၂၉

24.2K 3K 30
                                    

(Unicode)

မြူခိုးများ ငွေ့ဆိုင်းထူထပ်နေသော နေရာများသို့ရောက်လျှင် ခွန်နှောင်းသည် အလွန်ပင် ကြောက်တတ်နေလေပြီ။

~~~~~~~~

"မှတ်ဉာဏ်ဆုံးတယ်သာ ပြောရော့တယ်၊ နာမည်တော့ ကျန်လေစ"

"အာ နာမည်ကတော့ သိတာပေါ့ဗျ၊ ပြောရင်းနဲ့တောင် ခေါင်းကိုက်လာပြီ"

~~~~~~~

"တောင်ဘက်စျေးကို သွားစမ်းပါလေ့ စိုင်းနောင်၊ ဝက်သားချဉ်များ ဝယ်လာလေရော့၊ ကျုပ်ဖြင့် နားငြီးလှပြီ"

"လူကြီးနော် မစားဖူးလို့သာ ပြောနေတာ၊ စားများစားဖူးရင် ဆွေမျိုးမေ့သွားမှာ"

~~~~~~~

"ဟဝ်းဟတ်ဆူ"

"အဲ့ဒါဘာပြောတာလဲ"

"ဟဝ်းဟတ်ဆူလို့၊ သိချင်ရော့ရင် ကျန်သူများ မေးရော့၊ လာစ ..မျက်နှာသစ်ရမယ်"

~~~~~~~

"လူကြီး"

"ပြောလေစ"

"အကယ်၍လေ ကျွန်တော်က ကျွန်တော်နေရာကို ပြန်ရမယ်ဆိုရင် လူကြီးဘယ်လိုလုပ်မလဲ"

"နောက်ကလိုက်ခဲ့ရော့မယ်"

~~~~~~

"မ ..မလုပ်ရဘူးလေ ခွန်နှောင်းရယ်၊ အကျွန်ကို ..အကျွန့်ကို မထားရစ်ခဲ့ပါနဲ့"

"ကျော်ကျော်ကပြောပြခဲ့ဖူးတယ်၊ ဟဝ်းဟတ်ဆူဆိုတာ ချစ်တယ်တဲ့၊ အဲ့တုန်းက လူကြီးကို ပြန်မပြောခဲ့မိဘူးထင်ပါရဲ့"

"ဟဝ်း .. ဟတ် .. ဆူ ..စဝ်စံဦးသာ"

~~~~~~~~

"ညီလေး ထလို့ ရပြီ၊ ညီလေး"

မျက်လုံး ပြန်ဖွင့်တော့ ဆေးရုံပန်ကာက ခေါင်းပေါ်၌ လည်နေပါ၏။ နားထဲတွင်လည်း စဝ်စံဦးသာနှင့် သျှန်ခွန်နှောင်းတို့၏ အသံများက တဝဲလည်လည်။

"အိပ်မက်မဟုတ်ဘူး ထင်ပါရဲ့"

စိတ်ပညာရှင် ဆရာဝန်အကိုက ခွန်နှောင်းဆီသို့ ရေတစ်ခွက် ကမ်းပေးရင်း ဘေးတွင်ထိုင်ကာ ကြည့်နေလေသည်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now