ရွှန်းရဲ့ပထမဆုံးficလေးကိုဖတ်ပေးအတွက်ကျေးဇူးတင်ပါတယ်။အမှားတွေရှိရင်ခွင့်လွှတ်ပါ😊😊
သာယာတဲ့မနက်ခင်းလေး၁ခုအစပြုချိန်။ကျွန်တော့်ဘဝရဲ့ရှေ့ရေးအတွက်ပထမဆုံးခြေလှမ်းစတင်မဲ့နေ့လေးပေါ့။အယ့်လိုပြောလို့ဘာလဲဆိုပြီးစိတ်ဝင်စားနေတယ်မလား...တကယ်တော့ဘာရယ်မှတော့မဟုတ်ပါဘူးကျွန်တော်ဒီနေ့တက္ကသိုလ်စတက်ရမှာလေ။အယ့်တော့အရမ်းပျော်နေတယ်။တက်ကြွနေတာပေါ့။ကျွန်တော့်သက်တမ်းတစ်လျှောက်ကိုယ့်အသိစိတ်နဲ့ကိုယ်ထပြီးပထမဆုံးစောစောစီးစီးအဆင်သင့်ဖြစ်နေပြီလေ......
"Caz your amazing Just the way you are....🎼🎼 phone ringtone"
ဖုန်းသံကြောင့်ကြည့်လိုက်တော့ထင်တဲ့တိုင်းပဲကျွန်တော့်ရဲ့ငယ်ပေါင်း၂ယောက်နေလင်းနဲ့မိုးရိပ်ခြယ်..
"ဟယ်လိုဝိုင်းနင်မပြီးသေးဘူးလားငါတို့နင့်တိုက်အောက်ရောက်နေပြီ။မြန်မြန်လာဟာနင်ကလေအမြဲနောက်ကျနေတာပဲ။"ဖုန်းထဲမှမိုး၏အသံဆာဆာလေးထွက်လာလေသည်။
"အေးပါအမတော်ရယ်လာပါပြီ"
ကဲကျွန်တော်ဒီလောက်စောပြီးတာတောင်သူတို့ကနောက်ကျတယ်ဆိုတော့ဒီနှစ်ယောက်ဘယ်လောက်တောင်တက်ကြွနေလဲမသိဘူးဗျာ
"ဟဲ့မိုးဖုန်းပေးစမ်းဟာ..ဟေ့ယျောင်ဆင်းခဲ့တော့ကွာမင်းကလည်းဒီနေ့စော်ချောချောလေးတေကိုစောစောသွားပြီးငမ်းပါမယ်ဆိုမှပဲမင်းလုပ်လို့နောက်ကျပြီမြန်မြန်လာကွာ...တီ..တီ..တီ..."ပြောချင်ရာပြောပြီးချသွားသောဖုန်းလေး....
ဟောဗျာကျွန်တော်တောင်ဘာမှမပြာလိုက်ရဘူးဒင်းတို့ကပြောချင်ရာပြောပြီးချသွားပြီး။ဒါပေမဲ့လည်းစိတ်မဆိုးပါဘူးသူတို့ကကျွန်တော့်ဘဝရဲ့ဆည်းလည်းလေးတွေလေ။ဖေဖေမေမေရယ်မမရယ်ပြီးရင်သူတို့ကကျွန်တော့်အချစ်ဆုံးတွေပါ..
ကဲ..ကျွန်တော်တို့ဘဝရဲ့ပထဆုံးခြေလှမ်းစတင်ပြီလေ.....ကျွန်တော်တို့သူငယ်ချင်းသုံးယောက်ကလေငယ်ငယ်ထဲကပေါင်းလာကြတာဗျ။သူငယ်ချင်းထက်မောင်နှမတွေဆိုပိုမှန်တာပေါ့။
မိုးရိပ်တို့ကချမ်းသာတယ်သူ့အဖေကနာမည်ကြီးtour တွေအများကြီးပိုင်တယ်လေ။မိုးရိပ်ကချမ်းသာပေမဲ့မချေဘူးဗျအကုန်လုံးနဲ့တည့်အောင်ပေါင်းတယ်အကုန်လုံးနဲ့ခင်တယ်။သူကလေအရမ်းတည်ငြိမ်ပြီးလူကြီးဆန်တယ်။မျက်လုံးဝိုင်းဝိုင်းမျက်ခုံးတန်းတန်းရှည်ရှည်လေးနဲ့မျက်နှာသွယ်သွယ်လေးနဲ့bodyကလည်းတော်တော်လေးလှတယ်ဗျ။အရမ်းကြီးလှတဲ့ထဲမပါပေမဲ့ကြည့်ရဆိုးတဲ့ထဲလည်းမပါဘူးဗျ
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...