Part 45: ကတိ

718 86 7
                                    

Unicode

*

Tee နဲ့ သူ့သားလေး ဘန်ကောက်ကားကွင်းကိုရောက်တော့ ညနေ ၄ နာရီထိုးလို့နေပါပြီ။

Tharn ဖုန်းမြည်လာပါတယ်။ Tee ဆက်တာပါ။

"ဟဲလို P Tharn" Tee စိတ်လှုပ်ရှားနေပြီး အသံက တိုးနေပါတယ်။

"ဟဲလို Tee!" Tharn က သူ့အသံကို ချက်ချင်းကျက်မိသွားပြီးတော့ "အခုဘယ်မှာလဲ? ဘန်ကောက်ကိုရောက်ပြီလား?"

"ဟုတ်...." Tee အသံက တိုးတိုးလျလျ။ သူ့သား Boom ကတော့ သူ့ပေါင်ပေါ်မှာ အိပ်ပျော်လို့။

"ငါလာပြီနော်! ငါ့ကိုစောင့်နေနော်။ မကြာပါဘူး" Tharn ကပြောပြောဆိုဆိုနဲ့ သူ့ပစ္စည်းတွေကို သိမ်းဖို့ပြင်ပါတယ်။

သူထိုင်ခုံကနေ ထရပ်လိုက်တော့ Tong က သူ့အနားရောက်လာပါတယ် "မင်း ဘာတွေ အလောတကြီးဖြစ်နေတာတုန်း?"

"ငါ အိမ်ပြန်ဖို့ စိတ်လှုပ်ရှားနေတာ" Tharn ကဖြေပြီးပြီးချင်းထွက်သွားတော့ Tong သူ့ခေါင်းကိုကုတ်ရင်း ကျန်ခဲ့ပါတယ်။

"ဟေ့ကောင် နေဦး! ငါမေးစရာရှိ....." Tharn က သူပြောတာကို ဆုံးအောင်တောင် နားမထောင်ပါဘူး။

Tong လဲ သူ့စားပွဲသူ ပြန်လာပြီးတော့ အိမ်ပြန်ဖို့ သိမ်းစရာရှိတာတွေ သိမ်းနေပါတော့တယ်။

-----------------

"Type အချစ် ကိုယ်အခု သူတို့ကို သွားကြိုနေပြီနော်" Tharn ဖုန်းထဲကပဲ အကြောင်းကြားလိုက်ပါတယ်။ သူအခုကားမောင်းနေပါပြီ။ သူက အလုပ်အရင်ဆင်းတာမို့ Tee နဲ့ Boom ကို ကြိုဖို့ သူသွားနေတာပါ။

"ငါ သူတို့ကိုတွေ့ဖို့ အရမ်းစိတ်လှုပ်ရှားနေပြီ။ ကားသေချာမောင်းဦးနော်" Type ကတော့ သူ့အပျော်တွေ ဖုံးမရ ဖိမရဖြစ်လို့နေပါပြီ။ သူက အခုထိ ရုံးမှာပဲရှိနေသေးတာပါ။ သူလဲ 4 နာရီခွဲ ဒေါင် ဆိုတာနဲ့ ရုံးဆင်းမှာပါ။

"အိုကေ ခဏနေ တွေ့မယ်နော်"

"အိုကေ ဟန်နီ ပြီးမှတွေ့မယ်"

------------------------

ကားကွင်းထဲက ဆိုက်ရောက်ကိုရောက်တော့ မနီးမဝေးမှာ Tee နဲ့ Boom ကို Tharn လှမ်းမြင်နေရပါပြီ။ ကလေးကတော့ ခုထိအိပ်နေဆဲပါ။ Tee က ကလေးနဖူးလေးကို အသာအယာထိနေပါတယ်။ Tee ရဲ့ အဝတ်အစားတွေက နွမ်းနွမ်းဖတ်ဖတ်နဲ့ပါ။ သူ့ကြည့်လိုက်တာနဲ့ ဆင်းရဲတယ်ဆိုတာ တန်းသိသာနေပါတယ်။ သူ့အဝတ်အစားတွေကြောင့် Boom ရဲ့အဖေနဲ့ ဘယ်လိုမှ မတူပါဘူး။ ဒါ့အပြင် ဟိုတလောကမှ Tharn နဲ့ Type ဝယ်ပေးခဲ့တဲ့ အဝတ်အစားအသစ်တွေ Boom ကို ဝတ်ပေးထားတော့ သားအဖဆိုတာဘယ်လိုမှ မတူဘူးဖြစ်နေပါတယ်။

The unbreakable two (Unicode+Zawgyi)Tempat cerita menjadi hidup. Temukan sekarang