34.4K 4.1K 43
                                    

(Unicode)

"စိုင်းနောင်"

"ရှိစ စော်ဘွားငယ်၊ ဘာများအလိုရှိပါလေစ"

"ခွန်နှောင်း အဘယ်စ"

"လိမ္မော်ခြံထဲ ဆင်းရော့ထင့်၊ မွန်းတည့်က ဘွားဥကိုမေးပြီး သွားလေရော့"

"ရော် တောကောင်ပိုးမွှားတွေ ရှိလျက်နှင့် မဆင်မခြင်"

ဦးသာသည် ရောက်ရောက်ချင်းပင် အဝတ်အစားမလဲနိုင်။ ခွန်နှောင်းနောက်သို့ လိုက်ရပေသည်။ ကောင်ငယ်လေးသည် ဆိုးပေလှပေသည်။

~~~~~~~

အထင်နှင့်အမြင် တက်တက်စင်အောင်လွဲကြောင်းကို သျှန်ခွန်နှောင်းတို့ လိမ္မော်သီးခွါစားနေခြင်းဖြင့် သက်သေထူလေသည်။

"ခွန်နှောင်းရယ်ဖြင့်လေ အကျွန်ဖြင့် စိတ်ပူနေရော့ထင့်"

"ဪ လူကြီးကလည်းလေ ဒီမှာ ကလေးတွေနဲ့ဆော့နေတာဗျ၊ ဘာမှမဖြစ်ဘူး၊ ကျွန်တော် မစားဖူးတာတွေပါစားပြီးပြီ"

ခြုံတိုးထားရသမြင့် ဖုန်တချို့ ခေါင်းတွင် တွယ်ငြိနေသည်။ ဦးသာလည်း မနေသာတော့။ ဖုန်စများဖယ်ပေးလေရာ ခွန်နှောင်းက လိမ္မော်သီးတစ်မွှာ ခွံ့လေသည်။

"ရော့"

"အကျွန် မနှစ်သက်ရော့၊ ခွန်နှောင်းသာစားပါလေ့"

"စားပါလူကြီးရဲ့ ချဉ်ချဉ်လေး၊ စားကောင်းတယ်"

ဦးသာ တစ်မွှာသာ စားလိုက်သည်။ ထို့နောက် ထိုကလေးငယ်နှင့်အတူ အိမ်သို့ပြန်လာပါသည်။

~~~~~~~

"အင်း အင်း"

ညဘက် ဦးသာ နောင်တော်အိမ်မှပြန်ရောက်သော် ခွန်နှောင်းအခန်းမှ ညည်းသံတချို့ ကြားရလေသည်။

"ခွန်နှောင်း နေသာလေစ၊ ဘာများဖြစ်နေစ"

ပြန်ထူးသံမကြားရ။ ဦးသာ ဝင်သွားတော့ ခွန်နှောင်းသည် ဗိုက်ကို ကိုင်ကာ ကွေးကွေးလေးအိပ်နေလေသည်။

"ခွန်နှောင်း"

"အာ လူ ကြီး၊ ကျွန်တော် ဝမ်းသွားနေ ..ဝေါ့"

ဦးသာ ကြောင်စီစီ နိုင်သွားလေသည်။ ခွန်နှောင်းက အခု သူ့ပေါ်ကို .. သူ့ပေါ်ကို အန်ချလိုက်လေတာ။ အန်ချပြီးနောက် ကိုယ်ဖြူဖြူလေးသည် ပျော့ခွေကျသွားလေသည်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now