Part 74: တခြားသူများရဲ့ဘဝ

546 60 7
                                    

Unicode

*

Tharn နဲ့ Type တို့ ညစာစားနေတုန်း Tharn ဖုန်းမြည်လာခဲ့ပါတယ်။

Bob ခေါ်နေတာပါ။

"Type ..... P Bob ခေါ်တာ ဒီချိန်ကြီးမှ ခေါ်တာ ဘာဖြစ်မယ်လို့ မင်းထင်လဲ?" Tharn က Type ကိုမေးလိုက်ပါတယ်။

"သိဘူးလေ" Type ကတော့ ခပ်ရှင်းရှင်းပဲ ဖြေလိုက်ပါတယ်။ "ဖုန်းသာ ကိုင်လိုက်စမ်းပါကွာ"

"ဟဲလို P Bob wadee Krub!"

"ဟဲလို Tharn ငါ မင်းတို့ကိုများ အနှောင့်အယှက်ပေးမိသွားလား?"

"မဖြစ်ပါဘူး P Bob"

"အရင်ဆုံး မင်းငါ့ကို မရယ်ဘူးလို့ ကတိပေးစမ်းပါ"
"ကျွန်တော်က P ကို ဘာလို့ ရယ်ရမှာလဲ? ဘာဖြစ်လို့လဲ P?"

"အမ်း..... ငါ Gun ကို ဖုန်းတွေအများကြီးခေါ်ထားတာ ဖုန်းကမြည်ပေမယ့် သူက ငါ့ဖုန်းကို မကိုင်ဘူး... အဲ့တာ အဆင်ပြေရင် သူ့အိမ်မှာ သူ့ကားရပ်ထားမထားလေး ကြည့်ပေးလို့ရမလားလို့?"

"အာ.... အမ်း..... ရပါတယ် P Bob!" Tharn က သူ့ကို Bob လုပ်စေချင်တဲ့အရာကို ကြားကတည်းက တိတ်တိတ်‌လေး ရယ်ချင်နေတော့တာပါပဲ။

"ကြားရတာ နည်းနည်းတော့ ကိုးလိုးကန့်လန့်ဖြစ်နေမယ်ဆိုတာ သိပါတယ် ဒါပေမယ့်လဲ မင်းသိတဲ့အတိုင်းပဲ.... သူ ဘာလို့ ငါဖုန်းခေါ်တာတွေ မက်ဆေ့တွေကို မဖြေတာဆိုပြီး စိတ်ပူနေလို့ပါ" Bob အသံက ရှက်ရိပ်တွေစွန်းနေပါတယ်။

"အာ စိတ်မပူပါနဲ့ P Bob ရာ ကျွန်တော် အခုပဲ သွားကြည့်ပေးမယ် ပြီးမှ ပြန်ခေါ်ပေးမယ်လေ"

"ကျေးဇူးပါပဲ Tharn Sawasdee nah?"

"Krub ရပါတယ် P ရာ Wadee Krub!' Tharn က ပြုံးလိုက်ပါတယ်။

"ဘာတဲ့လဲ Tharn? သူက ဘာလို့ခေါ်တာတဲ့လဲ?" Type က မေးလိုက်ပါတယ်။

Tharn ကမတ်တပ်ရပ်လိုက်ပါတယ်။ "Gun ကား ရပ်ထားလား မထားလား ငါ တချက်သွားကြည့်လိုက်ဦးမယ်... သခင်မကြီးက အရမ်းတွေ စိတ်ပူနေတယ်" Tharn က အပြင်ထွက်ခါနီး အားရပါးရရယ်လိုက်ပါတယ်။

Type ကတော့ သူ့ခေါင်းကို ကုတ်ရင်းနဲ့ သူပါ လိုက်ရယ်လိုက်ပါတယ်။

The unbreakable two (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora