Part 121: မင်းကဘာဖြစ်နေတာလဲ?

267 32 3
                                    


Unicode
*

ပန်းစည်းတွေ ပို့နေတဲ့ လက်သည်ကို Dos သိလို့သွားခဲ့ပါပြီ။ အဲ့ဒါကတော့ Earth ပါပဲ။

Dos တစ်ယောက် မင်သက်လို့သွားပြီးတဲ့နောက် ဘာကြောင့်များ ၃ ရက်ဆက်တိုက်ကြီး Earth က သူ့အချစ်ဆုံး သူငယ်ချင်းဆီကို ပန်းတွေ ပို့နေတာလဲ ဆိုပြီး တွေးနေမိပါတော့တယ်။ ပြီးတော့ Earth ကရော ဖုန်းပြောနေတဲ့အသံက ဘာလို့ စိတ်တိုပြီး ဒေါသထွက်နေရတာလဲ။

'ငါ ဘာလုပ်သင့်လဲ? Type ကို သွားပြောလိုက်ရင် ကောင်းမလား?' Dos တစ်ယောက် တစ်ယောက်တည်း ရေရွတ်နေပါတော့တယ်။

သူသာ ဒီအကြောင်းတွေ Type ကို ပြောပြလိုက်မယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုလည်း သိလို့နေပြန်ပါတယ်။

Type က လုံးဝ ဆတ်ဆတ်ထိမခံဘူးလေ။ တကယ်လို့ ဒီအကြောင်းသာ သိသွားရင် သူ ချက်ချင်းပဲ နှုတ်ထွက်စာ တင်‌မှာ အသေအချာပါပဲ။
နောက်ဆက်တွဲအနေနဲ့ Tharn ကလည်း Earth ကို အကြီးအကျယ် စိတ်ဆိုးလိမ့်မယ်။ Dos လည်း သူကိုယ်တိုင်တောင် သတိမထားမိဘဲ မျက်ရည်တွေကျလို့နေပါတယ်။သူ အခု တကယ်ကို ဝမ်းနည်းပက်လက်ဖြစ်နေပြီ။

သူက Earth ကို ပထမဆုံးတွေ့တွေ့ချင်းမှာပဲ သဘောကျခဲ့ရတာမလား။ သူတို့တွေ တဖြည်းဖြည်းသူငယ်ချင်းအဖြစ်သာ ဖြစ်လာပေမယ့် သူ့စိတ်ထဲက ချစ်ခြင်းက တစ်နေ့တခြား ကြီးထွားလို့လာနေခဲ့တာ။
Type ရဲ့ ဇာတိကို သွားတုန်းက သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အသေးစိတ်ကို သူအခုထိ မှတ်မိနေတုန်းပဲ။

Earth က Type ကို တိတ်တိတ်လေးသဘောကျနေတာပဲလို့ Dos သူ့ဘာသာ ကောက်ချက်ချလိုက်ပါတယ်။ အခုတော့ Dos သူ့ကိုဘာလို့ သဘောမကျတာလဲ ဆိုတဲ့ အဖြေကို သိပြီ။ သူက Type ကို သဘောကျနေခဲ့တာမို့ကိုး။
သူ့အတွေးထဲမှာ မျောနေတုန်း သူ့ဖုန်းက ရုတ်တရက် မြည်လာခဲ့ပါတယ်။ ခေါ်တဲ့လူက Type ပါ။

Type က ကုမ္မဏီရဲ့ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေဆွေးနွေးတဲ့ပွဲမှာ သဘာပတိအဖြစ် ဦးဆောင်ခဲ့တယ်။ အစည်းအဝေးကြီးသာ ပြီးသွားတယ် Dos ကတော့ တစ်ခွန်းလေးတောင် ဝင်မပြောခဲ့ပါဘူး။ သူ့ကြည့်ရတာ အရမ်းဝမ်းနည်းနေပြီး စိတ်မသက်မသာဖြစ်နေပုံလည်း ပေါ်နေပါတယ်။
Type သူ့ပုံစံကို သတိထားမိသွားပါတယ်။
"ဟေ့ကောင်" Type သူ့ပခုံးကို ပုတ်လိုက်ရင်း "ဘာဖြစ်နေတာလဲ? မင်းပုံစံက ဘာလို့ ထူးဆန်းနေရတာလဲ ဟမ်? မင်းအတွက် အလုပ်သစ်မှာ လုပ်ရတဲ့အရာတွေအတွက် အခုထိ မကျေမနပ်ဖြစ်နေတုန်းလား? "

The unbreakable two (Unicode+Zawgyi)Donde viven las historias. Descúbrelo ahora