(Unicode)
ပြိုင်ပွဲပြီးသွားသည့်အခါတွင် အကောင်းဆုံး အားကစားသမားဆုကို စဝ်စံဦးသာကရသော်ငြား အဖွဲ့လိုက်တွင်မူ ဒုတိယဆုကိုသာရရှိသည်။ ကစားနေသည့်တောက်လျှောက်တွင် သျှန်ခွန်းနှောင်း၏ အမည်နာမက နှောင့်ယှက်လျက်သာ နားထဲသို့ ဝင်ဝင်လာ၏။
အဘယ်ကြောင့် ဤသို့ဖြစ်နေခြင်းကိုမူမသိနိုင်သော်လည်း သျှန်ခွန်နှောင်းသည် အန္တရာယ်ကလေးနှင့်တူသည်။ ရှောင်နေသောအခါ အေးချမ်းသော်လည်း မရှောင်နေလျှင် စိတ်ထဲ တစ်နည်းမဟုတ်တစ်နည်းဝင်လာသည်။ သို့သော် ဦးသာကလည်း မစဉ်းစားပဲမနေနိုင်။
သျှန်ခွန်နှောင်းကို မြင်လျှင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ရင်ဘတ်က အလွန်အမင်း နာကျင်အောင့်တက်လာသည် ညသို့ဖြစ်၍ မမြင်အောင်နေလျှင်လည်း သူ့ဘက်ကပင်လိုက်ရှာမိသည်။
Canteen အဝေးရှိ basketball ကွင်းတွင် မကစားပဲ ခွန်နှောင်း ထိုင်တတ်သော canteen အနီးရှိ ကွင်းတွင် ကစားသကဲ့သို့နည်းလမ်းများကို သူသုံးတတ်လေသည်။"အစ်ကို ဂုဏ်ပြုပါတယ်"
ခွန်နှောင်းက ဆုပေးပွဲပြီးသည့်နောက်တွင် ခုံပေါ်မှထလာကာ ဦးသာကို ဂုဏ်ပြုစကားပြောသည်။ သို့သော်ငြား အမှန်ပင်စိတ်မကြည်သော ဦးသာ၏မျက်နှာတွင် အလိုမကျမှုများ ထင်ဟပ်လျက်။ တစ်လျှောက်လုံး သျှန်ခွန်နှောင်းအကြောင်း စဉ်းစားနေမိ၍သာ ပွဲကရှုံးရသည်ဟု မှတ်ယူထားသကဲ့သို့ဖြစ်နေရာ အပြုံးတစ်ချက်ပင် မစွန့်ကြဲနိုင်ပဲ နေရာမှထလာခဲ့ရသည်။
အဘယ်ကြောင့်များ ထိုကောင်လေးကို သူ့ဘက်က မကျေမနပ်ဖြစ်နေရပါသနည်း။ မုန်းစရာ မြူမှုန်တစ်စမှ ရှိမနေပါလျက်နှင့်လေ။
"အစ်ကို"
"သျှန်ခွန်နှောင်း၊ မင်း အစ်ကိုနဲ့ ခဏလောက် ဝေးဝေးနေပေးလို့ရမလား"
အတတ်နိုင်ဆုံး လေသံကိုထိန်းပြောသော်လည်း အတန်ငယ်မာသော အသံနေအသံထားကို သူသိသည်။
"အစ်ကို... ဘာလို့ ..."
"မင်းလိုက်ခဲ့ ..."
အားကစားရုံအပြင်ဘက် တစ်နေရာ။ ခုံဟောင်းများစုပုံထားသော တိုက်နှစ်ခုကြားသို့ စဝ်စံဦးသာက သျှန်ခွန်နှောင်းကို ဆွဲခေါ်လာပြီး သျှန်ခွန်နှောင်း၏ ကျောကို နံရံသို့ဆောင့်ကပ်လိုက်သည်။
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?