ကျွန်တော်ကိုရှိန်းနားတွင်နေဖို့၂ပတ်လောက်သာအများဆုံးအချိန်ရတော့သည်။ရောဂါလက္ခဏာတွေကအချိန်ကြာလာသည်နှင့်အမျှပိုပိုဆိုးလာသည်မို့ကိုရှိန်းနားမှကျွန်တော်မြန်မြန်ထွက်သွားရန်ပြင်ဆင်ရမည်။ကျွန်တော်ဖေဖေ၊မေမေ၊မမ၊ပြီးတော့မိုးနဲ့အလင်းတို့ကိုလည်းကျွန်တော့ရဲ့မိုက်မဲတဲ့ဆုံးဖြတ်ချက်အတွက်တောင်းပန်ခဲ့ရဦးမည်။ကျွန်တော်ချစ်ရသူအတွက်ကျွန်တော့်နှလုံးသားတွေနာကျင်ရသလိုကျွန်တော့်အတွက်ကျွန်တော့်ကိုချစ်ရသူတွေ၏နှလုံးသားကိုကျွန်တော်နာကျင်စေရတော့မည်။သို့သော်ဒီအပြစ်သည်ဒီမျှနှင့်ပင်ကြေမည်ဆိုပါကကျွန်တော်ဒီဘဝကိုဒီလောက်နဲ့အဆုံးသတ်ရတာတန်ပါသည်။သူသာပျော်မယ်ဆိုသူသာခွင့်လွှတ်မယ်ဆိုကျွန်တော်သေရတာတန်ပါတယ်။ကျွန်တော်ကြောက်တာပေါ့...အရမ်းကိုပြောမပြတက်လောက်အောင်ကိုကြောက်တာပေါ့...ကျွန်တော်ချစ်တဲ့သူတွေကိုထားခဲ့ပြီးကျွန်တော်နဲ့မရင်းနှီးတဲ့သေဆုံးခြင်းဆိုတဲ့အမှောင်ထုကြီးထဲကိုသွားရမှာလေ..ဒါပေမဲ့လေအသက်ရှင်နေရပြီးတော့ချစ်ရသူရဲ့အမျက်ကိုတစ်သက်လုံးခံပြီးနာကျင်နေရမှာထက်စာရင်ဒါကတော်သေးတယ်မလား။ကျွန်တော်နဲ့အတူနေရတာသူလည်းတကယ်တော့မပျော်ပါဘူး...သူ့ရင်ထဲကအမုန်းကြောင့်သာသူကျွန်တော့်ကိုလက်ထပ်ခဲ့တာ။ကျွန်တော်မရှိတော့ရင်အားလုံးပြီးဆုံးသွားမှာပါ။
ကျွန်တော်ဖေဖေမေမေတို့ဆီသွားကာတူတူညအိပ်ခဲ့သည်။တစ်ခါမှထုတ်မပြောခဲ့ဖူးသည့်ချစ်တယ်ဆိုသောစကားကိုလည်းတွင်တွင်ပြောနေမိသည်။မမနှင့်လည်းလိုင်းပေါ်တွင်ညတိုင်းစကားပြောသည်။ကို့ထံခွင့်တောင်းပြီးမိုးနဲ့အလင်းကိုလည်းသွားတွေ့ခဲ့သည်။စကားတွေလည်းအများကြီးပြောဖြစ်ခဲ့ကြသည်။ကျွန်တော်နှုတ်ဆက်ဖို့ကျန်သည့်တစ်ဦးတည်းသောသူကကျွန်တော်ချစ်ရသူ...
ကျွန်တော်သူ့ကိုနှုတ်ဆက်ပြီးတာနဲ့သူမသိအောင်ကျွန်တော်ထွက်သွားမည်။သို့သော်ကျွန်တော်မသွားခင်သူ့ကိုကျွန်တော်ဘယ်လောက်ချစ်တယ်ဆိုတာရယ်သူနဲ့တူတူနေချင်တာရယ်၊သူကျွန်တော်တို့မောင်နှမကိုခွင့်လွှတ်ဖို့ရယ်ကိုဘယ်လိုပြောခဲ့ရမလဲ....အတန်ကြာစဥ်းစားပြီးနောက်ကျွန်တော်နည်းလမ်း၁ခုရခဲ့သည်။ကျွန်တော်ဗီဒီယိုလေး၁ခုရိုက်ပြီးmemory stickလေးထဲကူးပြီးကျွန်တော်သွားမဲ့နေ့မှာကို့အခန်းထဲမှာထားခဲ့မယ်...
အင်း..ဟုတ်တယ်အယ့်တာအကောင်းဆုံးပဲ.....
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...