်ရင်းနဲ့ အတူတူရှိလာတာလဲ အချိန်အတော်ကြာပြီမလား။
သူတို့တွေ အတူတူ စနောက် ပျော်မြူးနေကြတာကို ကြည့်ပြီး တစ်စုံတစ်ယောက်က မျက်ရည်ဝိုင်းနေမယ်ဆိုတာ ဘယ်သိပါ့မလဲ။ အဲ့ဒါကတော့ Gun ပါပဲ။
Gun က သူတို့နားကို တိုးသွားနေရာကနေ ရပ်ပစ်လိုက်ပါတယ်။ ဘာလို့ဆို သူ့ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်ကြီး ထုံထိုင်းသွားတယ်လို့ ခံစားရလို့ပါ။ သူတို့တွေက ပင်လယ်ဘက်ကို မျက်နှာမူထားတော့မျက်နှာတွေကို သေချာတော့ မတွေ့ရဘူးပေါ့။ ဒါပေမယ့်လဲ သူတို့နှစ်ယောက် အတော်လေး ပျော်နေတယ်ဆိုတာ Gun အသေအချာ သိလို့နေပါတယ်။
"လာ.... ဂီတာဘယ်လိုတီးရမလဲ ငါ မင်းကို သင်ပေးမယ်" Ton က Rome ကို ပြောလိုက်တာကို Gun ကြားလိုက်ပါတယ်။
"ငါ အထက်တန်းတုန်းကတော့ ဂီတာ အခြေခံလက်ကွက်လောက်တော့ သင်ဖူးတယ်ရယ်.... ဒါပေမယ့် ဒီသီချင်းက လက်ကွက် ခက်မယ်ထင်တယ်" Rome က ပြောလိုက်ပါတယ်။
"အဲ့ဒါကြောင့် အထက်တုန်းက မသင်လိုက်ရတဲ့ နောက်ထပ် လက်ကွက်တွေသင်ပေးမလို့ မင်းကို ပြောတာပေါ့" သူ့လက်ထဲက ဂီတာကို Rome ဆီကို လှမ်းပေးလိုက်ပါတယ်။
Rome လဲ ဂီတာကို ယူလိုက်ပြီးတော့ "အိုကေလေ ငါ နည်းနည်းလောက် တီးကြည့်တာပေါ့"
Ton လဲ မတ်တပ်ရပ်လိုက်ပြီး Rome နောက်ကို ရောက်သွားလိုက်ပါတယ်။ သူတို့ခန္ဓာကိုယ်နှစ်ခုဟာ ကော်နဲ့ကပ်ထားသလို ပူးကပ်နေပါတယ်။
"AM 7 ဆိုတာ ဒီလိုမျိုးလေ.... မင်း လက်ညှိုးက ဒီနားမှာထား.... ပြီးတော့ လက်ခလယ်က...... ဒီမှာ..." Ton က Rome ကို သင်ပေးနေပါတယ်။ သူ့ရင်အုပ်ကျယ်ကျယ်က Rome ရဲ့ နောက်ကျောနဲ့ ပူးကပ်လို့ပေါ့။
"အာ အိုကေ"
"ခတ် ကြည့်လိုက် အခု" Ton ကပြေလိုက်ပါတယ်။
Rome လဲ ဂီတာကို ခတ်ကြည့်လိုက်ပါတယ်။
"နောက်တစ်ခုက DM 7.... အဲ့လိုဟုတ်တယ်"
"ငါ ဒီနားတော့ သိတယ်.... အခု မင်းက သီချင်းဆိုလိုက် Ton" Rome က ပြောလိုက်ပါတယ်။
"ရေဒီယိုဆိုလဲ အဆင်ပြေပါတယ်....." Ton က စပြီး သီချင်းစာသားကို ဆိုလိုက်ပါတယ်။
"အဲ့ဒါက ငါ့ကို တစ်ခဏ‌လောက် မေ့ဖို့ အကူအညီ‌ပေးပါတယ်...." သူတို့ အတူတူ ဆိုလိုက်ကြပါတယ်။
Gun တစ်ယောက် ကြက်သေ သေနေဆဲပါပဲ။ သူတို့နားကို သွားလိုက်ပြီးတော့ Rome ကိုဆွဲယူ ပြီးတော့ Ton ကို ဆဲဆိုပြီး ထိုးပစ်လိုက်ချင်ပေမယ့် သူမြင်နေရတဲ့အနေအထားကြောင့် သူက အားအင်နည်းပါးသလို ခံစားနေရပါတယ်။ သူ့မျက်ရည်တွေက တာကျိုးသလို မျက်နှာပေါ်မှာ စီးကျလို့လာပါတယ်။
Gun လဲ သူတို့ကို ကြည့်နေတာကို ရပ်လိုက်ပါတယ်။ တိတ်တဆိတ်ငိုကြွေးနေရင်း သူ့ကိုသူပဲ အပြစ်တင်နေမိပါတော့တယ်။
ဂီတာတီးနေသံ နဲ့ သီချင်းဆိုသံက ရုတ်တရက် ရပ်တန့်သွားတော့ Gun လဲ လှည့်ကြည့်လိုက်မိပြန်ပါတယ်။
သူတို့နှစ်ယောက်က ပင်လယ်ကြီးကို မျက်နှာမူလို့ ပြန်ထိုင်နေကြပါတယ်။ ဒီတစ်ခါတော့ Ton လက်ထဲမှာ ဂီတာရောက်နေပါတယ်။
"မင်း ဂီတာက ဘယ်လောက်ကြာနေပြီလဲ?" Rome က မေးလိုက်ပါတယ်။
Ton လဲ ခဏလောက် ကြည့်လိုက်ပြီးတော့ "၂ နှစ် ၃ လနဲ့ အာ..... ၁၇ ရက် ၂၃ နာရီနဲ့.....၅ မိနစ် နောက် ၁၂ စက္ကန့်"
"မင်းနောက်နေတာလား?" Rome က ရယ်လိုက်ပါတယ်။
"သူ့ကို စောင့်နေတာ ၂ နှစ်တောင် ရှိပြီ......ဒါပေမယ့်သူက ပြန်ပေါ်မလာတော့ဘူးလေ" Ton ဝမ်းနည်းလို့လာပါတယ်။
"ဒီတော့ မင်းက လက်လျော့လိုက်တော့မယ်ပေါ့?"
