၁၈

24.8K 3K 64
                                    

(Unicode)

"မောင်ငယ်လေးက ဒီအိမ်ဆောင်မှာပါ နေရော့တာလား"

ကားပေါ်မှ ဆင်းဆင်းချင်း ရို့စ်က ထမီကိုဆွဲဆန့်ကာ ခွန်နှောင်းအား နူးနူးညံ့ညံ့ပြောရှာသည်။

"ဟုတ်၊ ဟုတ်ကဲ့အမ"

မသင်္ကာ။ တစ်ခုခုကို လုံးဝလုံးဝမသင်္ကာ။ ထိုအမကြီးသည် ခွန်နှောင်းကို ကောင်းမွန်စွာ ဆက်ဆံနေပါသည်တဲ့လား။

"ဦးသာ တို့ဝင်နှင့်တော့မယ်၊ အခန်းပြင်ထားရဲ့မလား"

"ဟုတ်ကဲ့ မမလေးနှင်းဆီ၊ အပေါ်ထပ်မှာ"

"ရို့စ်ပါဆိုနေ၊ ဘယ်လိုဖြစ်လို့ နှင်းဆီလဲ၊ တကယ်ပါပဲ"

အကိုစိုင်းနောင်က ကြားထဲမှ ပြန်ဖြေလိုက်သော်လည်း မနှင်းဆီဟူသော နာမည်ကြောင့် ရို့စ်၏ မျက်နှာမှာ မဲမှောင်သွားပြန်ပါသည်။ အိမ်ထဲသို့ ခြေဆောင့်ကာဝင်သွားသော ရို့စ်အား ခွန်နှောင်းက နှာခေါင်းရှုံ့ကာ ကြည့်နေလျက် ..

"ခွန်နှောင်း နေသာရဲ့လား"

"အာ လူကြီး၊ နေသာတာပေါ့၊ လူကြီးကြိုက်တဲ့ဟင်းတောင် ကူချက်ထားပေးသေးတယ်"

ဝတ်ထားသောကုတ်အား လက်တွင်ခေါက်တင်လျက် ကားကိုတစ်ပတ်ပတ်ကာ ခွန်နှောင်းဆီ လျှောက်လာသော ဦးသာသည် ခွန်နှောင်းစိတ်ထဲတွင်တော့ လွန်စွာ ကြည့်ကောင်းလှပါသည်။

"ရို့စ်ကဖြင့် မိုင်းပွန်မှာတည်းပေလိမ့်မယ်၊ ခွန်နှောင်းအဆင်ချောနိုင်ရော့မလား"

"အော်၊ ဘာမှမဖြစ်ပါဘူး သူ့ဟာသူတည်းတာပဲ၊ ကျွန်တော်နဲ့မှမဆိုင်တာ"

"...."

"ဒါပေမယ့်"

"အင်း ..."

"လူကြီးနဲ့ဆိုင်လာရင်တော့ မပြောတတ်ဘူးပေါ့လေ"

ဦးသာသည် ခပ်ဟဟ ရယ်လျက် ခွန်နှောင်း ပုခုံးကို ဖက်ကာ ထမင်းစားဆောင်သို့ ဝင်သွားပါတော့သည်။

မြိန်ရေရှက်ရေစားသုံးလိုက်ရသော နေ့လည်စာကို ချစ်ရသူက ပါရမီဖြည့်ထားခြင်းအားဖြင့် ချက်ကူထားသည်ဟု သိရသည့်အခါ ပို၍ပင် အာဟာရပြည့်သယောင်ယောင်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now