"တူတူ..တူတူ.."
Alarmမြည်သံကြောင့်ဝိုင်းနိုးလာခဲ့သည်..
"ဝါး..."မျက်လုံးမပွင့်တပွင့်နှင့်နာရီကြည့်မိတော့၆နာရီသာရှိသေးသည်။အိပ်ချင်ပါသော်လည်းထရမည်..ရုံးနောက်ကျလျှင်အချိန်ပိုဆင်းရဦးမည်...မြန်မြန်လုပ်ရမည်...အိပ်ရာမှထကာရေမိုးချိုးပြီးပြန်ထွက်လာတော့နောက်ထပ်alarmသံတခုမြည်နေသည်။ဖုန်းကိုကြည့်မိတော့..ဪ..ငါမေ့နေတာပဲဒီနေ့ဆေးရုံရက်ချိန်းရှိသေးတယ်။ခုတလောအာရုံတွေများနေတာနဲ့ပဲဒါကိုတောင်သတိမရမိဘူး...ကိုရှိန်းကခွင့်ပြုပါ့မလား....ပြောကြည့်ရမှာပဲ.....တစ်ယောက်ထဲအတွေးစကားတွေပြောရင်းအောက်သို့ဆင်းလာလေသည်။အောက်သို့ရောက်သောအခါ၇နာရီခွဲသာရှိသေးသည်။ကိုရှိန်းနိုးလာသည်နှင့်ကြုံသည်မို့...
"အကို.."
"ဘာလဲ"
"ကျွန်တော်ပြောစရာရှိလို့ပါ.."
"ပြော.."
"ကျွန်တော်ဒီနေ့အပြန်သွားစရာလေးရှိလို့အိမ်ပြန်နောက်ကျမှာမို့လို့မေမေတို့အိမ်ပဲပြန်အိပ်လိုက်လို့ရမလား....."
"ဘာအရေးကြီးကိစ္စမို့လို့မင်းကအိမ်တောင်ပြန်မအိပ်နိုင်ရတာလဲ..."
"ဟို..."ကျွန်တော်ကိုရှိန်းကိုမပြောပြချင်ပါ။ကျွန်တော့်ကိုဝန်တခုလိုမြင်သွားမှာကိုကျွန်တော်ကြောက်သည်။ပြီးတော့ကိုရှိန်းသိသွားလျှင်မေမေတို့ကိုပြောလိုက်မှာကိုလည်းကြောက်သည်။
"ဟို..ကျွန်တော်က၁လ၁ခါဘုရားမှာသန့်ရှင်းရေးသွားလုပ်ပေးနေကြမို့လို့ပါ..အယ့်တာဒီနေ့သွားရမှာမို့လို့"
"ရပြီ..သွားတော့.."
"ဟုတ်"
ကျွန်တော့်အကြောင်းပြချက်သည်ယုံချင်စရာကောင်းမကောင်းတော့ကျွန်တော်မသိပါသို့သော်ကိုရှိန်းကိုမသိစေချင်တာပဲကျွန်တော်သိသည်။
ဒီနေ့အစောကြီးထွက်လာခဲ့သည်မို့ရုံးကိုအစောကြီးရောက်သည်...ကိုခန့်ကိုတော့အပြန်မှသာတူတူပြန်မည်ဟုပြောကာတောင်းပန်ထားရသည်။၈နာရီလောက်မှသာဝန်ထမ်းတွေရောက်လာကြသည်။ထိုအခါမှကျွန်တော်လည်းအပေါ်တက်လာခဲ့သည်။
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...