Ton ခေါင်းညိတ်လိုက်ပါတယ်။
Gun ရောက်နေတဲ့နေရာကနေ Ton က Rome လက်ကို ဆွဲယူလိုက်တာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်။ သူတို့ ဘာတွေပြောနေလဲဆိုတာတော့ မကြားရပါဘူး။
"ဒီဂီတာက သူ့ဆီက ရခဲ့တဲ့ လက်ဆောင်ပဲ... မင်းရဲ့ လက်ထပ်လက်စွပ်လိုမျိုးပေါ့" Ton က Rome လက်က လက်စွပ်လေးကို ထိတို့နေရင်း "ငါ့အတွက်တော့ တန်ဖိုးအရှိဆုံးတစ်ခုပေါ့"
"အဲ့ဒါမှန်တယ်.... ပြီးတော့ မင်းကို ကျေးဇူးတင်ပါတယ် ငါနဲ့အတူ အခုထိ ဒီလက်စွပ်လေး ရှိနေသေးတဲ့အတွက်ပေါ့"
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ Gun တစ်ယောက် သူ့‌ဒေါသကို မထိန်းချုပ်နိုင် ဖြစ်လို့သွားပါတယ်။
"Rome!" Gun က သူ့မျက်နှာမှာ မျက်ရည်စီးကြောင်းတွေ ရှိနေဆဲမှာပဲ အော်ပစ်လိုက်ပါတယ်။
Gun က သူတို့အနားကို ဒေါသတကြီး ရောက်လာတာကို မြင်တဲ့အချိန် Ton က Rome လက်ကို လွှတ်ပေးလိုက်ပါတယ်။
Rome လဲ မတ်တပ်ရပ်ပြီး ကြောင်ကြည့်နေမိပါတော့တယ်။ သူ ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ။
Gun က Rome ကို Ton နဲ့ ဝေးရာဆီ ဆွဲခေါ်လိုက်ပါတယ်။
သူတို့စုံတွဲက ခဏလောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြပြီးတော့ နှစ်ယောက်လုံးမျက်နှာမှာ မျက်ရည်တွေနဲ့ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကြပါတယ်။ အတူတကွ ငိုကြွေးလိုက်ကြပါတော့တယ်။
Gun က Rome မျက်နှာကို အသာ အုပ်ကိုင်လိုက်ပြီးတော့ "ငါ ဒီမှာလေ ဘေဘီ.... ငါ ဒီကိုရောက်လာပြီလေ.... ငါ့ကို ထပ်ပြီး ထားမသွားပါနဲ့တော့နော်.... ငါ မင်းမရှိဘဲ မနေနိုင်လို့ပါ............."
Rome ကလဲ Gun မျက်နှာကို အသာ ထိလိုက်ပြီး "ငါ မင်းကို ခဏလေးပဲ ထားခဲ့တာပါ... ဒါပေမယ့်လဲ တစ်ချိန်လုံး မင်းအကြောင်းတွေကိုပဲ တွေးနေမိတာပါ..... မင်းကို ထားပစ်ခဲ့တဲ့အတွက်လဲ မင်းကို တောင်းပန်ပါတယ်နော်.... ငါ တကယ် တောင်းပန်ပါတယ် ဘေဘီရယ်..... မင်းကို ငါ နောက်ထပ် ဘယ်တော့မှ ထားမသွားတော့ပါဘူး"
"မင်းကို ပိုတိုးပြီး ဂရိုစိုက်ပါ့မယ်လို့ ကတိပေးပါတယ်.... Rome ငါ မင်းကို အများကြီး ချစ်လိုက်တာ..... ငါ့ကို ခွင့်လွှတ်ပေးပါနော် ဒါလင်"
"ငါလဲ မင်းကို ချစ်တယ် Gun!"
အကြင် ခင်ပွန်းနှစ်ယောက်တို့ရဲ့ အနမ်း‌တွေဟာ ပြင်းပြင်းထန်ထန် နက်နက်ရှိုင်းရှိုင်း။ သူတို့ တစ်ယောက်ကို တစ်ယောက် လွမ်းနေကြတာမလား။
"မင်း သူနဲ့ ပြန်ဆုံတွေ့တဲ့အတွက် ငါ ဝမ်းသာပါတယ် နောက်ဆုံးတော့....." စုံတွဲလဲ Ton အသံကြားမှ နမ်းနေရာကနေ ရပ်တန့်လို့သွားပါတယ်။
Rome လဲ့ သူ့ကို ပွေ့ဖက်ထားတဲ့ ခင်ပွန်းဆီကနေ ခဏလောက် ထွက်လိုက်ပြီး Ton နဲ့ Gun ကို မိတ်ဆက်ပေးဖို့ လုပ်လိုက်ပါတယ်။
*************************
Happy Gulf day krub!
Be happy Birthday boy 😘

The unbreakable two (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora