💟Part7💟

9.9K 642 3
                                    

ကျွန်တော်တို့ရဲ့မင်ဂလာရက်​လေးကိုသတ်မှတ်ပြီးပြီ။ကျွန်တော်တို့ရဲ့​ပေါင်းစည်းခြင်းကဒီနိုင်ငံကလူ​တွေအတွက်ဆိုအထူးအဆန်း​​ပြောစရာဖြစ်​နေသည်မို့ကျွန်တော်တို့မိသားစုဝင်များနှင့်ရင်းနှီး​သောသူငယ်ချင်းများနှင့်သာအကျဥ်းချုံးလုပ်ဖို့တိုင်ပင်ထားကြသည်။ကျွန်တော်နှင့်ကိုရှိန်းက​တော့ယခင်က​လောက်ရင်းရင်းနှီးနှီးမရှိ​တော့သလိုပင်။အလုပ်​တွေရှုပ်​နေလို့မ​တွေ့ဖြစ်ကြလို့ထင်ပါရဲ့။မမလည်းမနက်ဖြန်​ရောက်မည်။မမ​ရောက်ပြီး၂ရက်အကြာတွင်ကျွန်တော်တို့မင်ဂလာ​ဆောင်မည်။မမကအလုပ်ကခွင့်နှင့်လာရသည်မို့ကြာကြာမ​နေနိုင်​သော​ကြောင့်မင်ဂလာပွဲကိုမြန်မြန်လုပ်​စေချင်သည်။ကျွန်တော့်ဘဝ၏အ​ရေးကြီးဆုံး​နေ့​လေးတွင်ကျွန်တော်ချစ်ရသူ​တွေအကုန်ရှိ​နေ​စေချင်သည်။ကိုရှိန်းသည်ကျွန်တော်နှင့်လက်ထပ်မည်သာ​ပြောတာကျွန်တော့်ကိုချစ်တယ်လို့၁ခါမှ​တော့မ​ပြောဘူး​သေးပါ။

"​ဟေ့​ယျောင်ရှိန်း...မင်းတကယ်​သေချာလား..မင်းကလဲ့စား​ချေချင်တာနဲ့ပဲအယ့်​လောက်ထိလုပ်ဖို့လိုလို့လားကွာ...စဥ်းစားပါအုံး....ခုဟာကမင်းဘဝ၁ခုလုံးနဲ့ဆိုင်တာ​နော်.."

"ဟား..ဟား..ဒါငါ့ဘဝ၁ခုလုံးမဟုတ်ဘူး..ငါသူ့ကိုမလို​တော့ရင်ငါ့ဘဝထဲကအချိန်မ​ရွေးကန်ထုတ်လိုက်လို့ရတယ်..တကယ်ဆိုငါအများကြီးသက်ညှာ​ပေးထားတာ...ငါ့မှာကအ​မေ၁​ယောက်လုံး​တောင်ဆုံးရှုံးထားရတာ​လေ...အယ့်​တော့ဟိုမိန်းမကိုလည်းသူ့ဘဝအတွက်အ​ရေးကြီးတဲ့လူ၁​ယောက်ကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကဘာဆိုတာ​သေချာပြန်ပြ​ပေးရမှာပေါ့...သူတို့ဘဝ​တွေကိုရှင်လျက်နဲ့​သေ​အောင်သတ်​ပေးရမာ​ပေါ့...ငါ့ခံစားချက်​တွေကိုမင်းနားအလည်ဆုံးပါမင်း​နောင်...ငါ့ကိုမတားပါနဲ့"

ရှိန်းဘယ်​လောက်ထိခံစားခဲ့ရမှန်းကျွန်တော်သိ​သော​ကြောင့်ကျွန်တော်လည်းရှိန်းကိုမတားရက်ပါ။မ​ကောင်းမှန်းသိ​ပေမဲ့လည်းကျွန်တော်ကြည့်​နေရုံသာတက်နိုင်ခဲ့သည်။သို့​ပေမဲ့ကျွန်တော့်ခ​လေး​လေးသာသိရင်ကျွန်တော့်ကိုဘယ်လိုအပြစ်​ပေးမလဲမသိပါ။ရှိန်းဆိုသည်မှာကျွန်တော်အချစ်ရဆုံးသူငယ်ချင်းဖြစ်သလိုဝိုင်းကလဲကျွန်တော့်ခ​လေး​လေးရဲ့အချစ်ရဆုံးသူငယ်ချင်းမလား။မတက်နိုင်​တော့ဘူးဗျာ​နောင်လာမည့်ပြသနာကို​နောက်မှပဲကြည့်ရှင်းရ​တော့မည်။ယခုချိန်မှာ​တော့ရှိန်း၏ရင်ထဲကမီး​တောက်ကိုသာအရင်အရှိန်​လျော့ရမည်။ထိုသို​လျော့ရန်မှာဝိုင်းလမင်းသာလျှင်လုပ်နိုင်လိမ့်မည်။ရှိန်းရဲ့မသိစိတ်ထဲမှာဝိုင်းရှိ​နေလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။

🖤အငြိုး၏​နောက်ကွယ်🖤(Completed)Where stories live. Discover now