(Unicode)
တောင်ကြီးမီးပုံပျံပွဲ။
ရှုပ်ထွေးနေသောလူများအကြားတွင် ခြုံပုဝါကို သေချာပြန်ဆွဲရင်း ပါလာသောသူငယ်ချင်းများကို ကြည့်လိုက် ပွဲခင်းထဲကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသူမှာ ရန်ကုန်သူ မနှင်းဆီ ခေါ် ရိုစ့်။
"ဟော့ဒီမှာ ခေါပုတ်ကင်တွေရရော့မယ်ဟေ့၊ ခုကင် ခုချ ပူသလောဝေ့"
စျေးခေါ်နေသော စျေးသည်ကို ခေတ္တမျှကြည့်ရင်း ပြန်လှည့်မည်ပြုသည့်အခိုက်..
"ခေါပုတ်ကင်တစ်ပွဲပေးပါ"
အသံကြည်ကြည်လေးက ချစ်စရာကောင်းစွာ ယောကျ်ားပီသမှုအနည်းငယ်ရောယှက်လျက် နားထဲသို့ဖြတ်ကာစီးဝင်သည်။ လှည့်ကာကြည့်လိုက်မိတော့ ဖြူဥဥအသားအရည်ဖြင့် ကြည်စင်လှသော ယောကျ်ားသားက မှိုင်းမှောင်နေသော ညချမ်းအချိန်တွင် လင်းလက်နေသည့် ကြယ်ကလေးနှယ်။
မိုင်းပွန်အရှိန်အဝါကြီးအိမ်တစ်အိမ်မှ အမျိုးကောင်းသား အငွေ့အသက်မျိုးရနေသည်မို့ သေချာလိုက်ကြည့်ကာမှသာ ဆံလုံးလေးက ပျောက်ကွယ်သွားပြန်ပါသည်။ ထိုအချိန်မှ စ၍ ဆံလုံးလေးအား သူမရင်ထဲသို့ ထည့်ကာ သိမ်းဆည်းထားမိပါ၏။
~~~~~~~
ဆံလုံးလေးက ဦးသာတို့အိမ်မှ ကောင်လေးဖြစ်နေသောအခါ မိဘတို့ကိုပြော၍ ရန်ကုန်ခေါ်သွားရန် စဉ်းစားမိသေးကြောင်း ရိုစ့် ဝန်ခံရပေမည်။ အိမ်ပေါက်ဝတွင် စောင့်နေသော၊ မီးဖိုချောင်တွင် ချက်ပြုတ်ခဲ့ရသဖြင့် အေးစိမ့်သောဒေသရောက်နေသည့်တိုင် နဖူးတွင် ကပ်ညိနေသော ချွေးဆိုဆံစတို့ဖြင့် ချစ်ဖွယ်ကောင်းလွန်းသော ထိုဆံလုံးလေး ခွန်နှောင်းကို သူမ ကရုဏာ ချစ်ခြင်းတရားတို့ ပို၍ ရစ်ပတ်နေမိပါသေးသည်။သို့သော် ..
သူမ မမြင်နိုင်ခဲ့သော တစ်ဖက်ခြမ်းတွင် အဆိုပါ ကောင်ငယ်လေးက ဦးသာ၏ ရင်နှစ်သည်းညှာလေးဖြစ်ကြောင်း ဘွားဥဆီကယူလာသော သံပုရာရည်အား ဦးသာအခန်းထဲပို့ပေးရင်း အခန်းတံခါးဝမှနေ၍ သိရှိခဲ့ရသည်။ ရှက်ဖို့ကောင်းလိုက်သည့်ဖြစ်ချင်း။
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?