Part 11: အဘိုးနဲ့အဘွား ဆုံးမစကား

1.3K 105 1
                                    


Unicode

"အဘိုးနဲ့အဘွား မင်္ဂလာပါ" Type က လူကြီးတွေကို နံနက်ခင်း လေးလေးစားစားနှုတ်ဆက်လိုက်ပါတယ်။

"အို ချစ်စရာကောင်းတဲ့ သားလေး လာ လာ!" မနက်စာ စားပွဲမှာ ထိုင်နေတဲ့ အဘွားက သူ့ကိုပြောလိုက်ပါတယ်။

"မင်း ရဲ့ ကိုလူချောရော ဘယ်မှာလဲ လာ ဒီမှာ လာထိုင် မနက်စာ ပြင်ပြီးပြီ" အဘိုးကလဲပြောလိုက်ပါတယ်။

"Tharn က အပေါ်မှာပါဗျ သူ နေလို့သိပ်မကောင်းဘူးထင်တယ်။ နဲနဲလဲ အဖျားရှိနေတယ် အဘိုးနဲ့အဘွားခင်ဗျ" Type က စိုးရိမ်တဲ့အသံနဲ့ ဖြေလိုက်ပါတယ်။

"မနေ့ညက ရေသွားကူးမိလို့လား? ညဉ့်နက်တဲ့ထိ ကူးနေကြတာလား? ဒီလောက် ခရီးဝေးလာထားရတာကို ရေသွားမကူးကြနဲ့လေ တုပ်ကွေးမိသွားတာထင်တယ်" အဘွားက စိုးရိမ်တကြီးနဲ့ပြောပါတယ်။

Tharn ပြန်လာတိုင်း ခြံထဲက ကန်ထဲမှာ ရေကူးရတာ ကြိုက်မှန်း အဘွားက သိနေပါတယ်။

"မဟုတ်ဘူး အဘွား ကျွန်တော်တို့ ရေမကူးပါဘူး ခင်ဗျ"

"ဒါဆို ဘာလို့ နေမကောင်းဖြစ်ရတာလဲ?" အဘွားက မေးလေပြီ။

တွန့်ဆုတ်တွန့်ဆုတ်နဲ့ပဲ မနေ့ညက အဖြစ်အပျက်ကို Type ပြောပြလိုက်ပါတယ်။

"အိုး..... သူ နားပါစေ မကြာခင် ပျောက်သွားပါလိမ့်မယ် လာ ဒီကိုလာ သား မနက်စာသာ စား ဘာမှ မပူနဲ့ အဘွားမြေးက ကျန်းမာပါတယ် အရက်နာကျတာပါ ပုံမှန်ပါပဲ"

အဘွားပြောတာ ကြားလိုက်မှ Type စိတ်သက်သာရာရသွားပါတော့တယ်။

-----------

Tharn တစ်ယောက် နေမြင့်မှ နိုးလာပါတော့တယ်။ ဒီတစ်ခါတော့ သူနိုးလာတဲ့အချိန် Type က သူ့အနားမှာ ရှိမနေပါဘူး။ သူတို့လက်ထပ်ပြီးကတည်းက နိုးတဲ့အချိန် သူ့ဘေးမှာ Type ရှိမနေတာ ပထမဆုံးပါပဲ။ မနေ့ညက အရှိန်ကြောင့် သူခုထိ ခေါင်းတွေကိုက်နေတုန်းပါ။ မနေ့ညက ဘာဖြစ်ခဲ့တယ်ဆိုတာ အကုန်လုံး မှတ်မိနေပြီး သူ့လုပ်ရပ်ကိုလဲ ရှက်နေမိပါတယ်။

သူ့ဖုန်းကိုလိုက်ရှာတော့ အားသွင်းလျက်သားတွေ့ရပါတယ်။ Type လုပ်ပေးထားတာဖြစ်မယ်။

The unbreakable two (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora