ကျွန်တော်မမကိုအတည်ပြုထပ်မေးခဲ့သည်
"မမတကယ်ပဲအပြစ်လုပ်ခဲ့တယ်ပေါ့"
မမကငိုလျက်ခေါင်းငြိမ့်ပြသည်
"ဘာလို့လဲ..ဘာကြောင့်လဲ..ကောင်းပြီမမတကယ်အပြစ်လုပ်ခဲ့တယ်ဆိုရင်အယ့်အပြစ်အတွက်ပြစ်ဒဏ်ခံရမယ်...."
ကျွန်တော့်ဘဝတွင်မမကိုထိုသို့ပြောရမည်ဟုဘယ်တုန်းကမှမထင်ခဲ့ပါ။ဟင့်အင်းစိတ်တောင်မကူးဘူးပါ။သို့သော်သူတို့နှစ်ယောက်စကားအရကျွန်တော့်အမကြောင့်ကျွန်တော်ချစ်ရသူ၏တန်ဖိုးထားရသူ၁ဦးကိုဆုံးရှုံးခဲ့သည်။ထိုအမှန်တရားသည်ကျတော့အတွက်ဓါး၁လက်ဖြစ်ခဲ့သည့်။သို့သော်ကျွန်တော့အမကိုယ်တိုင်လည်းသူ့အမှားကိုလက်ခံသည်မို့ကျွန်တော်တို့အဖို့အမှားကိုပြန်ပေးဆပ်ရန်သာရှိသည်။
"ကိုရှိန်းကို၁ခုမေးပါရစေ..ကျွန်တော့်ကိုလက်ထပ်ရရင်ကိုရှိန်းရဲ့ရင်ထဲကအမျက်တွေပြေနိုင်မှာလား"
"ဘယ်ဟုတ်မလဲအယ့်လောက်လွယ်လွယ်နဲ့တော့ဘယ်ရမလဲ..မင်းကိုလက်ထပ်ပြီးငါကမင်းဘဝကိုသတ်ချင်သေးတာ..ဖြည်း..ဖြည်း..ချင်း..လေ...မင်းကရှင်လျက်နဲ့သေနေသလိုရှင်သန်နေရတာကိုမင်းအမကဘာမှမလုပ်ပေးနိုင်ဘဲထိုင်ကြည့်နေရုံသာတက်နိုင်တဲ့အဖြစ်မျိုးလိုချင်တာ..အယ့်တာဆိုရင်တော့ငါ့နာကျည်းမှုတွေကနဲနဲတော့လျော့သွားမယ်ထင်တယ်...မင်းမှာငါ့ကိုငြင်းပိုင်ခွင့်လည်းမရှိပါဘူး...ငါနဲ့လက်ထပ်ပြီးတာနဲ့မင်းဘဝကငါစီမံတဲ့အတိုင်းပဲဖြစ်ရမယ်...ဪ..ပြီးတော့မင်းငါ့ကိုခုမှလက်မထပ်လို့မရဘူးနော်..ဘာလို့ဆိုမင်းလက်မခံလည်းငါကအတင်းသိမ်းပိုက်မှာမို့လို့..ဟက်..ဟက်..ငါခန်းမထဲမှာစောင့်နေမယ်...မင်းတို့မိဘတွေကိုစိတ်မပူစေချင်ရင်စေချင်ရင်မင်းမျက်နှာကိုပြင်ပြီးလာခဲ့"
"ကျွန်တော်သေချာပေါက်လာခဲ့မှာပါ..."
ကိုရှိန်းထွက်သွားပြီးနောက်သူ့အားလာဖက်သောမမ
"ဝိုင်းရယ်မမတောင်းပန်ပါတယ်..ဝိုင်းရယ်...မမတို့လေထွက်ပြေးရအောင်လေနော်..မမဝိုင်းကိုမထိခိုက်စေချင်ဘူး...နော်..ဝိုင်းနော်..မမ..မမ.."
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...