(Unicode)
"မခွဲချင်ဘူးကွာ"
ညနေမှောင်ရီတရောအချိန်မဟုတ်သော်ငြား ညီအကိုမသိတသိအချိန်ဖြစ်နေလေပြီ။ နေရာမှာ စဝ်စံဦးသာ၏ ကားအတွင်း၊ နေရပ်ကား သျှန်ခွန်နှောင်း၏ ခြံအရှေ့။ စဝ်စံဦးသာက ခွန်နှောင်း၏ ညာဘက်လက်ဖဝါးကို ဆုပ်နယ်ကစားကာ ခေါင်းကိုငုံ့ထားလျက်။
"သန်ဘက်ခါတွေ့ရမှာပဲကို၊ ဘုရားတူတူသွားမယ်လေ"
"မရဘူးကွာ"
စဝ်စံဦးသာမှာ ကလေးဆိုးကြီးနှယ်။ သျှန်ခွန်နှောင်းကို မော့ပါမကြည့်တော့။
"မွေးနေ့ပါ ဘုရားမလိုက်ပေးပဲနေလိုက်မယ်နော်"
"ဟာ ဘယ်ရမလဲ၊ အကျပ်ကိုင်တာလား"
"အိမ်က ကြီးကြီးက ဆူမှာလေ၊ မဟုတ် လူကြီး အိမ်လိုက်အိပ်မလား ကဲပြော"
"ကြီးကြီးကို ပြောလိုက်လေကွာ၊ Night duty လို့၊ မဟုတ်လည်း အလုပ်ခရီးပေါ့၊ သူငယ်ချင်းအိမ်မှာ အသည်းအသန်ဖြစ်လို့လို့ပြောလည်းရတာပဲ"
အမယ်လေး အံ့ဩပါဘိ။ ရိုးသားဖြောင့်မတ်လှပါသော စဝ်စံမိသားစု၏သားဖြစ်သူက သူကိုယ်တိုင်၏ မွေးနေ့တွင် ချစ်သက်လည်အား အတူရှိစေချင်ခြင်းအလို့ငှါ လိမ်ဆင်ပေါင်း တစ်သောင်းခြောက်ထောင်ကို ဉာဏ်နီ ဉာဏ်ပြာ ဉာဏ်ဝါ ဉာဏ်ရောင်စုံဖြင့် ခွန်နှောင်းကလေးကို သင်ကြားပေးနေပြန်ပါသည်။
"မရဘူး ကြီးကြီးက လူရိပ်ခြေ အကဲခတ်တာမြန်တယ်"
"ဟင်း"
သက်ပြင်းကို ဟန်လုပ်ချသော်လည်း ခန့်ညားနေလွန်းသော ဒီလူကိုမှ သူ၏သံယောဇဉ်က အုတ်မြစ်တွယ်နေချေပြီ။ သူ့အရှေ့က သူချစ်ရသော လူသားသည် နောက်တစ်ရက်ခြားတွင် ၂၉နှစ်ကျော်ကာ ထိပ်စီးပြောင်းတော့မည်။ ထိုသို့သော မွေးနေ့ပွဲမျိုးတွင် သူကမရှိပေးပဲ နေမတဲ့လား။ စဝ်စံဦးသာသည် တစ်ခါတစ်ရံကျ တုံးလွန်းပါသည်။
"သက်ပြင်းချရင် အသက်တစ်ရက်တိုတယ်၊ ကျွန်တော်နဲ့ တူတူနေရမယ့်တစ်ရက် လျော့သွားချင်လို့လား"
"ဟင့်အင်း ဖွဖွ၊ မင်းကလေးမရှိတော့မယ့်နောက်နေရမယ့်ရက်တွေထဲက တစ်ရက်လောက် လျော့လိုလျော့ငြားပါ သက်လည်ကလေးရယ်"
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?