၁၁

31.7K 3.6K 61
                                    

(Unicode)

"ဘွားဥ"

"ပြောရော့ စော်ဘွားလေး"

"ခွန်နှောင်းရောလေ၊ အိမ်တော်ထဲမတွေ့မိလေစ"

"ကျော်ကျော်နဲ့ ရေကန်ငယ်ဆင်းရော့တယ်၊ လိုက်သွားချင်လိုက်လေရော့"

"ကောင်းပါလေ့၊ လိုက်သွားမယ်လေစ"

ဦးသာ ခပ်မြန်မြန် နှုတ်ဆက်ကာ ထွက်လာခဲ့လေသည်။ ဒီကောင်လေးကို သူ့မျက်ကွယ်တွင် မည်သို့မည်ပုံမှ စိတ်မချနိုင်ပါ။ ပြောလို့မှမဆုံးသေး၊ ရေကန်နားရောက်တော့ ကောင်လေးကို မတွေ့ရ၍စိတ်ပူသွားပြန်သည်။ ထို့နောက်ရေကန်ဘက်ကိုတစ်ချက်ငဲ့ကြည့်သောအခါ ရင်ပူလောင်သွားသကဲ့သို့ပင်။

ခွန်နှောင်းရေနစ်နေပါသည်။

~~~~~~

ရေထဲမှ ဆွဲခေါ်လာသော ခွန်နှောင်းသည် ဖြူဖျော့စွာ ငြိမ်သက်နေလေသည်။ လှုပ်နှိုး၍လည်းမရ၊ ပါးကိုပုတ်ကာခေါ်သော်လည်း သတိမလည်လာ။

ဦးသာ ရင်တွေပူလှပါသည်။ မတတ်နိုင်။ နောက်ဆုံး ရွေးစရာနည်းလမ်းမရှိတော့သောအခါ ရှေးဦးသူနာပြုနည်းကို သုံးရတော့ပေမည်။ ဘေးတွင်ရှိနေသာ ဘွားဥမြေး ကျော်ကျော်ကိုလည်း ဂရုမစိုက်နိုင်တော့။

လေကို တစ်ဝ ရှူရှိုက်ကာ ခွန်နှောင်း ပါးစပ်မှ တစ်ဆင့် အဆုတ်ထဲရောက်စေရန် ဦးသာ ပြုလုပ်ရတော့သည်။ ကျော်ကျော်ကဖြင့် မျက်လုံးပြူးတော့သည်။

မည်သူနှင့်မှ အသားထိဖို့မပြောနှင့်၊ စကားတောင် လေပေးဖြောင့်အောင်မပြောတတ်သော စော်ဘွားငယ်သည်။ ခွန်နှောင်းနှင့် အကြင်နာပေး..

ဘုရား ဘုရား။

အသက်ကယ်နည်းကို သုံးခါမြောက်သုံးပြီးသောအခါ ခွန်နှောင်းပါးစပ်ထဲမှ ရေအချို့ ထွက်ကျလာလေသည်။ တော်သေး၍ ကောင်လေး၏မျက်လုံးများ ပြန်ပွင့်လာလေသည်။

"အဟွတ် အဟွတ် .. လူကြီး"

"ခွန်နှောင်းက ဆိုးလေစ၊ အကျွန်မည်မျှ စိတ်ပူသွားတယ် ထင်ရော့"

စိတ်ဆိုးသဖြင့်အော်သံအနည်းငယ်စွက်သွားသော ဦးသာ၏ အသံသည် ခွန်နှောင်း မြင်လွှာ၌ အရည်ကြည်တချို့ကို ရစ်သိုင်းဖွဲ့စေသည်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now