(Unicode)
"မမနန်းစော" ဟုခေါ်လိုက်သောအခါ မော့ကြည့်လာသူက အမှန်ပင် မမနန်းစော။
"အော် မောင်လေး၊ သင်တန်း အပ်ထားပြီးသားထင်တယ်"
အသံချိုသာသာက ငြိမ်းအေးစွာပင်။ မမနန်းစောက အမြဲပင် စိတ်နှလုံးသား ပြည့်ဝသူဖြစ်လေရာ မျက်နှာကပင် ကြည်ရှင်းနေတော့သည်။
"ဟုတ်ကဲ့"
"private class ဆိုတော့ မောင်လေးပဲရှိမှာ၊ ခဏနော် အမဒါပြီးအောင် လက်စသတ်ချင်လို့"
Dough လေးများကို oven ထဲထည့်ပြီး ခွန်နှောင်းကို ပြန်လှည့်၍ ရယ်ပြနေသော မိန်းမလှလေးက အလွန်ပင် နွေးထွေးဟန်ရှိ၏။
"အမနာမည်က နန်းစောမွန်ခိုင်၊ မောင်လေးက သျှန်ခွန်နှောင်းဟုတ်၊ ရှမ်းထင်တယ် ဖြူဖြူကလေး၊ အမလည်း ရှမ်း .. ဒါပေမယ့် ရန်ကုန်ရောက်တော့ ညိုပါညိုနေပြီ"
ရယ်လျက်ပင် ကြောင်စီစီနိုင်သော လေထုကို အရွှန်းဖောက်၍ ရင်းနှီးအောင် ပြုလုပ်ပေးသောအခါ ခွန်နှောင်းကပါ လိုက်ပါရယ်မောလျက်။
"ဟုတ်ကဲ့ မမ၊ ကျွန်တော် ဘာကူပေးရမလဲ"
"ရတယ် ရတယ်၊ လက်ဆေးပြီး apron လေးဝတ်ထား ဂျုံနယ်တာကနေစမယ်နော်"
"ဟုတ်"
မိုင်းပွန်အတိတ်နှင့် မကွာခြားစွာပင် မမနန်းစောက ရင်းနှီးစွာ ပြောဆိုဆက်ဆံမှုပြုသည့်အခါ သူသည်လည်း အမရင်းတစ်ယောက်နှင့်မခြားနား ပြောဆိုဆက်ဆံရပြန်ပါသည်။
သုံးနာရီခန့်သင်ပြီးသောအခါ ပြန်ဖို့အချိန်ကျလာသည့်အပြင် ခွန်နှောင်း ဗိုက်ထဲကပါ အသံစုံမြည်လာသည်မို့ မမနန်းစောက အတန်းဆင်းပေးပြီး ခြံပေါက်ဝအထိ လိုက်ပို့တော့သည်။
"တစ်ပတ်တစ်ခါပဲ သင်ရမှာဆိုတော့ အဆင်ပြေမှာပါ၊ မောင်လေးကျောင်းတက်ရတဲ့အချိန်ကျ ညနေပိုင်းရွှေ့ပေးရမလား ဒီအချိန်ပဲသင်ပေးရမလား"
"ညနေပိုင်းပိုကောင်းမယ်ထင်တယ်မမရေ ဒီအချိန်ပဲဆို ၇ ရက်လုံး အပြင်ထွက်နေသလိုဖြစ်သွားမှာ၊ အဲ့ကျ မေမေကဆူတော့မှာပဲ"
ရယ်သံကလေး နှောကာပြောတော့ မောင်ငယ်လေးလို အချစ်ပိုရသည်မှာ နန်းစောသာဖြစ်ရသည်။
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?