၁၄

29.3K 3.5K 108
                                    

(Unicode)

"တောင်ကြီး မီးပုံးပျံပွဲ ?"

"ဟုတ်လေရော့၊ ခွန်နှောင်း သွားချင်သလားလေ"

"အာ သွားချင်တာပေါ့၊ ကျွန်တော် ခရီးမထွက်ဖူးဘူး"

"ဒါဖြင့် ..သွားစို့"

လေလေးတစ်ချွန်ချွန်ဖြင့် ခွန်နှောင်းက သူ့အခန်းထဲဝင်ကာ ဦးသာ ဝယ်ထားပေးသော ရှမ်းထည်များကို အိတ်ထဲထည့်နေလေသည်။ ဦးသာကတော့ တံခါးဘောင်ကို မှီကာရပ်လို့။ တကယ်ပါ ကောင်လေးပျော်နေရင် ဦးသာ ကမ္ဘာ ငြိမ်းချမ်းပါသည်။ ထိတွေ့လိုသော ဆန္ဒ တစိုးတစိမျှ မပါနေသော အချစ်သည် ဖြူစင်လွန်းလှပါ၏။

"တစ်ခဏချင်း အထုတ်ကောက်ပြင်လေသော ခွန်နှောင်းရယ်ပါလား၊ ပွဲဖြင့်မစသေးသရော့လေ"

"ဟင် အဲ့ဒါဆို ဘယ်တော့သွားမှာလဲ"

"ဖိန်းနွှဲခါ"

"စောင့်ရဦးမှာပေါ့"

"ဪ ခွန်နှောင်းရယ်၊ ကိုယ်လုပ်သောပွဲ မဟုတ်လေရော့"

"ဒါပေမယ့် ဒီမှာ တကယ်ပျင်းနေပြီ"

ထိုစဉ် စိုင်းနောင်က အပေါ်တက်လာလေရာ စကားခဏရပ်ရာ၏။ လက်အောက်ငယ်သား ရှေ့တွင်တော့ ဆင်ခြင်မှပါလေ။

"စော်ဘွားလေး၊ မြို့တောင်ဘက်မှ မြင်းနှစ်ကောင် ဆက်သလေရော့၊ လက်ခံရကြောင်း အကြောင်းပြန်စာ ပေးပို့ရန် အမိန့်ပါးပါလေ"

"အကျွန်မေ့နေလေရော့ စိုင်းနောင်၊ သေချာစွာပြောပေးစ၊ အလွန်ဝမ်းမြောက်မိပါကြောင်းထင့်"

"ကောင်းပါ့ စော်ဘွားလေး"

စိုင်းနောင် ပြန်ဆင်းသွားပြီးမှ ဆံပင်အုပ်လုံးလုံးလေးက တံခါးကြားမှ ထွက်လာလေသည်။

"လူကြီး"

"ပြောရော့"

ခွန်နှောင်း၏ လူကြီးဟူသော ခေါ်သံက ပို၍ နူးညံ့လေလေ၊ ဦးသာ ပို၍ မျက်ခုံးလှုပ်လေလေ။

"မြင်းစီးရအောင်"

"ဘယ်လို !"

"မြင်းစီးသင်ပေးပါလား၊ ကျွန်တော်လည်းပျင်းနေတာ လုပ်စရာမရှိဘူးဗျ"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now