Chapter 0

4.3K 419 71
                                    


" cheers !!!!! "

ရွှေရောင်လဲ့လဲ့အရည်များသည် ညီညာပေးသံများနှင့်အတူခွက်ငယ်များအတွင်း၌ လှုပ်ယမ်းသွားခဲ့ကြသည်။

ခိုးစားရတဲ့အသီး ပိုချိုတယ်ဆိုသလို ၊ ခိုးကြောင်ခိုးဝှက်
ဖြင့် လည်ချောင်းထဲစီးဝင်သွားသည့် အရသာခါးပူပူသည်
အဆိုပါညနေခင်းကို စိတ်ကျေနပ်သွားစေသည့် ခံစား
ချက်ပေးသည်။ ရင်ခုန်ဖို့လဲကောင်းသည်။ ကျောင်းခေါင်မိုးထပ်မှာ စီးကရက်ခိုးသောက် ရုံခံစားချက်နှင့်တော့မတူ
ပါလေ။

အသက်မပြည့်သေးပဲ သက်သေခံအထောက်အထားပါ
လိမ်လည်ပြီး အပေါက်စောင့်ကို လာဘ်ထိုးပြီး
နိုက်ကလပ်ထဲကို ခိုးဝင်ခဲ့ကြသည့်အတွက် ရင်တွေက
တော့တလှပ်လှပ်ဖြစ်နေခဲ့ကြသည်မှာအမှန်။

"ငါတို့ခေါင်းဆောင်ကြီးရဲ့ ၁၉နှစ်ပြည့်မွေးနေ့အတွက်"

"ယီးလား တိုးတိုးပြောစမ်း မင်းပထွေးတွေရောက်လာပြီး
ကန်ထုတ်သွားဦးမယ်"

ငါးယောက် တအုပ်သား ချောင်မှာကပ်ပြီး ဆဲလိုက် ဆို
လိုက်ဖြင့် အချင်းချင်း မာန်မဲနေခဲ့ကြသည်။

နိုင်ငံတကာကျောင်းတက်ပြီး မိဘအလွန်ချမ်းသာသည့်သူဋ္ဌေးသားဘော်ကြော့ သူတို့အုပ်စုသည် အလွန်အမင်း
ဆိုးရွားသည်။

မိဘအသိုင်းအဝိုင်း အအုပ်အထိန်းကောင်း၍သာ
စီးကရက်လေးခိုးသောက်ရုံ ၊ အုပ်စုဖွဲ့နှိပ်စက်ရန်ဖြစ်ရုံ ၊
ရံဖန်ရံခါ ကလပ်သွားရုံလောက်သာ သောင်းကျန်းကြ
ခြင်းဖြစ်လေသည်။

အရည် သောက်ရုံဖြင့် အငြိမ်မနေနိုင်သည့် ကျန်သကောင့်သားလေးယောက်သည် dancing floor ၌ လှုပ်ခါ
နေသည့် ရှိုက်ကြီးရှိုက်ငယ် အသွယ်သွယ်အား အချင်း
ချင်းမျက်စပစ်လျက် သွားကကြဖို့ကြံနေလေပြီ။

"လိုက်ဦးမလား "

"သွားမေးနေသေးတယ် ဒီကောင်ကဘယ်တုန်းကလိုက် လို့လဲ "

"အောမီးသောဖော် အရည်သောက်ပြီး ဝင်လေထွက်လေ
မှတ်ကြံနေခဲ့ပါဖရာ့"

"ယီးဖြစ်နေတာလား မင်းတို့အဖေငါက အရင်ဆုံး
လူပျိုရည်ပျက်ထားတာ သိတယ်နော် မျက်စိနောက်တယ် သွားကြစမ်း"

why we shouldn't Where stories live. Discover now