(Unicode)
"အနေအထိုင်ဆင်ခြင်စမ်းရော့ ခွန်နှောင်းရယ်"
"ကျွန်တော်မှ ဘာမှမလုပ်တာ၊ သူ့ဟာသူရောက်လာပြီး ရေပက်လိုက်တာလေ၊ ချော်လဲတာကျတော့မထူပေးလို့ကောင်းမလား"
ဦးသာက သူ့အခန်းထဲရောက်သည်နှင့်ဆူလေတော့ ခွန်နှောင်းက ဝသီအတိုင်း ပွစိပွစိဖြင့်ပြန်ပြောလေသည်။
"စိတ်မချရော့ဘူးကွယ်"
"အူပုတ်အူတိုမနေပါနဲ့၊ ကျွန်တော်က လူကြီးကိုပဲချစ်တာလေ သိရဲ့သားနဲ့၊ အမရို့စ်ကသာ လူကြီးကိုပရောပရီလုပ်ရင် ဘယ်လိုလုပ်မလဲ"
"အူပုတ်အူတိုတာကဘာအဓိပ္ပာယ်ဖြစ်ရော့လဲ"
"အင်း နေဦး စဉ်းစားလိုက်ဦးမယ်"
ဦးသာ၏အခန်းထဲရှိ ကြိမ်ကုလားထိုင်နားက စားပွဲပုလေးပေါ်တွင်ထင်ထားသော ရေနွေးကြမ်းခွက်လေးကို ခွန်နှောင်းကယူသောက်သည်။ ထို့နောက် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်သည်။
ကြောင်ကလေးသဖွယ်။ ပီဘိ ကလေးငယ်လေးနှယ်။ အပြုအမူတစ်ခုချင်းစီက ချစ်မြတ်နိုးဖွယ်ရာ။
"အာသိပြီ သဝန်ကြောင်တာဆိုလား"
"အော် နားလည်ပြီရော့လေ"
"လက်ဖက်သုပ်စားချင်လာပြီ၊ ရေနွေးသောက်ရင်း လက်ဖက်စား၊ ကောင်းမှကောင်း"
"ဘွားဥကိုလုပ်ပေးဖို့ပြောလိုက်ရော့မယ်၊ ပြီးတော့ ခွန်နှောင်း အကျွန်ပြောတာ စိတ်ထဲထားလေရော့"
"အင်းပါ အမ ရို့စ်နားမကပ်ဘူး ဟုတ်ပြီလား"
"လိမ္မာရော့တယ်"
ဒေါက်...ဒေါက်...ဒေါက်...။
တံခါးခေါက်သံက အချိန်ကိုက်စွာ ပေါက်ထွက်လာတော့ ဦးသာလက်က ခွန်နှောင်း၏ပါးပြင်နုနုဆီသို့မရောက်လိုက်ပါ။
"စော်ဘွားငယ် အကျွန်ုပ် ကျော်ကျော်ပါ၊ ဖုန်းလာရော့တယ်၊ စော်ဘွားကြီးကတော်ဖြစ်လေစ"
ခွန်နှောင်း၏ မျက်ဝန်းတို့က အဝိုင်းသား ဦးသာကို ဦးလှန်မော့ကြည့်သည်။ ဦးသာလည်း တောင့်ကနဲ။ ကံကြမ္မာသည် ဦးသာအပေါ် ဘယ်သောအခါကမှ မျက်နှာသာ မပေးခဲ့ရိုး အမှန်။
YOU ARE READING
နှောင်းဦးသက်လည်တည်စေအံ့
Fantasyလက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?