Part 59: အတိတ်ကို ပြန်ပြောင်းတွေးခြင်း

614 77 2
                                    

Unicode

*

"ငါ ဗိုက်ဆာနေပြီ" Type က သူ့ရဲ့ ဗိုက်ပူပူလေးကို ပွတ်ရင်းပြောလိုက်ပါတယ်။

"ဒါဆိုလဲ ဒီနားမှာ စားသောက်ဆိုင် အရင်ရှာပြီး စားရအောင်လေ" Tharn က စိတ်ပူလို့နေပါတယ်။

"အိမ်ကိုပဲ အရင်ပြန်ရအောင်ကွာ အိမ်မှာစားရတာက ပိုကောင်းတယ် အိမ်ကို လွမ်းလှပြီ"

"ခဏလေး.... ဒါဆို ကိုယ့်ကို ဒီမှာ ခဏစောင့်ပေး။ ကိုယ် တခုခုစားဖို့ သွားရှာလိုက်ဦးမယ်။ ကိုယ့်ကလေးလေး ဗိုက်ဆာနေမှာတော့ ကိုယ်မလိုချင်ဘူးလေ" သူက Type ခေါင်းလေးကို နမ်းလိုက်ရင်း အနားမှာ စားသောက်ဆိုင် ဒါမှမဟုတ် တခုခုရောင်းတဲ့ဆိုင်များရှိမလား လိုက်ရှာပါတော့တယ်။

Type က‌တော့ သူစားဖို့ တစ်ခုခုသွားရှာဝယ်တဲ့ သူ့ခင်ပွန်းနောက်ကျောကိုပဲ ငေးကြည့်နေပါတယ်။

သူတကယ့်ကို ယောက်ျားရ ကံကောင်းတာပဲ။ သူ့ကိုဆို အမြဲ ဘုရင်မတစ်ယောက်လို ဆက်ဆံတယ်။ ပြီးတော့ Tharn ကတော့ သူ့ရဲ့ ဘုရင်ပေါ့။ ဆွဲဆောင်မှုရှိ ရုပ်ကလဲချော၊ဂရုစိုက်တတ်တဲ့အပြင် နှစ်လိုဖွယ်အပြည့်ရှိတဲ့အမျိုးသားပါပဲ။

သူ ဘယ်လောက်တောင်ကံကောင်းသလဲလို့ တွေးမိတော့ ဗိုက်ဆာနေတာတောင် ပျောက်လို့သွားပါတယ်။ သူ ပြုံးလိုက်မိတယ်။

Tharn ကိုစောင့်နေတုန်း သူတို့မင်္ဂလာပွဲက စိတ်လှုပ်ရှားမှုတွေ၊ ဟန်းနီးမွန်းတုန်းကအပျော်တွေနဲ့ ခရီးသွားတုန်းက အမှတ်တရတွေကို ပြန်ပြောင်း သတိရလို့နေပါတယ်။

တကယ့်ဘဝမှာ ကြုံတွေ့ရတဲ့ လေပြည်နဲ့မုန်တိုင်းတွေကို သူကောင်းကောင်း ကိုင်တွယ်တတ်နေပါပြီ။ သူ့ရဲ့ ကောင်းခြင်း၊ဆိုးခြင်း ပြီးတော့ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေကို မျှဝေခံစားပေးမယ့် ဘဝအတွက် အဖော်လဲ ရှိလို့နေပြီမလား။

တဖြည်းဖြည်းနဲ့ သူက Tharn နဲ့လဲ အသားကျလို့လာပါတယ်။ ပြီးတော့ သူ့ရဲ့ကိုယ်ပိုင်ပုံစံအမှန်နဲ့နေရတာလဲ သက်တောင့်သက်သာဖြစ်လို့လာပါတယ်။

ခင်ပွန်းကောင်းဆိုတာ ဒီတိုင်းကြီးဖြစ်လာတာမျိုးမှမဟုတ်တာ။ ဒါပေမယ့်လဲ သူ့ကိုယ်သူ ဒုတိယနေရာမှာထားပြီး Tharn ကို ပထမနေရာမှာ ဦးစားပေးထားဖို့အရေးက သူ့ရဲ့ ရည်မှန်းချက်ဖြစ်လို့လာပါတယ်။

The unbreakable two (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora