ဒေါက်တာအခန်းထဲကထွက်လာသောအခါကျွန်တော့်ဒေါက်တာကိုမျှော်လင့်တကြီးကြည့်မိသည်။သတင်းကောင်းဖြစ်မယ်ထင်ပါရဲ့ဒေါက်တာကကျွန်တော့်ကိုပြုံးပြကာအခန်းထဲဝင်သွားလိုက်ဆိုသောပုံဖြင့်မေးဆက်ပြသည်။.....အခန်းထဲသို့ဝင်သွားသောအခါကျွန်တော့်အားကြည့်နေသောရင်းနှီးနေသည့်မျက်လုံးလေး၁စုံ...ထိုမျက်လုံးလေးသည်ကျွန်တော့်အား အားကိုးတကြီးကြည့်နေရှာသည်။ကျွန်တော့်လမင်းလေးနိုးလာခဲ့ပြီ..ကျွန်တော့်ဆီပြန်လာခဲ့ပြီ...ကလေးရယ်ပင်ပန်းသွားရပြီ...
ကျွန်တော်ထိုကောင်လေးဆီအပြေးသွားကာနဖူးလေးကိုဖွဖွလေးနမ်းမိသည်....ထိုအခါသိသာစွာတွန့်ကွေးသွားသောမျက်ခုံးလေးနှစ်ဖက်....
ဟင်....ဘာလို့လဲဝိုင်းရယ်...ကို့ကိုမုန်းသွားပြီလား....ကို့ကိုခွင့်မလွှတ်နိုင်တော့ဘူးလား....ကျွန်တော်စိတ်ထဲတွင်သာမေးနေမိသည်။....
ထို့နောက်ကလေးငယ်သည်ဆေးရှိန်ကြောင့်ပြန်လည်အိပ်ပျော်သွားခဲ့သည်.....
မိုးလင်းသော်ဝိုင်းဖေဖေမေမေနှင့်မမပြီးတော့မိုးနဲ့အလင်းတို့လည်းရောက်လာကြသည်။....ကလေးငယ်လေးသည်သူ့မိသားစုလေးကိုမြင်သောအခါပါးမို့မို့လေးများဖောင်းတက်သွားသည်အထိပြုံးနေလေရဲ့။
ကျွန်တော်ဘေးတွင်ရပ်နေကာငေးကြည့်နေမိသည်...စိုးရိမ်လိုက်ရတာဝိုင်းလေးရယ်...အယ့်အပြုံးလေးတွေထပ်မမြင်ရတော့မှာသိပ်ကြောက်နေခဲ့တာ....မြတ်နိုးလိုက်တာကွာ....
"မေမေ..ရေ..ပေးပါ"
ဝိုင်းလေးစကားပြန်စပြောသည်...ချစ်စရာအသံလေးလည်းပြန်ကြားရပြီ...ကိုသိပ်ပျော်တာပဲကွာ...
ရေသောက်ပြီးသောအခါကျွန်တော့်ဘက်လှည့်ကာ
"ခဗျား....ဘယ်သူလဲ...ဘာလို့မနေ့ညကကျွန်တော့ကိုနမ်းတာလဲ..."တဲ့သူမေးလိုက်တဲ့မေးခွန်းလေးကရှင်းရှင်းလေးပါ...ဘယ်သူလဲတဲ့၊ဘာလို့သူ့ကိုနမ်းတာလဲတဲ့...အယ့်မေးခွန်းလေးနှစ်ခွန်းကကျွန်တော့်ရင်ကိုဓါးနဲ့မွှေလိုက်သလိုပင်....ဝိုင်းကကျွန်တော့်ကိုမမှတ်မိဘူးပဲ...ဟုတ်ပါတယ်ကျွန်တော်လိုကောင်ကလည်းမေ့သင့်ပါတယ်....ကလေးရယ်မင်းအတွက်ဒဏ်ရာတွေပဲပေးတဲ့ကိုယ့်ကိုပြန်မမှတ်မိပါနဲ့တော့ကွာ...မင်းရဲ့မှတ်ဥာဏ်အသစ်မှာကိုယ်ကပဲပိုချစ်ရသူဖြစ်ပါစေကွာ....
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...