32.2K 3.9K 80
                                    

(Unicode)

စိတ်ပူစွာဖြင့်လိုက်ရှာခဲ့ရသောကောင်လေးသည် စျေးရုံအပြင်ဖက်တွင် မတ်တပ်ရပ်လျက်သား။ အနားတွင် ဝက်သားချဉ်ရောင်းသည့် အသည်။

ဦးသာ ရင်ထဲက မီး အခုမှ ငြိမ်းတော့သည်။ မတော် ပျောက်သွားခဲ့လျှင် ဒုက္ခလှလှတွေ့သွားနိုင်သော ကောင်လေးကို ပြန်ရှာတွေ့လေပြီ။

"လူကြီး လာပါဦး၊ ကျွန်တော့်ဆီ"

"ဘယ့်နှယ့်တုန်း ခွန်နှောင်း၊ အကျွန်ဖြင့်စိတ်ပူရော့"

"မပူပါနဲ့ ဟီးဟီး ဝက်သားချဉ်လေး ထပ်စားချင်လို့၊ ဟိုဘေးမှာ ကောက်ညှင်းကင်လည်းရှိတယ် သိလား"

တကယ်တော့ ခွန်နှောင်း ဗိုက်ဆာလှပါပြီ။ နေမွန်းတည့်လို့ ကျော်တောင်ကျော်တော့မည့်အချိန်တွင် ခွန်နှောင်း ဗိုက်ထဲ ဘာမှမရောက်သေး၍ ငိုချင်ချင်ဖြစ်နေလေသည်။

"စိုင်းနောင်"

" .. "

"ဝယ်လာလိုက်ဦးရော့၊ ဒီကောင်လေး ဒါမှ မစားရရင် ငိုရော့မည်ထင့်"

ခွန်နှောင်းတို့ဘဝသည် မိုင်းပွန်တွင် သာယာလှပေသည်။

~~~~~~~~

"အကိုစိုင်းနောင် လူကြီးဘယ်သွားလဲ"

"မသိရော့ ခွန်နှောင်း"

"ဘွားဥ လူကြီးရော"

"ကြက်တွန်ကတည်းက ကားနဲ့ထသွားလေရော့၊ ဘယ်မှန်းတော့ မသိလေစ"

ခွန်နှောင်း နှာခေါင်းရှုံ့ရပြီ။

ဒီနေ့ မမနန်းစောဆီ သွားလည်မည်ဟု ပြောထားပြီး လူကြီးက လိုက်ပို့ပါမည်ဟု ကတိပေးပြီးခါမှ ဘယ်ဆီ ဘယ်မှန်း ဘယ်စခန်းသို့ ကြွချီသွားလဲ မသိချေ။ မကြာမီ ဂျစ်ကားသံဖြင့် လူကြီး အထဲဝင်လာတော့သည်။

"ခွန်နှောင်း အနည်းငယ်နောက်ကျသွားရော့"

"ဘယ်သွားနေတာလဲ"

"ခွန်နှောင်းအိမ်ကသတင်းလို့ပြောရော့၊ ဒါကြောင့် လိုက်သွားလေစ"

"ဘာတဲ့လဲဟင် ကျွန်တော့်ကိုရှာနေတာလား"

"မဟုတ်လေစ လူမှားခြင်းပေရော့"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now