(Unicode)
မိုင်းပွန်မြို့လေးသည် ညနေစောင်းနှင့် ညပိုင်းအချိန်အခါတို့တွင် အအေးပိုသော်လည်း မနက်နေထွက်စနှင့် မွန်းတည့်ချိန်တို့တွင်မူ နေရောင်ခြည်နွေးနွေးသည် မြေပြင်ပေါ်သို့ သက်ဆင်း မြေခ လေသည်။
ယခုမူ ထိုနေရောင်ခြည်က ဦးသာ၏ ဘေးတွင်အိပ်မောကျနေသော ခွန်နှောင်း၏ မျက်နှာနုနုပေါ်သို့ ယှက်ဖြာကျရောက်လျက်။ မျက်တောင်ရှည်များက ကော့ညွတ်လျက်။ ပါးဖောင်းဖောင်းလေးများက မေတ္တာယိုစိမ့်ဖွယ်။ နှာလုံးလုံးလေးကို တို့ထိမိတော့ ခွန်နှောင်းက လူးလူးလွန့်လွန့်ဖြစ်လာသည်။
စောင်ကို ခွန်နှောင်းဘက် အလုံးစုံခြုံပေးခဲ့ပြီးနောက် ဦးသာ ကုတင်ပေါ်မှထကာ မျက်နှာသစ်သွားတိုက်ပြီး ဘုရားခန်းထဲဝင်ခဲ့တော့သည်။
"စော်ဘွားငယ်၊ မနက်စာ ပြင်ဆင်လေဖို့"
"ကောက်ညှင်းကင်နဲ့ မြီးရှည်ပဲ ပြင်ရော့လေ၊ ဝက်သားချဉ်ပါ ထည့်ရော့"
"ဟို မလိုက်ဖက်ရော့ဘူးထင့်"
"ထည့်ပါလေ၊ ခွန်နှောင်းက ဝက်သားချဉ်ကြိုက်ရော့"
စိုင်းနောင်ကတော့ ခေါင်းတခါခါဖြင့် ထွက်သွားလေသည်။ လိုက်လိုက်မလိုက်လိုက် ခွန်နှောင်းက သူကြိုက်တာပဲ သူရွေးစားတတ်သည်မို့။
ဘုရားရှိခိုးပြီး ပြန်ထတော့ ကြက်တွန်ချိန်ကိုပါ လွန်လုလု။ ဦးသာအခန်းထဲပြန်ဝင်ကာ ကောင်ငယ်လေးကို နှိုးရပေသည်။ ညက ဂျီကျကာ ဦးသာ အခန်းထဲမှာ အိပ်မည်ဟူ၍ ပေးအိပ်ထားရသည်လေ။
ဖွင့်ပြောခံရသည်မှာ ဦးသာဖြစ်ပြီး ရှက်ရသည်မှာလည်း ဦးသာဖြစ်နေသည့်အတွက် ခွန်နှောင်းကရယ်သေးသည်။ သို့သော် ခွန်နှောင်းကို ရွေးချယ်ရန် ဦးသာမည်မျှ သတ္တိရှိခဲ့သည်ကိုပါ ခွန်နှောင်းက နားလည်သည့်အတွက် မလှောင်ရက်။
"နိုးလေစ ခွန်နှောင်း"
"အင်း နိုးပြီဗျ"
စောင်ပုံထဲက ထကာ ပြုံးပြနေသော ခွန်နှောင်းက ဦးသာ၏ မေတ္တာအစုစု ဖြစ်တည်ဖွယ်။
"ညကဘာလို့မမေးတာလဲ မမနန်းစော ဘာပြောသွားလဲလို့"
"သိဖို့ရာ မလိုအပ်ဘူးရော့ထင့်"
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?